ဘာကီလီယမ်

ဘာကီလီယမ် (Berkelium) သည် ရေဒီယို သတ္တိကြွမှုရှိသော အက်တီနိုက်အုပ်စု (Actinides) ဝင် သတ္တုဖြစ်ပါသည်။ ငွေရောင်အဆင်းရှိပြီး များစွာသော ဒြပ်ပေါင်းများအဖြစ် ပေါင်းစပ်ပြုလုပ်နိုင်ပါသည်။ ၎င်းသည် အောက်ဆီဂျင်၊ ရေငွေ့ နှင့် အက်စစ်များတွင် ဝင်ရောက်ပေါင်းစပ်နိုင်ပြီး၊ အယ်လကာလီများထဲတွင် ဝင်ရောက်ပေါင်းစပ်ခြင်းမရှိပါ။ ဘာကီလီယမ်အား ကယ်လီဖိုးနီးယားပြည်နယ် (Berkeley) တွင် ဖေါ်ထုတ်ခဲ့ပြီးႇ၊ ယင်းကိုအစွဲပြုကာ ဘာကီလီယမ် ဟုခေါ်တွင်ခဲ့ခြင်းဖြစ်ပါသည်။

ဘာကီလီယမ်,  97Bk
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတဘာကီလီယမ်, Bk
အသံထွက်/bərˈkli.əm/; less commonly: /ˈbɜːrkli.əm/
bər-KEE-lee-əm; BERK-lee-əm
အဆင်းငွေရောင်
ဒြပ်စင်အလှည့်ကျဇယားရှိ ဘာကီလီယမ်
Tb

Bk

(Upu)
ကျူရီယမ်ဘာကီလီယမ်ကာလီဖိုနီယမ်
အက်တမ် အမှတ်စဉ် (Z)97
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 7
ဒြပ်စင် ကဏ္ဍ  actinide
စံ အက်တောမစ် အလေးချိန် (Ar)(247)
အီလက်ထရွန် ပြုပြင်မှု[Rn] 5f9 7s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 27, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်beta: 1259 K (986 °C, 1807 °F)
အရည်ဆူမှတ်beta: 2900 K (2627 °C, 4760 °F)
သိပ်သည်းမှု (အခန်းအပူချိန်)alpha: 14.78 g/cm3
beta: 13.25 g/cm3
ဖျူးရှင်းအပူ7.92 kJ/mol (calculated)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ2, 3, 4
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.3
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 601 kJ/mol
အက်တောမစ် အချင်းဝက်empirical: 170 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ double hexagonal close-packed (dhcp)
အပူစီးကူးမှု10 W/(m·K)
သံလိုက်ဓာတ်paramagnetic
CAS Number7440-40-6
သမိုင်းကြောင်း
အမည်တပ်ခြင်းရှာဖွေတွေ့ရှိခဲ့ရာ ကယ်လဖိုးနီးယားပြည်နယ် ဘာကလေမြို့အား အစွဲပြု၍
ရှာဖွေတွေ့ရှိမှုLawrence Berkeley National Laboratory] (1949)
Most stable isotopes of ဘာကီလီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
245Bk syn 4.94 d ε 0.810 245Cm
α 6.455 241Am
246Bk syn 1.8 d α 6.070 242Am
ε 1.350 246Cm
247Bk syn 1380 y α 5.889 243Am
248Bk syn >300 y[1] α 5.803 244Am
249Bk syn 330 d α 5.526 245Am
SF
β 0.125 249Cf

အက်တီနိုက်အုပ်စုတွင် ရှစ်ခုမြောက်ဒြပ်စင်ဖြစ်သော ဘာကီလီယမ်အား ၁၉၄၉ ခုနှစ် ဒီဇင်ဘာတွင် သိပ္ပံပညာရှင်များဖြစ်ကြသော Thompson, Albert Ghiorso , Glenn Seaborg တို့မှ ရှာဖွေတွေ့ရှိခဲ့ပါသည်။ မီလီဂရမ် အနည်းငယ်မျှသော 241Am နှင့် ဟီလီယမ် အိုင်းယွန်းတို့အား စိုက်ကလိုထရွန် (cyclotron) ရိုက်ခတ်ခြင်းအားဖြင့် ထုတ်လုပ်ခဲ့ပါသည်။ မူရင်းအိုင်ဆိုတုပ်မှာ243Bk ဖြစ်ပြီး သက်တမ်းဝက် ၄.၅ နာရီခန့်ရှိပါသည်။ ၎င်း၏ အိုင်ဆိုတုပ် ၁ဝမျိုးမှာ ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။ သက်တမ်းဝက် ၃၁၄ ရက် ရှိသော 249Bk ၏ သွင်ပြင် ဂုဏ်သတ္တိများကြောင့် ဘာကီလီယမ် အိုင်ဆိုတုပ်များအား ချိန်တွယ်နိုင်သော ပမာဏအထိ ကောင်းစွာရရှိစေပါသည်။ ထို့ကြောင့် ယင်းအိုင်ဆိုတုပ်များ၏ ဂုဏ်သတ္တိများအား ပိုမိုတိကျ များပြားစွာ သိရှိနိုင်ပါသည်။ သန့်စင်သော ဘာကီလီယမ်ဒြပ်ပေါင်း (ဘာကီလီယမ်ကလိုရိုဒ်) အား ၁၉၆၂ ခုနှစ်တွင် ထုတ်လုပ်နိုင်ခဲ့ပါသည်။

ဘာကီလီယမ်အား ငွေရောင် သတ္တုအသွင်ဟု ထင်ရသော်လည်း ၎င်းအားဒြပ်စင်အသွင်ဖြင့် မပြုလုပ်နိုင်ပေ။ အားပျော့သော သတ္တုအက်စစ်များတွင် ပျော်ဝင်နိုင်သည့်အပြင် လေ (သို့) အောက်ဆီဂျင်နှင့်လည်း မြင့်မားသောအပူချိန်တွင် အလွယ်တကူပေါင်းစပ် (ဓာတ်တိုး) နိုင်ပြီး အောက်ဆိုဒ် ကိုထုတ်လွှတ်သည်။ (၎င်း၏ အမျိုးမျိုးသော ဒြပ်ပေါင်းများအား ခွဲခြားရန်အတွက် X-ray diffraction method ကိုအသုံးပြုပါသည်။) အခြားသော အက်တီနိုက်ဒြပ်စင်များကဲ့သို့ပင် ဘာကီလီယမ်သည် အရိုးစုစနစ်တွင် သက်ရောက်မှုရှိနိုင်ပါသည်။ ရှားပါးခြင်းကြောင့် ဘာကီလီယမ်အား စီးပွားရေးနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် အသုံးမပြုနိုင်ပေ။

အသုံးပြုခြင်း

ဘာကီလီယမ်၏ လက်တွေ့ကျသော အသုံးပြုမှုများမှာ မရှိသေးပေ။

သဘာဝတွင်တွေ့ရှိမှုအခြေအနေ

တွေ့ရှိပြီးသော အိုင်ဆိုတုပ် ၁၀ မျိုးမှာ ရေဒီယိုသတ္တိကြွကြသည်။ ဘာကီလီယမ်အား သဘာဝအတိုင်း ကမ္ဘာပေါ် တွင် မတွေ့ရှိရပေ။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ဘာကီလီယမ်သည် ကမ္ဘာမျက်နှာပြင်ပေါ်တွင် သဘာဝအတိုင်း ရှိမနေနိုင်သောကြောင့် သက်ရှိများအတွက် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုနည်းပါး ပါသည်။ သို့သော်လည်း ဓာတ်ခွဲခန်းတွင် လူများဖန်တီးထားသော ရေဒီယိုသတ္တိကြွ ဘာကီလီယမ် အိုင်ဆိုတုပ်များမှာ ကိုင်တွယ်သူများအား ထိခိုက်စေပါသည်။နျူကလိယား သိပ္ပံနည်းပညာ တိုးတက်လာသည်နှင့်အမျှ မြေ ၊ ရေ ၊ လေ ၊ ပင်လယ်၊ သမုဒ္ဒရာ စသည့် သဘာဝပတ်ဝန်းကျင်များတွင် ရေဒီယို သတ္တိကြွမှုများ ဖြစ်ပေါ်နေပါသည်။ မျက်စိနှင့်မမြင်နိုင်သော ရောင်ခြည်များသည် အသုံးအဆောင် ပစ္စည်းများနှင့် အစားအသောက်များမှတစ်ဆင့် သက်ရှိများ၏ ခန္ဓာထဲကို ဝင်ရောက်ပြီး ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။

ရေဒီယိုသတ္တိကြွ ဘာကီလီယမ်ကြောင့် သက်ရှိများ၏ မျိုးရိုးဗီဇဆဲလ်များအား (gene) ပျက်စီးစေသည့်အပြင် မျိုးဆက်များ ဆက်လက် ဖြစ်ထွန်းခြင်းမရှိတော့ပဲ မျိုးပွားဆဲလ်များကို သေဆုံးစေနိုင်ပါသည်။အားပျော့သော ရောင်ခြည် ထိတွေ့မှုသည်ပင် အမျိုးမျိုးသော ကင်ဆာရောဂါများကို ဖြစ်စေနိုင်ပါသည်။ ယင်းကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများရှိနေသော်လည်း ရောင်စဉ်ထိခိုက်စေခြင်းအရင်းအမြစ်နှင့် ထိတွေ့ရခြင်းအကြောင်းခြင်းရာတို့အား တိတိကျကျ ဖော်ထုတ် နိုင်ခြင်းမရှိသေးပေ။ ဆင့်ပွားကူးစက်စေခြင်းဆိုင်ရာ အထောက်အထားများကိုသာ ခန့်မှန်းနိုင်ခဲ့ကြပါသည်။ တစ်နည်းအားဖြင့် အချိန်နှင့်အမျှ တိုးပွါးလာသော ထုတ်လုပ်မှုစွမ်းရည်များကို ရပ်ဆိုင်းစေရုံမျှသာရှိပါသည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ

ဘာကီလီယမ်အား သဘာဝတွင် တွေ့ရှိရမှုမရှိသဖြင့် ပတ်ဝန်းကျင်သို့ သက်ရောက်မှုနည်းပါး ပါသည်။

ကိုးကား

  1. "The alpha half-life of berkelium-247; a new long-lived isomer of berkelium-248" (1965). Nuclear Physics 71 (2): 299. doi:10.1016/0029-5582(65)90719-4.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.