မိုးဟေကို

မိုးဟေကို သည် မြန်မာနိုင်ငံသား မော်ဒယ်နှင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သူမကို ၁၉၈၅-ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် အဖ ဦးကျော်မင်းနှင့် အမိ ဒေါ် နုနုစိန်တို့မှ မန္တလေးမြို့မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် မွေးဖွားသည်။ နာမည်ရင်းမှာ အေးအေးခိုင် ဖြစ်သည်။ ကိုးတန်းကျောင်းသူ ဘဝထဲက တင်မိုးလွင်၏ မော်ဒယ်လ်သင်တန်းတက်ခဲ့သူ ဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ကြော်ငြာတစ်ခု စတင်ရိုက်ကူးခဲ့ပြီး အနုပညာလောကထဲသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ မော်ဒယ်လ်လောကမှ သရုပ်ဆောင်ဖက် ကူးလာသူဖြစ်သည်။[1]

မိုးဟေကို
မွေးဖွားအေးအေးခိုင်
(၁၉၈၅-0၆-၂၆) ဇွန် ၂၆၊ ၁၉၈၅
မန္တလေး၊ စိန်ပန်းရပ်ကွက်
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်မော်ဒယ်လ်

သူမသည် ၂၀၁၄-၂၀၁၅ အကယ်ဒမီ ပေးပွဲအတွက် ဒါရိုက်တာ ဝိုင်း ရိုက်သော နှလုံးသားဖြင့်ပြုလုပ်သည် (Made in Heart ) ဇာတ်ကားဖြင့် တစ်ကြိုပေးခြင်းခံခဲ့ရသည်။

ငယ်ဘဝ

မိုးဟေကို ကို ၁၉၈၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဖခင်ဦးကျော်မင်း၊ မိခင် ဒေါ်နုနုစိန် တို့ရဲ့ သမီးလတ်ဖြစ်ပါတယ်။ မွေးချင်း အစ်ကိုတစ်ယောက်၊ မောင်တစ်ယောက်ရှိပြီး အထက (၁) တောင်ဥက္ကလာပမြို့နယ်မှာ ဆယ်တန်းကို ဖြေဆိုအောင်မြင်ခဲ့ပါတယ်။

မော်ဒယ်အဖြစ်စတင်ခဲ့ပုံ

မိုးဟေကိုဟာ ၉ တန်းကျောင်းသူဘဝနဲ့ တင်မိုးလွင်ရဲ့ မော်ဒယ်သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဂျွန်လွင်မော်ဒယ်အကယ်ဒမီရဲ့ ပွဲတွေမှာ ပါဝင်ရင်း မော်ဒယ်ဘဝကို စတင်ခဲ့ပါတယ်။

သရုပ်ဆောင်ဘ၀ အစ

မိုးဟေကိုဟာ သူမရဲ့ သရုပ်ဆောင်ဘဝကို ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ အိပ်မက်အလွန် ဆိုရဲ့ ဇာတ်ကားမှာ လူမင်း နဲ့ အတူတွဲပြီး ခေါင်းဆောင်မင်းသမီးအဖြစ်ကနေ စတင်ခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ ပြေတီဦး၊ ခိုင်နှင်းဝေတို့နဲ့ အတူတွဲရိုက်ခဲ့တဲ့ "ကျွန်မ မဟေသီ" ဆိုတဲ့ ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး လူမင်း၊ ရဲတိုက်၊ တင့်တင်ထွန်းတို့အတူ ပါဝင်ရိုက်ကူးခဲ့တဲ့ "အမျှင်" ဆိုတဲ့ ဇာတ်ကားကတော့ ပြည်တွင်းမှာ အောင်မြင်မှုရရှိခဲ့ပြီး သူမကို လူသိပိုများစေခဲ့ပါတယ်။

ရုပ်ရှင်လောကနှင့် အောင်မြင်မှုများ

၂၀၀၈-ခုနှစ်မှာတော့ သူမ၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သော "မိုးည အိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးစိုးပြည့်သဇင်သင်ဇာဝင့်ကျော် တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ထိုရုပ်ရှပ်ကို ဒါရိုက်တာ ကြည်ဖြူရှင်က ရိုက်ကူးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ရုံတင်ခဲ့သည်။ ထိုရုပ်ရှင်လည်း အောင်မြင်မှုရခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတစ်ခုဖြစ်သော အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် စကာတင်စာရင်းမှာ ပါဝင်ခဲ့ပါသည်။ သို့သော်လည်း သူမနှင့် အတူပါဝင်ခဲ့သောနေတိုးနှင့် စိုးပြည့်သဇင်တို့ကသာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုတို့ အသီးသီး ရရှိခဲ့ကြပါသည်။

၂၀၁၃-ခုနှစ်တွင် ဒါရိုက်တာဝိုင်းရိုက်ကူးပြီး သရုပ်ဆောင်ပြေတီဦးဝတ်မှုံရွှေရည်တို့ပါဝင်သော "နှလုံးသားဖြင့် ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ခဲ့ပြီး အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် စကာတင်စာရင်းမှာ ပါဝင်ခဲ့ပြန်သည်။ ၂၀၀၅-ခုနှစ်မှ လက်ရှိအချိန်ထိ မိုးဟေကိုသည် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

ရုပ်ရှင်ထုတ်လုပ်ရေး နှင့်စီးပွားရေးလုပ်ငန်းများ

၂၀၁၄-ခုနှစ်မှာ မိုး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့ပြီး"ရုံးပတီသီးလေးများ"၊ "ခိုးဆိုးလုနှိုက်" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများအပါဝင် လက်ရှိအချိန်ထိ ဇာတ်ကား ၁၀ ကားခန့် ရိုက်ကူးထုပ်လုပ်ပြီး ဖြစ်ပါသည်။

၂၀၁၅-ခုနှစ်၊ မတ်လ (၂၇)ရက်နေ့မှာ မိုး ပိုးထည်တိုက် ကို စတင်ဖွင့်လှစ်ခဲ့သည်။

ရေးသားခဲ့သော စာအုပ်များ

၂၀၁၆-ခုနှစ်မှာ ကျွန်မချစ်သော ဆိုသောအမည်နှင့် ခရီးသွားမှတ်တမ်းစာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်ထဲတွင် သူမ သွားရောက်လည်ပတ်ခဲ့သော နေရာဒေသများနှင့် သူမ၏အလှဓာတ်ပုံတွေ ပါဝင်ပြသထားသည်။ အဆိုပါစာအုပ်ကို ထိုင်းနိုင်ငံမှာ ပုံနှိပ်ရိုက်ကူးခဲ့ပြီး ပထမအကြိမ်အဖြစ် အုပ်ရေ (၂၀၀၀) ဖြန့်ချိခဲ့သည်။

ရိုက်ခဲ့သော ဇာတ်ကားများ

  • အိပ်မက်အလွန်
  • မိုးညအိပ်မက်မြူ
  • လူစိမ်း
  • အမျှင်
  • ရှော့ရှိတဲ့အချစ်များ
  • နှလုံးသားဖြင့် ပြုလုပ်သည်
  • ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်
  • အချိန်တိုင်း နေရာတိုင်း
  • တိုက်ဆိုင်မှု ရှိလျှင်
  • တောကျီးကန်း
  • အမုန်းတွေ ခေါက်ထားလိုက်
  • ပပဝတီ စီရင်ခန်း

ကိုးကား

  1. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.