မေဏ္ဍက

မေဏ္ဍက သည် ဘဒ္ဒိယမြို့သား သူဌေးဖြစ်၏။ ဇနီးသည် စန္ဒပဒုမာ ဖြစ်၏။ သားဖြစ်သူမှာ ဝိသာခါ၏ ဖခင် ဓနဉ္စယသူဌေး ဖြစ်၏။[1]

မေဏ္ဍက၏ ကုသိုလ်ကံ

မေဏ္ဍကသည် ရှေးကုသိုလ်ကံ ကောင်းခဲ့သူဖြစ်၏။ အိမ်၏ အနောက်ဘက်မြေတွင် ရွှေဆိတ်ရုပ်များသည် ကျောက်ကုန်းချင်းထိစပ်လျက် ရှိ၏။ ရွှေဆိတ်ရုပ်တစ်ရုပ်၏ ခံတွင်းမှ ဇမ္ဗူဒိပ်ကျွန်းသူများအတွက် ထောပတ်၊ ဆီ၊ ပျား၊ တင်လဲ၊ အဝတ်အထည်၊ ရွှေ၊ ငွေ တို့ ထွက်လေသည်။ ဇမ္ဗူဒိပ်ကျွန်းသူများသည်လည်း သူဌေးကြီးထံ လာရောက်ကာ ယူကြကုန်၏။

မေဏ္ဍကသည် ဘဒ္ဒိယမြို့တွင် ဘုန်းကြီးသူ ငါးဦးတို့၏ အကြီးအကဲ ဖြစ်၏။ မိမိ၏ ၁၂၅၀ သော စပါးကျီတို့ကို ရှင်းလင်းပြီး၍ ကောင်းကင်သို့ မော့ကြည့်ရာ သလေးနီစပါးမိုး ရွာချ၏။ စပါးကျီတို့လည်း ပြည့်ကုန်၏။

ရှေးဘဝက တော်စပ်ခဲ့ကြဖူးသည့် ဇနီး၊ သား၊ ချွေးမတို့သည် ယခုဘဝတွင်လည်း ဇနီး၊ သား၊ ချွေးမ တို့ ပြန်ဖြစ်ကြသည်။[1]

သောတာပန် ဖြစ်ခြင်း

မြတ်စွာဘုရားသည် သူဌေးအား စရိုက်နှင့်လျော်သော တရားကိုဟောရာ တရားဆုံးသော် သောတာပန် အရိယာ ဖြစ်၏။ သူဌေးကြီးသည်လည်း ၁၅ ရက်ပတ်လုံး အလှူကြီး ပေး၏။[1]

ကိုးကား

  1. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၅၉၆၊ ၅၉၇။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.