အိတ္တာဘီယမ်

အိတ္တာဘီယမ် (Ytterbium) သည် နူးညံ့ ပျော့ပြောင်း ပုံသွင်းရလွယ်ကူပြီး စိုပြေ တောက်ပသော ငွေရောင်ရှိသည့် ဒြပ်စင်တစ်ခုဖြစ်သည်။ ၎င်းသည် ရှားပါးဒြပ်စင်အုပ်စုဝင် တစ်ခုဖြစ်ပြီး အက်ဆစ်တွင် ပျော်ဝင်နိုင်ပါသည်။ ရေနှင့် နှေးကွေးစွာ ဓာတ်ပြုပါသည်။ လေထဲတွင် အောက်ဆီဂျင် နှင့် အလွယ်တကူ ဓာတ်ပြုပါသည်။ အိတ္တာဘီယမ် ဒြပ်ပေါင်းများမှာ ရှားပါးစွာ တည်ရှိကြသည်။

အိတ္တာဘီယမ်,  70Yb
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတအိတ္တာဘီယမ်, Yb
အသံထွက်/ɪˈtɜːrbiəm/
i-TUR-bee-əm
အဆင်းsilvery white; with a pale yellow tint[1]
ဒြပ်စင်အလှည့်ကျဇယားရှိ အိတ္တာဘီယမ်


Yb

No
ကျူလီယမ်အိတ္တာဘီယမ်lutetium
အက်တမ် အမှတ်စဉ် (Z)70
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (±) (Ar)173.045(10)[2]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f14 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1097 K (824 °C, 1515 °F)
အရည်ဆူမှတ်1469 K (1196 °C, 2185 °F)
သိပ်သည်းမှု (အခန်းအပူချိန်)6.90 g/cm3
6.21 g/cm3
ဖျူးရှင်းအပူ7.66 kJ/mol
အငွေ့ပျံခြင်း အပူ129 kJ/mol
မိုလာ အပူအင်အား26.74 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 736 813 910 1047 (1266) (1465)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ3, 2, 1 (a base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.1 (?)
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 603.4 kJ/mol
2nd: 1174.8 kJ/mol
3rd: 2417 kJ/mol
အက်တောမစ် အချင်းဝက်empirical: 176 pm
ကိုဗေးလန့်အချင်းဝက်187±8 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centered cubic (fcc)
အသံ၏အမြန်နှုန်း 1590 m/s (at 20 °C)
အပူ ပြန့်ကားမှုβ, poly: 26.3 µm/(m·K) (r.t.)
အပူစီးကူးမှု38.5 W/(m·K)
လျှပ်စစ် ခုခံမှုβ, poly: 0.250 µΩ·m (at r.t.)
သံလိုက်ဓာတ်paramagnetic
သံလိုက် ထိတွေ့နိုင်မှု (χmol)+249.0·10−6 cm3/mol (2928 K)[3]
Young's modulusβ form: 23.9 GPa
Shear modulusβ form: 9.9 GPa
Bulk modulusβ form: 30.5 GPa
ပိုင်ဆွန် အချိုးβ form: 0.207
Vickers hardness205–250 MPa
Brinell hardness340–440 MPa
CAS Number7440-64-4
သမိုင်းကြောင်း
အမည်တပ်ခြင်းafter Ytterby (Sweden), where it was mined
ရှာဖွေတွေ့ရှိမှုJean Charles Galissard de Marignac (၁၈၇၈)
ပထမဆုံး ခွဲထုတ်မှုCarl Auer von Welsbach (၁၉၀၆)
Most stable isotopes of အိတ္တာဘီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
166Yb syn 56.7 h ε 0.304 166Tm
168Yb 0.126% is stable with 98 neutrons
169Yb syn 32.026 d ε 0.909 169Tm
170Yb 3.023% is stable with 100 neutrons
171Yb 14.216% is stable with 101 neutrons
172Yb 21.754% is stable with 102 neutrons
173Yb 16.098% is stable with 103 neutrons
174Yb 31.896% is stable with 104 neutrons
175Yb syn 4.185 d β 0.470 175Lu
176Yb 12.887% is stable with 106 neutrons
177Yb syn 1.911 h β 1.399 177Lu

အသုံးပြုခြင်း

အိတ္တာဘီယမ် ကို တစ်ခါတစ်ရံ Yt သို့မဟုတ် အခြားသော အဆက် အစပ် ရှိသည့် ဒြပ်စင်များနှင့် ပေါင်းပြီး သံမဏိ ပြုလုပ်ရာတွင် အသုံးပြုပါသည်။ ၎င်း သတ္တုသည် သံမဏိ ၏ ဂုဏ်သတ္တိများကို ပိုမိုကောင်းမွန်စေပါသည်။ အချို့သော အိတ္တာဘီယမ် သတ္တုစပ်များကို လူတို့၏ သွားများ အစားထိုးပြုပြင်ရာတွင် အသုံးပြုသည်။ အိတ္တာဘီယမ် ၏ Isotope တစ်မျိုးကို X-ray စက်တွင် ဓာတ်ရောင်ခြည်ထုတ်လွှတ်ပေးသော အရင်းအမြစ် အဖြစ် လျှပ်စစ် မရရှိနိုင်သော အခြေအနေမျိုးတွင် အစားထိုး အသုံးပြုသည်။ အခြားသော ရှားပါးဒြပ်စင်များကဲ့သို့ပင် ၎င်း သတ္တုကို ကြွေထည် ဖြင့်ပြုလုပ်သော လျှပ်သို ပစ္စည်များအတွက် သော်လည်းကောင်း အခြားသော လျှပ်စစ် ပစ္စည်းများ အတွက်သော်လည်းကောင်း၊ အသုံးပြုပါသည်။ ၎င်းသတ္တုကို စက်ရုံများတွင် ဓာတ်ကူပစ္စည်း အဖြစ်လည်း အသုံးပြုနိုင်သည်။

ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေ

အိတ္တာဘီယမ် ကို အခြားသော ရှားပါးဒြပ်စင်များနှင့် ရောပြီး များစွာသော တွင်းထွက် သတ္တုရိုင်းများ ဖြစ်သော Gadolinite, Monazite, and Xenotime တို့တွင် တွေ့ရှိရပါသည်။ သဘာ၀ အိတ္တာဘီယမ် တွင် Stable Isotopes ခုနှစ်မျိုးပါဝင်သည်။ စီးပွားရေးအရ အိတ္တာဘီယမ် ကို အိတ္တာဘီယမ် ပါဝင်မှု ၀.၀၃ ရာခိုင်နှုန်းရှိသော Monazite သဲမှ အမြဲတမ်းလိုလိုပင် ပြန်လည်ထုတ်ယူ သန့်စင်သည်။ အဓိက သတ္တုတွင်း နေရာများမှာ တရုတ်၊ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ဩစတြေးလျ တို့ဖြစ်သည်။ ထုတ်လုပ် သန့်စင်ပြီး Yb ပမာဏမှာ တန်ချိန် တစ်သိန်းခန့်ရှိပြီး ကမ္ဘာ့ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် တန် ၅၀ ခန့်ရှိသည်။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

အိတ္တာဘီယမ် သည် ဇီ၀ဗေဒ အခန်းကဏ္ဍ တွင် ပါဝင်မှု မရှိသော်လည်း ခန္ဓာကိုယ် အတွင်းရှိ ဇီ၀ဖြစ်ပျက်မှုများကို လှုံ့ဆော်ပေးနိုင်သည် ဟု သတ်မှတ်ထားကြသည်။ မျက်လုံးနှင့် အရေပြားတို့ကို နာကျင် ကျိန်းစပ်စေပြီး သန္ဓေသားလောင်းကို ပျက်စီးစေနိုင်သည့် Teratogen တစ်ခုလည်းဖြစ်သည်။ အိတ္တာဘီယမ် ဒြပ်ပေါင်းအားလုံးကို ပြင်းထန်သော အဆိပ်ကဲ့သို့ သတ်မှတ်ပြီး လေနှင့် စိုထိုင်းမှုတို့မှ ကာကွယ်ရန် လုံလုံခြုံခြုံ သိုလှောင်ထားရမည် ဖြစ်သည်။

ပတ်ဝန်းကျင်သို့သက်ရောက်မှုများ

သတ္တု အိတ္တာဘီယမ် အမှုန့်သည် လောင်ကျွမ်း ပေါက်ကွဲပြီး အန္တရာယ် ဖြစ်စေနိုင်သည်။ Yb သည် သစ်ပင်များနှင့် တိရိစ္ဆာန်များကို ထိခိုက်မှုမရှိပါ။ ၎င်း၏ဆားများကို ဓာတုဗေဒ စက်ရုံများတွင် အဆိပ်နှင့် ညစ်ညမ်းမှုများကို လျော့ကျစေရန် ဓာတ်ကူပစ္စည်းများ အဖြစ်အသုံးပြုသည်။

ကိုးကား

  1. Greenwood၊ Norman N.; Earnshaw၊ Alan (1997)။ Chemistry of the Elements (2nd ed.)။ Butterworth-Heinemann။ p. 112။ ISBN 0-08-037941-9
  2. Standard Atomic Weights 2015. Commission on Isotopic Abundances and Atomic Weights
  3. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.