ပါပူအာနယူးဂီနီနိုင်ငံ

ပါပူအာနယူးဂီနီနိုင်ငံ (Papua New Guinea; အတိုကောက် PNG; /ˈpæpə nj ˈɡɪn/ PAP-pə-new-GHIN-ee; တမ်းပလိတ်:Lang-tpi; ဟီရီမိုတူ: Papua Niu Gini) ၏ တရားဝင်အမည်မှာ လွတ်လပ်သော ပါပူအာနယူးဂီနီနိုင်ငံ (Independent State of Papua New Guinea) ဖြစ်ပြီး အိုရှန်းနီးယား တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကာ နယူးဂီနီကျွန်း၏ အရှေ့ပိုင်းတစ်ခြမ်းကို နေရာယူထားပြီး ပင်လယ်သမုဒ္ဒရာအတွင်းရှိ ကျွန်းပေါင်းများစွာလည်း ပါဝင်သည်။ (ကျွန်း၏ အနောက်ပိုင်း အခြမ်းမှာ အင်ဒိုနီးရှားနိုင်ငံပိုင် ပါပူအာဒေသ နှင့် အနောက်ပါပူအာ ဒေသတို့ဖြစ်သည်။) ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ခြမ်းတွင် တည်ရှိပြီး ၁၉ ရာစု အစောပိုင်းက ထိုဒေသကို မီလန်နီးရှားဟု ခေါ်ကြသည်။ မြို့တော်မှာ ပို့တ်မော့စဘီမြို့ ဖြစ်သည်။

လွတ်လပ်သော ပါပူအာနယူးဂီနီ နိုင်ငံ
  • Independen Stet bilong Papua Niugini
  • Papua Niu Gini
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: ကွဲပြားမှုကြားမှ ညီညွတ်ခြင်း ("Unity in diversity")[1]
နိုင်ငံတော် သီချင်း: ငါ့သားတို့ ထကြလော့ (O Arise, All You Sons)[2]
မြို့တော်
နှင့် အကြီးဆုံးမြို့
ပို့တ်မော့စဘီမြို့
ရုံးသုံး ဘာသာစကားများဟီရီမိုတူတုက်ပီစင်sign languageအင်္ဂလိပ်
အမျိုးအစားဖက်ဒရယ် ပါလီမန် ဒီမိုကရေစီ နှင့် စည်းမျဉ်းခံ ဘုရင်စနစ်
အစိုးရ
 ဘုရင်မ
အဲလိဇဘက် ၂
 ဘုရင်ခံချုပ်
မိုက်ကယ် အိုဂီယို
 ဝန်ကြီးချုပ်
ပီတာ အိုနေးလ်
တည်ထောင်
 လွတ်လပ်ရေး ကြေငြာခြင်း
(ဩစတေးလျမှ)
စက်တင်ဘာ ၁၆၊ ၁၉၇၅
ဧရိယာ
 စုစုပေါင်း
၄၆၂,၈၄၀ စတုရန်း ကီလိုမီတာ (၁၇၈,၇၀၀ စတုရန်းမိုင်) (အဆင့်: ၅၄)
 ရေထု (%)
လူဦးရေ
 ခန့်မှန်း
၇,၀၅၉,၆၅၃ (၂၀၁၁) (အဆင့် - ၁၀၂)
 သိပ်သည်းမှု
၁၄.၅.၁/km² (၃၇.၇/sq mi) (အဆင့် - ၂၀၁)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
$၁၉.၈၂၈ ဘီလီယံ[3] (အဆင့် - ၁၃၉)
 Per capita
$၂,၈၃၄[3]
HDI၀.၄၉၁
နိမ့် · ၁၅၇
ငွေကြေးပါပူအာ နယူးဂီနီ ကီနာ
တယ်လီဖုန်းကုဒ်+၆၇၅
Internet TLD.pg

ပါပူအာနယူးဂီနီသည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု အမျိုးအစား ကွဲပြားမှု အများဆုံးရှိသော နိုင်ငံဖြစ်ပြီး ဒေသသုံး ဘာသာစကား ၈၄၈ မျိုးရှိပြီး ယင်းတို့အနက် ၁၂ မျိုးကို သက်ရှိထင်ရှားပြောဆိုသူ မရှိတော့ပေ။[4] လူဦးရေ ၇ သန်းတွင် ရိုးရာ အဖွဲ့အစည်းများလည်း အများအပြား ရှိသည်။[5] ထို့အပြင် ကျေးလက်ဒေသ အများပြားဆုံးသော နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူဦးရေ၏ ၁၈ ရာခိုင်နှုန်းသာ မြို့ပြတွင် နေထိုင်ကြသည်။[6] ထို့အပြင် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု နှင့် ပထဝီအနေအထားအားဖြင့် အနည်းဆုံး စူးစမ်းရှာဖွေသော ဒေသဖြစ်ပြီး မတွေ့ရှိသေးသော အပင်များ တိရိစ္ဆာန်များ ပါပူအာနယူးဂီနီ၏ အတွင်းပိုင်းတွင် အများအပြား ရှိလိမ့်မည်ဟု ယူဆရသည်။[7]

လူဦးရေ၏ ရာခိုင်နှုန်း အတော်များများမှာ ရိုးရာ အဖွဲ့အစည်းများဖြင့်သာ နေထိုင်ကြပြီး တစ်ဦးချင်း တစ်မိသားစုချင်း လုံလောက်ရုံမျှ စိုက်ပျိုးသော စိုက်ပျိုးမွေးမြူရေးစနစ်ပေါ်တွင် အခြေခံ နေထိုင်ကြသည်။ ထိုအဖွဲ့အစည်းများမှာ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းတွင် တသီးတသန့် နေရာရထားကြသည်။

၁၈၈၄ ခုနှစ်မှစ၍ ပြင်ပနိုင်ငံကြီး ၃ နိုင်ငံမှ လွှမ်းမိုးအုပ်ချုပ်ခဲ့ပြီးနောက် ပါပူအာ နယူးဂီနီသည် ၁၉၇၅ ခုနှစ်တွင် ဩစတေးလျမှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် ပါပူအာနယူးဂီနီသည် အဲလိဇဘက် ၂ ဘုရင်မ၏ ဓနသဟာယနယ်ပယ် အတွင်းတွင် ပါဝင်လျှက် ရှိကြသည်။ ပြည်သူအများစုမှာ အလွန်ပင် ဆင်းရဲကြပြီး သုံးပုံတစ်ပုံမျှသော လူဦးရေမှာ တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၂၅ ထက် မပိုသော ငွေဖြင့် နေထိုင်ကြသည်။


ကိုးကား

  1. Sir Michael Somare (2004-12-06)။ Stable Government, Investment Initiatives, and Economic Growth Keynote address to the 8th Papua New Guinea Mining and Petroleum Conference (Google cache) 2007-08-09 တွင် ပြန်စစ်ပြီး။
  2. Never more to rise The National (February 6, 2006) 13 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2005-01-19 တွင် ပြန်စစ်ပြီး။
  3. Papua New Guinea International Monetary Fund။ 20 April 2012 တွင် ပြန်စစ်ပြီး။
  4. Papua New Guinea. Ethnologue
  5. James၊ Paul; Nadarajah၊ Yaso; Haive၊ Karen; Stead၊ Victoria (2012)။ pdf download Sustainable Communities, Sustainable Development: Other Paths for Papua New Guinea တန်ဖိုး |url= စစ်ဆေးရန် (အကူအညီ)။ Honolulu: University of Hawaii Press။
  6. World Bank data on urbanisation World Development Indicators World Bank (2005)။ 3 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2005 တွင် ပြန်စစ်ပြီး။
  7. Gelineau, Kristen။ "Spiders and frogs identified among 50 new species"၊ The Independent၊ 26 March 2009 26 March 2009 တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.