မျောက်လွှဲကျော် လက်ဖြူ
မျောက်လွှဲကျော်လက်ဖြူ၏ သိပ္ပံအမည်မှာ ဟိုက်လိုဘိတ် လာ ဖြစ်သည်။ မျောက်လွှဲကျော်လက်ဖြူသည် မျောက်လွှဲကျော်မျိုးရင်းတွင် မျိုးပြုန်းတီးမှုအန္တရာယ်ကျရောက်နေသောမျိုးစိတ် ဖြစ်သည်။ မျောက်လွှဲကျော်များအနက် လူသိအများဆုံးမျိုးစိတ်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်များတွင် တွေ့နေကျမျိုးစိတ်လည်း ဖြစ်သည်။
Lar gibbon မျောက်လွှဲကျော်မျက်ကွင်းဖြူ[1] | |
---|---|
in Austria, at the Zoo Salzburg | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
Clade: | Synapsida |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Primates |
မျိုးစဉ်သေး: | Haplorhini |
Infraorder: | Simiiformes |
မျိုးရင်း: | Hylobatidae |
မျိုးစု: | Hylobates |
မျိုးစိတ်: | H. lar
ဟိုက်လိုဘိတ် လာ |
ဒွိနာမ | |
Hylobates lar
ဟိုက်လိုဘိတ် လာ (Linnaeus, 1771) | |
Lar gibbon range |
သွင်ပြင်လက္ခဏာ
မျောက်လွှဲကျော်လက်ဖြူ၏ ကိုယ်အရောင်အဆင်းမှာ အနက်ရောင်၊ အညိုရင့်ရောင်မှသည် အညိုနုရောင်၊ သဲရောင် စသဖြင့် ရှိလေသည်။ လက်နှင့်ခြေချောင်းတို့တွင်မူ အဖြူရောင် ဖြစ်သည်။ နက်မှောင်သည့် မျက်နှာပြင်တစ်ဝိုက်တွင်မူ အဖြူရောင်အမွေးများဖြင့် ဖုံးလွှမ်းထားပါသည်။ အရောင်အဆင်းဖွဲ့စည်းမှုများ နှင့် ပတ်သက်ပြီး မျောက်လွှဲကျော်အထီးနှင့် အမတို့မှာ မတူညီကြပေ။ မျောက်လွှဲကျော်လက်ဖြူများသည် ၎င်းတို့၏ လက်မောင်းများကို အသုံးပြုကာ သစ်ကိုင်းများကို လွှဲခိုလျက် သွားလာတတ်ကြသည်။
ပျံ့နှံ့တည်ရှိပုံနှင့် ဓလေ့သဘာဝ
မျောက်လွှဲကျော်လက်ဖြူတို့ကို အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် တွေ့ရသည်။ [3]တစ်ချိန်ကမူ ယင်းတို့ကို တရုတ်ပြည်အနောက်တောင်ပိုင်းမှ မြန်မာ၊ ထိုင်းနှင့် မလေးရှားကျွန်းဆွယ်အထိ လည်းကောင်း၊ စူမတ်တြားကျွန်း၏ တစိတ်တပိုင်းတွင်လည်းကောင်း တွေ့ရှိခဲ့ရသည်။ မကြာသေးမီနှစ်များအတွင်း မျောက်လွှဲကျော်လက်ဖြူများ၏ ကျက်စားရာနယ်မြေသည် လျော့နည်းကျဆင်းလာပြီး တစ်ခုနှင့်တစ်ခု ပြတ်တောက်လာခဲ့သည်။ တရုတ်ပြည်တွင် မျိုးပြုန်းတီးပျောက်ကွယ်သွားပြီဟု ယူဆရပြီး အကယ်၍ တွေ့ရှိမည် ဆိုပါက ယူနန်ပြည်နယ်တွင်သာ တွေ့ရှိနိုင်မည်ဟု ယူဆရသည်။[4]
မျောက်လွှဲကျော်လက်ဖြူများသည် ရွက်ကြွေတောများ၊ ဝါးရုံတောများ၊ အမြဲစိမ်းတောများတွင် ကျက်စားလေ့ရှိ သည်။ ယင်းတို့အား ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၂၀ဝ ထက် ပို၍မြင့်သောအရပ်များတွင် မတွေ့ရ ပေ။[5]
အစားအစာ
မျောက်လွှဲကျော်လက်ဖြူတို့၏ နေ့စဉ်စားသောအစားအစာ၏ ၂၅% မှာ သစ်သီးသစ်ဥ များ ဖြစ်သော်လည်း သစ်ရွက်နုများက ၂၉ %၊ အင်းဆက်ပိုးမွှား ၁၃ %၊ ပန်းများက ၈ % ပါဝင်လေသည်။[6]
မျိုးပွားခြင်း
တစ်နှစ်ပတ်လုံး မျိုးပွားနိုင်လေသည်။ မတ်လမှ အောက်တိုဘာလအတွင်း အများဆုံးသားပေါက်သည်။ သားတစ်ကောင်တည်းသာ ပေါက်သည်။ ရင်သွေးအား နှစ်နှစ်အရွယ်အထိ ထိန်းသိမ်းစောင့်ရှောက်သည်။ အ သက် ၈နှစ်သားအရွယ်တွင် အရွယ်ရောက်သည်။ [7]သဘာဝတောရိုင်းအတွင်းတွင် သက်တမ်းမှာ ၂၅ နှစ် ဖြစ်သည်။[8]
ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု
မျောက်လွှဲကျော်လက်ဖြူများအား ခြိမ်းခြောက်နေသော ဘေးအန္တရာယ်များမှာ ၎င်းတို့အား အသားအတွက် သတ်ဖြတ်ခြင်း၊ အကောင်ပေါက်ကလေးများအား ဖမ်းဆီးရန်အတွက် မိဘများအားသတ်ဖြတ်ခြင်း၊ ၎င်းတို့ ကျက်စားရာသဘာဝပတ်ဝန်းကျင်များအား ဖျက်ဆီးခြင်းတို့ ဖြစ်သည်။ [9]
ကိုးကား
- တမ်းပလိတ်:MSW3 Primates
- "Hylobates lar" (2008). IUCN Red List of Threatened Species 2008. IUCN. doi: .
- Brandon-Jones, D (2004). Asian primate classification. Int J Primatol. pp. 97–164.
- Brandon-Jones D, Eudey AA, Geissmann T Groves CP, Melnick DJ, Morales JC, Shekelle M, Stewart (2004). Asian primate classification. Int J Primatol. pp. 97–164.
- Chivers DJ (1972). The siamang and the gibbon in the Malay Peninsula. Gibb Siam 1. pp. 103–35.
- Rowe, Noel. Pictorial Guide to the Living Primates. East Hampton, N.Y. : Pogonias Press, 1996.
- Barelli C, Heistermann M, Boesch C, Reichard UH (2008). Mating patterns and sexual swellings in pair-living and multimale groups of wild white-handed gibbons, Hylobates lar. Anim Behav 75(3). pp. 991–1001.
- Barelli C, Heistermann M, Boesch C, Reichard UH (2007). Sexual swellings in wild white-handed gibbon females (Hylobates lar) indicate the probability of ovulation. Horm Behav 51. pp. 221–30.
- Yimkao P, Srikosamatara S (2006). Ecology and site-based conservation of the white-handed gibbon (Hylobates lar L.) in human-use forests in Mae Hong Son province, northern Thailand. Nat Hist Bull Siam Soc 54. pp. 109–38.