ဒိုင်စပရိုဆီယမ်

ဒိုင်စပရိုဆီယမ် (အင်္ဂလိပ်: Dysprosium) သည် တောက်ပ သောငွေရောင် ရှိသည့် သတ္တုတစ်မျိုးဖြစ်သည်။ ဓာတုဗေဒ သင်္ကေတမှာ Dy ဖြစ်သည်။ ၎င်းသတ္တုသည် အောက်ဆီဂျင်နှင့် နှေးကွေးစွာ ဓာတ်ပြုနိုင်သော်လည်း အခန်းအပူချိန်ရှိ လေထုထဲတွင် ဓာတ်ပြုခြင်းမဖြစ်ပဲ တည်ငြိမ်နေတတ်ပါသည်။ ရေအေးနှင့် ဓာတ်ပြုပြီး အက်ဆစ်များ အတွင်း လျှင်မြန်စွာ ပျော်ဝင်သည်။ တောက်ပ၍ အရောင်များစွာရှိသော ဆားဖြစ်နိုင်သည်။ ဒိုင်စပရိုဆီယမ် (Dysprosium) ၏ ဝိသေသလက္ခဏာ များသည် ညစ်ညမ်းမှုများ အနေဖြင့် ပြင်းထန်စွာ သက်ရောက်စေနိုင်သည်။

ဒိုင်စပရိုဆီယမ်,  66Dy
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတဒိုင်စပရိုဆီယမ်, Dy
အသံထွက်/dɪsˈprziəm/
dis-PROH-zee-əm
အဆင်းsilvery white
ဒြပ်စင်အလှည့်ကျဇယားရှိ ဒိုင်စပရိုဆီယမ်


Dy

Cf
တာဘီယမ်ဒိုင်စပရိုဆီယမ်ဟိုမီယမ်
အက်တမ် အမှတ်စဉ် (Z)66
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (±) (Ar)162.500(1)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f10 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 28, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1680 K (1407 °C, 2565 °F)
အရည်ဆူမှတ်2840 K (2562 °C, 4653 °F)
သိပ်သည်းမှု (အခန်းအပူချိန်)8.540 g/cm3
8.37 g/cm3
ဖျူးရှင်းအပူ11.06 kJ/mol
အငွေ့ပျံခြင်း အပူ280 kJ/mol
မိုလာ အပူအင်အား27.7 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1378 1523 (1704) (1954) (2304) (2831)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ4, 3, 2, 1 (a weakly base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.22
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 573.0 kJ/mol
2nd: 1130 kJ/mol
3rd: 2200 kJ/mol
အက်တောမစ် အချင်းဝက်empirical: 178 pm
ကိုဗေးလန့်အချင်းဝက်192±7 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ hexagonal close-packed (hcp)
အသံ၏အမြန်နှုန်း 2710 m/s (at 20 °C)
အပူ ပြန့်ကားမှုα, poly: 9.9 µm/(m·K) (r.t.)
အပူစီးကူးမှု10.7 W/(m·K)
လျှပ်စစ် ခုခံမှုα, poly: 926 nΩ·m (r.t.)
သံလိုက်ဓာတ်paramagnetic at 300 K
သံလိုက် ထိတွေ့နိုင်မှု (χmol)+103,500·10−6 cm3/mol (293.2 K)[2]
Young's modulusα form: 61.4 GPa
Shear modulusα form: 24.7 GPa
Bulk modulusα form: 40.5 GPa
ပိုင်ဆွန် အချိုးα form: 0.247
Vickers hardness410–550 MPa
Brinell hardness500–1050 MPa
CAS Number7429-91-6
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုLecoq de Boisbaudran (1886)
Most stable isotopes of ဒိုင်စပရိုဆီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
154Dy syn 3.0×106 y α 2.947 150Gd
156Dy 0.056% is stable with 90 neutrons
158Dy 0.095% is stable with 92 neutrons
160Dy 2.329% is stable with 94 neutrons
161Dy 18.889% is stable with 95 neutrons
162Dy 25.475% is stable with 96 neutrons
163Dy 24.896% is stable with 97 neutrons
164Dy 28.260% is stable with 98 neutrons

အသုံပြုမှုများ

ဒိုင်စပရိုဆီယမ် (Dysprosium)ကို နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် အပူဒဏ်ခံနိုင်သော ကြွေထည်ပစ္စည်းများ နှင့် ပေါင်းစပ်ပြုရာတွင် လည်းကောင်း၊ အပူဒဏ် ခံနိုင်သော သတ္တု အဖြစ်လည်းကောင်း၊ လေဆာ ပစ္စည်းများ ပြုလုပ်ရာတွင်လည်းကောင်း၊ နျူကလီးယားဓာတ်ပေါင်းဖိုတွင် Control Rods အပိုင်းတွင် လည်းကောင်း၊ ဓာတုဗေဒ ဓာတ်ပြုခြင်းများ လေ့လာရာတွင် အနီအောက်ရောင်ခြည် ထုတ်ပေးသော အရင်းအမြစ် အဖြစ်လည်းကောင်း အသုံးပြုသည်။ အခြား အသုံးပြုမှု အနေဖြင့် ရေဒီယို သတ္တုကြွခြင်းအပိုင်းတွင် ရေဒီယို ဓာတ်ရောင်ခြည် ထိသင့်မှုကို တိုင်းတာသော Dosimeters များတွင်သုံးသည်။

အကူပစ္စည်းအဖြစ် အခြားသတ္တုများရောစပ်ရာတွင် ပါဝင်သည့် အရိုးရှင်းဆုံးသော ဒိုင်စပရိုဆီယမ် ဆာလဖိတ်

သဘာဝမှာတွေ့ရှိမှုအခြေအနေ

ဒိုင်စပရိုဆီယမ် (Dysprosium)သည် သံဖြူထက် နှစ်ဆ ပိုမို ပေါများသော Lanthanide ဒြပ်စင်များ ထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို များစွာသော သဘာဝသတ္တု အရင်းအမြစ် များတွင် တွေ့ရသော်လည်း သီခြား လွတ်လပ်စွာ မတွေ့ရှိရပါ။ Dy အဓိက ပါဝင်သော သတ္တုရိုင်းများမှာ Monazite နှင့် Bastnasite တို့ဖြစ်သည်။ ကမ္ဘာ့ Dy ထုတ်လုပ်သန့်စင်မှု နှုန်းမှာ တစ်နှစ်လျှင် တန် ၁၀၀ ခန့်ရှိသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ဒိုင်စပရိုဆီယမ် (Dysprosium)သည် ဇီဝဗေဒ အခန်းကဏ္ဍ တွင် ပါဝင်မှု မရှိပါ။ ပျော်ဝင် နိုင်သော ဒိုင်စပရိုဆီယမ် (Dysprosium) ဆားများသည် ခန္ဓာကိုယ်အတွင်း ရောက်ရှိပါက အနည်းငယ် အဆိပ်အတောက်ဖြစ်နိုင်သည်။ ပျော်ဝင်နိုင်ခြင်းမရှိသော ဆားများမှာမူ အဆိပ်အတောက် မရှိပါ။ အဆိပ်အတောက် သင့်မှု ပမာဏကို ကြွက်များတွင် စမ်းသပ်တွက်ချက်မှုအရ Dy ပမာဏ ၅၀၀ ဂရမ်နှင့် အထက်သည် လူတစ်ယောက်၏ အသက်ကို အန္တရာယ် ဖြစ်စေနိုင်သည်။

အရိုးရှင်းဆုံးသော ဒိုင်စပရိုဆီယမ်တစ်တုံး

ပတ်ဝန်းကျင်သက်ရောက်မှုများ

ဒိုင်စပရိုဆီယမ် (Dysprosium) သည် အပင်များနှင့် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.