မြလေးစိန်

ဒေါက်တာမြလေးစိန် သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ၏ ကြက်တောင်ရိုက်အားကစားသမား တစ်ဦး ဖြစ်သည်။ သူမ၏ ပညာရပ်များနှင့် ကြိုးပမ်းမှုများကြောင့် ကမ္ဘာ့အားကစားလောကတွင် ထင်ရှားသူ ဖြစ်သည်။ အာရှကြက်တောင်ကောင်စီ၏ women in badminton ကော်မတီ၏ ဒုဥက္ကဋ္ဌလည်းဖြစ်သည်။

ဒေါက်တာမြလေးစိန်
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂ ဇူလိုင် ၂၀၁၈  ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးဝင်းမြင့်
ဝန်ကြီးဒေါက်တာမြင့်ထွေး
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်
နယူးဆောက်ဝေးတက္ကသိုလ်
အလုပ်အကိုင်အားကစားဆရာဝန်
ဒုဝန်ကြီး

သူမသည် ငယ်စဉ်ကပင် မြန်မာနိုင်ငံအားကစားကဏ္ဍတွင် ပါဝင်ခဲ့ပြီး ၁၉၈၂ ခုနှစ်၌ ရန်ကုန်ဆေးတက္ကသိုလ် ၁ မှ M.B.B.S ဘွဲ့ရရှိခဲ့သည်။ ထိုစဉ်ကတည်းက အားကစားဆေးပညာနယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ စင်ကာပူအားကစားကောင်စီမှ Postgraduate Training Sports Medicine၊ နယူးဆောက်ဝေးတက္ကသိုလ်မှ MSpMed (Master of Sports Medicine) နှင့် PhD (Sports Medicine & Shoulder) ဘွဲ့များ ရရှိခဲ့သည်။

အားကစားကဏ္ဍ

နိုင်ငံတကာ အားကစားလောကတွင် တာဝန်ထမ်းဆောင်နေသော်လည်း မြန်မာပြည်၏အားကစားတိုးတက်ရေးကိုလည်း ကြိုးပမ်းနေသူဖြစ်သည်။ ဝန်ကြီးဌာန ၂ ခုကို ပူးပေါင်းပြီး အနည်းငယ်လစ်ဟာနေသော အားကစားပိုင်းဆိုင်ရာကို ဝန်ကြီးကိုယ်စား စွမ်းစွမ်းတမံဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် ဇူလိုင် ၂ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဒုဝန်ကြီးအဖြစ် သမ္မတဦးဝင်းမြင့်က ခန့်အပ်ခဲ့သည်။[1][2]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတွင် ဒုတိယဝန်ကြီးအဖြစ်မှ ရပ်စဲခံခဲ့ရသည်။[3]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.