ကာလီဖိုနီယမ်

ကယ်လီဖိုနီယမ် သည် အက်တီနိုက် (Actinide) အုပ်စုဝင် ရေဒီယို သတ္တိကြွ သတ္ထုတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် လေ၊ ရေနွေးငွေ့၊ အက်ဆစ်တို့နှင့်သာ အလွယ်တကူ ဓာတ်ပြုနိုင်ပြီး ဘေ့စ်နှင့် အလွယ်တကူ ဓာတ်မပြုနိုင်သောကြောင့် ၎င်းသည် ဓာတ်တိုး၊ ဓာတ်လျှော့ မလွယ်သော သတ္ထုဖြစ်ပါသည်။ ထို့ကြောင့် ၎င်းကို ယနေ့အချိန်ထိ သီးသန့်ပုံစံ အနေအထားဖြင့် မတွေ့ရသေးပါ။ ကယ်လီဖိုနီယမ်ကို ပတ်ဝန်းကျင်တွင် သဘာ၀ အနေအထားအရ တွေ့ရခြင်းမရှိပါ။ ယူရေနီယမ်သတ္ထု မှခြောက်ခုမြောက် ပြောင်းလဲလာသော ကာလီဖိုနီယမ်ကို ၁၉၅၀ ခုနှစ်တွင် ကယ်လီဖိုနီးယား တက္ကသိုလ်မှ သုတေသနပညာရှင်များ ဖြစ်ကြသော Stanley G. Thompson, Kenneth Street, Jr., Albert Ghiorso နှင့် Glenn T. Seaborg တို့က ခြောက်ဆယ်လက်မ ဘာကလေဆိုင်ကလိုထရွန်စက် (Berkeley 60-inch cyclotron) ဖြင့်ကျူရီယမ်[242Cm] ကို သုံးဆယ့်ငါး မီလီ အီလက်ထရွန်ဗို့ ရှိသော အာလ်ဖာ အမှုန်ဖြင့် ရိုက်ခြင်းအားဖြင့် ထုတ်ယူနိုင်ခဲ့ကြပါသည်။

ကာလီဖိုနီယမ်,  98Cf
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတကာလီဖိုနီယမ်, Cf
အသံထွက်/ˌkælɪˈfɔːrniəm/
KAL-i-FOR-nee-əm
အဆင်းငွေရောင်
ဒြပ်စင်အလှည့်ကျဇယားရှိ ကာလီဖိုနီယမ်
Dy

Cf

(Upb)
ဘာကီလီယမ်ကာလီဖိုနီယမ်အိုင်စ်တိုင်နီယမ်
အက်တမ် အမှတ်စဉ် (Z)98
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 7
ဒြပ်စင် ကဏ္ဍ  actinide
စံ အက်တောမစ် အလေးချိန် (Ar)(251)[1]
အီလက်ထရွန် ပြုပြင်မှု[Rn] 5f10 7s2[2]
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 28, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1173 K (900 °C, 1652 °F)[1]
အရည်ဆူမှတ်1743 K (1470 °C, 2678 °F) (estimation)[3]
သိပ်သည်းမှု (အခန်းအပူချိန်)15.1 g/cm3[1]
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ2, 3, 4[4]
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.3[5]
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 608 kJ/mol[6]
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ double hexagonal close-packed (dhcp)
Mohs hardness3–4[7]
CAS Number7440-71-3[1]
သမိုင်းကြောင်း
အမည်တပ်ခြင်းရှာဖွေတွေ့ရှိသည့် ကယ်လဖိုးနီးယားပြည်နယ်အား အစွဲပြု၍
ရှာဖွေတွေ့ရှိမှုLawrence Berkeley National Laboratory (1950)
Most stable isotopes of ကာလီဖိုနီယမ်[8][9]
iso NA သက်တမ်းဝက် DM DE (MeV) DP
248Cf syn 333.5 d α (100%) 6.369 244Cm
SF (2.9×10−3%) 0.0029
249Cf syn 351 y α (100%) 6.295 245Cm
SF (5.0×10−7%) 4.4×10−7
250Cf syn 13.08 y α (99.92%) 6.129 246Cm
SF (0.08%) 0.077
251Cf syn 898 y α 6.172 247Cm
252Cf syn 2.645 y α (96.91%) 6.217 248Cm
SF (3.09%)
253Cf syn 17.81 d β (99.69%) 0.29 253Es
α (0.31%) 6.126 249Cm
254Cf syn 60.5 d SF (99.69%)
α (0.31%) 5.930 250Cm

242Cm96 + 4He2 → 245Cf98 +1n0

ထိုသုတေသန ပညာရှင်များကပင် အမေရိကန်ပြည်ထောင်စုရှိ ကယ်လီဖိုနီးယား ပြည်နယ်နှင့် ကယ်လီဖိုနီးယား တက္ကသိုလ်ကို အစွဲပြု၍ ကယ်လီဖိုနီယမ် (Califonium-Cf)ဟု အမည် ပေးခဲ့ကြပါသည်။ ကယ်လီဖိုနီယမ်သည် ပျော်ရည်ထဲတွင်သာ အဖိုအိုင်ယန် [Cf (III) ] အနေဖြင့် တည်မြဲနိုင်သော်လည်း အခြားမည်သည့် အခြေနေတွင်မျှ တည်မြဲနိုင်ခြင်း မရှိပါ။ 249Cf သည် 249Bk ဘီတာ အမှုန်ထွက်ခြင်း [beta decay ] အားဖြင့် ဖြစ်ပေါ်လာပါသည်။ 249Cf ထက် လေးသော အသွင်ကွဲပုံစံများ [250Cf ၊ 251Cf ၊ 252Cf ] ကို ထုတ်လုပ်ရာတွင် 249Cf ကို နျူထရွန်ုရိုက်ခြင်းအားဖြင့် ထုတ်ယူပါသည်။ ကယ်လီဖိုနီယမ်ကို စမ်းသပ်ရာတွင် ၎င်း၏ ထုထည်ပမာဏ များများ သုံးမှသာလျှင် စမ်းသပ်နိုင်ပါသည်။ ကယ်လိဖိုနီယမ် ၂၅၂ [252Cf ] သည် အလွန်ပင် နျူထရွန်ထွက်အား ကောင်းလှပါသည်။ ၎င်း၏ပမာဏ တစ်မိုက်ခရို ဂရမ်လျှင်ပင် တစ်မိနစ်အတွင်း နျူထရွန် သန်းပေါင်း တစ်ရာ့ခုနစ်ဆယ် ထွက်နိုင်ပါသည်။ သက်ရှိများကို များစွာ ဒုက္ခပေးနိုင်သောကြောင့် ကယ်လီဖိုနီယမ်ကို ကိုင်တွယ်ရာတွင် လုံခြုံစိတ်ချရသော အကာကွယ် ပစ္စည်းများဖြင့် အထူးဂရုပြု ကိုင်တွယ် သင့်ပါသည်။

အသုံးပြုခြင်း

ကယ်လီဖိုနီယမ်သည် နျူထရွန်များစွာ ထုတ်ပေးနိုင်သောကြောင့် ၎င်းကို နေရာ ကျယ်ပြန့်စွာ အသုံးပြုကြပါသည်။ ရေနံတွင်းများ၌ ရေလွှာ၊ ဆီလွှာ စမ်းသပ်ရာတွင် အသုံးပြုပါသည်။ ရွှေ၊ ငွေ သတ္ထုများကို စွမ်းအင်မြှင့်ဓာတ်ခွဲစမ်းသပ်ရာ၌ သင့်တော်သော နျူထရွန်ရင်းမြစ်ပစ္စည်း အဖြစ်လည်း အသုံးပြုပါသည်။ O.R.N.L (Oak Ridge National Laboratory) အမေရိကန် အမျိုးသားဓာတ်ခွဲခန်းမှ တစ်မီလီဂရမ်လျှင် ဆယ်ဒေါ်လာတန် 252Cf ရောင်းရန်အတွက် ထုတ်လုပ်လျက် ရှိပါသည်။ ၁၉၆၅ ခုနစ် မေလတွင် ၆၃ မီလီဂရမ်ကျော်ကို ထုတ်လုပ် ရောင်းချနိုင်ခဲ့ပါသည်။ ကယ်လီဖိုနီယမ် ၂၅၂ ကို supernovae ခေါ် ကြပါသည်။ လင်းလက် တောက်ပခြင်းနှင့် တူသော ပေါက်ကွဲခြင်းဖြင့် ကယ်လီဖိုနီယမ်၂၅၂ရေဒီယိုသတ္တိကြွပြိုကွဲခြင်း ထုတ်ယူနိုင်လိမ့်မည်ဟု မျှော်လင့် ထားကြပါသည်။ ကယ်လီဖိုနီယမ်ကို ကင်ဆာရောဂါ ကုရာတွင်လည်း အသုံးပြုပါသည်။ ထို့အပြင် ကယ်လီဖိုနီယမ်ကို တွင်းထွက်ပစ္စည်း စမ်းသပ်ရာတွင် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာ စမ်းသပ် ကုသခြင်းများတွင် လည်းကောင်း အသုံးပြုကြပါသည်။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

ကယ်လီဖိုနီယမ်၂၅၂ သည် နျူထရွန်ထွက်အား အလွန် အားကောင်းပါသည်။ ကယ်လီဖိုနီ ယမ်သည် ရေဒီယို သတ္တိကြွအား အလွန်ကောင်းသည်။ သေးငယ်သော ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းပင်လျှင် လေထု၊ မြေဆီလွှာ၊ သမုဒ္ဒရာ၊ ပင်လယ်၊ သုံးစွဲရေ စသည်တို့မှ တဆင့် သက်ရှိ၊ သက်မဲ့ အားလုံးဆီသို့ပျံ့နှံ့ သွားနိုင်ပါသည်။ ထိုမှတဆင့် လူသားနှင့် အခြား သတ္တဝါအားလုံး ရေဒီယိုသတ္တိကြွ ဘေးဒုက္ခများ ခံစားကြရပါသည်။ ရေဒီယို သတ္တိကြွ ဆိုးကျိုးသည် ထိတွေ့သူ၏ ဘဝ တစ်လျှောက်လုံး သာမက သူ၏ နောက်နောင် မျိုးဆက်များ ထိအောင်ပင် ဆိုးကျိုးများ ခံစားရပါသည်။ ရေဒီယို သတ္တိကြွအား နိမ့်သည်ဖြစ်စေ ထိတွေ့ ပြီးသည့်နောက်တွင် ကင်ဆာရောဂါ ဖြစ်နိုင်ပါသည်။ ၎င်းသည် အထိခံထားရသူ တစ်ဦး တစ်ယောက်တည်း သာမဟုတ်ဘဲ နောက်နောင် မျိုးဆက်များထိအောင်ပင် ကင်ဆာရောဂါအမျိုးမျိုး၊ သွေးကင်ဆာ၊ ကြီးထွားမှုကို ရပ်တန့်စေခြင်း၊ ခြေလက်အင်္ဂါများ ပုံပျက်ပန်းပျက် ဖြစ်စေခြင်း၊ မျိုးဆက် ယူရန်အတွက် ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ထိုကဲ့သို့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ရခြင်းသည် ရေဒီယိုသတ္တိ အဖျားအနား ထိခြင်းကြောင့် ဖြစ်ရခြင်း သို့မဟုတ် သတ်မှတ် စံနှုန်းအထိ ထိရောက်ခြင်းကြောင့် ဖြစ်ရခြင်း ဆိုသည်ကို တိကျစွာ သက်သေ ပြနိုင်ခြင်း မရှိသေးပါ။ ထိုသို့ ကျန်းမာရေးဆိုင်ရာ ဘေးဒုက္ခ ဆိုးကျိုးများသည် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် သင့်ခြင်းကြောင့် ဟုသာ တွက်ချက် ယူဆနိုင်သော်လည်း ရေဒီယိုသတ္တိကြွမှု မဆိုးရွားစေရန်နှင့် ဆက်လက်မထိစေ နိုင်ရန်သာ လုပ်ဆောင်နိုင်ပါသည်။ ရေဒီယို သတ္တိကြွခြင်းသည် မျိုးဆက်ယူရန် အတွက် အလွန်ပင် အခက်အခဲ ဖြစ်စေနိုင်ပါသည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှု အခြေအနေ

ကယ်လီဖိုနီယမ် ၂၅၂ သည် နျူထရွန်ထွက်အား အလွန်ကောင်းသောကြောင့် ရေဒီယိုသတ္တိကြွမှု အလွန် အားကောင်းလှပါသည်။ ၎င်းရေဒီယို သတ္တိကြွမှုသည် လူသားမျိုးဆက်များကို သာမကပဲ အခြားသက်ရှိအားလုံး ကိုလည်း ကင်ဆာ ရောဂါအမျိုးမျိုး၊ သွေးကင်ဆာ၊ ကြီးထွားမှုကို ရပ်တန့်စေခြင်း၊ ခြေလက်အင်္ဂါများ ပုံစံပျက်စေခြင်း နှင့် မျိုးပွားမှုအတွက် ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ရေဒီယို သတ္တိကြွခြင်း၏ ဆိုးကျိုးများသည် အထိခံရသူ တစ်ဦး တစ်ယောက်တည်းသာ မဟုတ်ဘဲ ၎င်း၏ နောက်နောင် မျိုးဆက်များ အထိပင် ဒုက္ခ ဖြစ်စေနိုင်သည်။

ကိုးကား

  1. CRC 2006, p. 4.56.
  2. CRC 2006, p. 1.14.
  3. Joseph Jacob Katz; Glenn Theodore Seaborg; Lester R. Morss (1986)။ The Chemistry of the actinide elements။ Chapman and Hall။ p. 1038။ ISBN 978041227370411 July 2011 တွင် ပြန်စစ်ပြီး
  4. Greenwood & Earnshaw 1997, p. 1265.
  5. Emsley 1998, p. 50.
  6. CRC 2006, p. 10.204.
  7. CRC 1991, p. 254.
  8. CRC 2006, p. 11.196.
  9. NNDC contributors (2008)။ Sonzogni, Alejandro A. (Database Manager):Chart of Nuclides National Nuclear Data Center, Brookhaven National Laboratory။ 1 March 2010 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.