မီလန်နီးရှား
မီလန်နီးရှား (Melanesia; UK: /ˌmɛləˈniːziə/; US: /ˌmɛləˈniːʒə/) သည် အိုရှန်းနီးယားရှိ ဒေသခွဲတစ်ခုဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအနောက်အဆုံးမှ အာရာဖူရာပင်လယ်အထိနှင့် အရှေ့ဖက်တွင် ဖီဂျီနိုင်ငံအထိ ဖြစ်သည်။

Ethno-cultural definition of Melanesia.

မီလန်နီးရှားသည် ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ယဉ်ကျေးမှုဆိုင်ရာဒေသကြီး သုံးခုအနက် တစ်ခုဖြစ်သည်။

မီလန်နီးရှား၏ ပထဝီဝင်အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ပန်းရောင်မျဉ်းဖြင့် ဝိုင်းထားသည်။
ဤဒေသထဲတွင် ပါဝင်သည့် နိုင်ငံ လေးနိုင်ငံမှာ-
ဗနွားတူနိုင်ငံ
ဆော်လမွန်ကျွန်းစု
ဖီဂျီ
ပါပူအာ နယူးဂီနီ တို့ ဖြစ်ကြသည်။
အဆိုပါ လွတ်လပ်သည့်နိုင်ငံများအပြင် မီလန်နီးရှားထဲတွင် အောက်ပါနယ်မြေများလည်း ပါဝင်ကြသည်။
နယူးကယ်လီဒိုးနီးယား - (ပြင်သစ်)
- မာလူကူကျွန်းစု - အင်ဒိုနီးရှားကျွန်းစု၏ တစ်စိတ်တစ်ပိုင်း
- အနောက်ပါပူအာ။ အနောက်ပါပူအာတွင် အင်ဒိုနီးရှားနိုင်ငံ၏ စီရင်စုနယ်မြေနှစ်ခု (ပါပူအာ နှင့် အနောက်ပါပူအာ) ပါဝင်သည်။
Melanesia အမည် (ဂရိဘာသာစကားမှ μέλας, အနက်၊နှင့် νῆσος, ကျွန်းစု များမှ ပြင်သစ်ဘာသာဖြင့် "Mélanésie" ) ကို ၁၈၃၂ ခုနှစ်တွင် ပြင်သစ်လူမျိုး စွန့်စားရှာဖွေသူ Jules Dumont d'Urville မှ စတင်သုံးနှုန်းခဲ့သည်။
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.