ဟိုမီယမ်

ဟိုမီယမ်သည် နူးညံ့ပျော့ပြောင်းပြီး ပုံသွင်းရလွယ်ကူသော တောက်ပသည့် ငွေရောင် သတ္တုတစ်မျိုးဖြစ်ပြီး လန်သန်နိုက်ဒ် (Lanthanide) အုပ်စုတွင် ပါဝင်သည်။ အင်္ဂလိပ်ဘာသာဖြင့် Holmium ဟုရေးသားပြီး ဓာတုဗေဒ သင်္ကေတမှာ Ho ဖြစ်သည်။ ၎င်းသတ္တုသည် အောက်စီဂျင်၊ ရေတို့နှင့် နှေးကွေးစွာ ဓာတ်ပြုနိုင်ပြီး အက်ဆစ်များတွင် ပျော်ဝင်နိုင်ပါသည်။ ၎င်းသည် အခန်းအပူချိန်ရှိ ခြောက်သွေ့သော လေထုတွင် ဓာတ်ပြုခြင်းမရှိပဲ တည်ငြိမ်ပါသည်။

ဟိုမီယမ်,  67Ho
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတဟိုမီယမ်, Ho
အသံထွက်/ˈhlmiəm/
HOHL-mee-əm
အဆင်းsilvery white
ဒြပ်စင်အလှည့်ကျဇယားရှိ ဟိုမီယမ်


Ho

Es
ဒိုင်စပရိုဆီယမ်ဟိုမီယမ်အာဘီယမ်
အက်တမ် အမှတ်စဉ် (Z)67
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (±) (Ar)164.93033(2)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f11 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 29, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1734 K (1461 °C, 2662 °F)
အရည်ဆူမှတ်2873 K (2600 °C, 4712 °F)
သိပ်သည်းမှု (အခန်းအပူချိန်)8.79 g/cm3
8.34 g/cm3
ဖျူးရှင်းအပူ17.0 kJ/mol
အငွေ့ပျံခြင်း အပူ251 kJ/mol
မိုလာ အပူအင်အား27.15 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1432 1584 (1775) (2040) (2410) (2964)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ3, 2, 1 (a base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.23
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 581.0 kJ/mol
2nd: 1140 kJ/mol
3rd: 2204 kJ/mol
အက်တောမစ် အချင်းဝက်empirical: 176 pm
ကိုဗေးလန့်အချင်းဝက်192±7 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ hexagonal close-packed (hcp)
အသံ၏အမြန်နှုန်း 2760 m/s (at 20 °C)
အပူ ပြန့်ကားမှုpoly: 11.2 µm/(m·K) (at r.t.)
အပူစီးကူးမှု16.2 W/(m·K)
လျှပ်စစ် ခုခံမှုpoly: 814 nΩ·m (at r.t.)
သံလိုက်ဓာတ်paramagnetic
Young's modulus64.8 GPa
Shear modulus26.3 GPa
Bulk modulus40.2 GPa
ပိုင်ဆွန် အချိုး0.231
Vickers hardness410–600 MPa
Brinell hardness500–1250 MPa
CAS Number7440-60-0
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုJacques-Louis Soret (၁၈၇၈)
Most stable isotopes of ဟိုမီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
163Ho syn 4570 y ε 0.003 163Dy
164Ho syn 29 min ε 0.987 164Dy
165Ho 100% is stable with 98 neutrons
166Ho syn 26.763 h β 1.855 166Er
167Ho syn 3.1 h β 1.007 167Er

အသုံးပြုခြင်း

ဟိုမီယမ်သတ္တုစပ်များကို စွမ်းအားအမြင့်ဆုံး သံလိုက်စက်ကွင်းများ ဖန်တီးရာတွင် Magnetic Flux Concentrator အဖြစ်အသုံးပြုကြသည်။ ၎င်းကို နျူးကလီးယား ဓာတ်ပေါင်းဖိုများ၌ Control Rods အပိုင်းတွင်လည်း အသုံးပြုကြသည်။ ဟိုမီယမ်အောက်ဆိုဒ်ကို ဓာတ်ငွေ့အဝါရောင်အဖြစ်လည်း အသုံးပြုသေးသည်။

ပတ်ဝန်းကျင်တွင် တွေ့ရှိရမှု

ဟိုမီယမ်သည် ရှားပါဒြပ်စင်များထဲတွင် ပိုမိုရှားပါးသော ဒြပ်စင်တစ်ခုဖြစ်သော်လည်း ငွေထက် အဆ ၂၀ ပိုမိုများပြားပါသည်။ တစ်ခြားသော ရှားပါးဒြပ်စင်များကဲ့သို့ပင် ဟိုမီယမ်ကို သီခြား လွတ်လပ်စွာ မတွေ့ရှိရပေ။ အလွန်ငယ်သော အစိတ်အပိုင်းအဖြစ် Monazite and Bastanasite သတ္တုရိုင်းများတွင် တွေ့ရှိရပါသည်။ အဓိက သတ္တုတွင်း နေရာများမှာ တရုတ်၊ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဩစတြေးလျ နိုင်ငံတို့ဖြစ်ကြသည်။ ထုတ်လုပ်ပြီး ဟိုမီယမ်ပမာဏမှာ တန်ပေါင်း ၄၀၀ ၀၀၀ ခန့်ဖြစ်ပြီး ကမ္ဘာ့ ဟိုမီယမ်ထုတ်လုပ်သန့်စင်မှု နှုန်းမှာ တစ်နှစ်လျှင် ၁၀ ဖြစ်သည်။

ဟိုမီယမ်ပါဝင်သည့် သတ္တုရိုင်း

ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုများ

ဟိုမီယမ်သည် ဇီဝဗေဒ အခန်းကဏ္ဍတွင် ပါဝင်မှု မရှိပါ။ ၎င်းသည် လူ့ခန္ဓာကိုယ်အတွင်း ပါဝင်မှုပမာဏ အနည်းဆုံး ဒြပ်စင်များထဲမှ တစ်ခုဖြစ်သည်။ အစွမ်းနိမ့် အဆိပ်အတောက်ပမာဏရှိသော်လည်း လူ့ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးနိုင်မှုရှိကြောင်း သတ်မှတ်ထားကြသည်။

ပတ်ဝန်ကျင်သို့ အကျိုးသက်ရောက်မှု

ဟိုမီယမ်သည် အပင်များနှင့် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့်ထိခိုက်မှုမျှ မဖြစ်စေပါ။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.