မွန်ဂိုအင်ပါယာ

မွန်ဂိုအင်ပါယာသည် ၁၃ ရာစုမှ ၁၄ ရာစုနှစ်အတွင်း တည်ရှိခဲ့သည့် ကြီးမားကျယ်ပျံ့သော အင်ပါယာကြီး တစ်ခုဖြစ်သည်။ အာရှအလယ်ပိုင်းဒေသမှ အစပြုကာ ကိုရီးယားကျွန်းဆွယ်မှ အရှေ့ဥရောပအထိ ကျယ်ပျံ့ကာ မြောက်ဘက်တွင် ဆိုက်ဗေးရီးယား၊ တောင်ဘက်တွင် အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများ ပါဝင်သည်။ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး အင်ပါယာကြီးဖြစ်သည်။ အလျား မိုင် ၆၀၀၀ ခန့်ရှည်ပြီး ဧရိယာမှာ စတုန်ရန်းမိုင်ပေါင်း ၁၂.၇၄၁ သန်းခန့် ရှိသည်။ ကမ္ဘာ့မြေဧရိယာ၏ ၂၂ % ရှိပြီး လူဦးရေ သန်း ၁၀၀ ခန့် ရှိသည်။

Монголын Эзэнт Гүрэн
Mongolyn Ezent Guren
Ikh Mongol Uls

မွန်ဂိုအင်ပါယာ
1206  1368
Mongol Empire တည်နေရာ
မြို့တော် ခန်ဘာလီမြို့(ပေကျင်းမြို့)
Avarga
Karakorum
(1220–1271)
ကိုးကွယ်ယုံကြည်မှု Tengriism (Shamanism)၊ ခေတ်နှောင်းပိုင်း ဗုဒ္ဓခရစ်ယာန်အစ္စလာမ်
အစိုးရစနစ် ရွေးကောက်တင်မြှောက်သည့် ဘုရင်စနစ်
မဟာခန်
 - 1206-1227 ဂျင်ဂစ်ခန်
 - 1229-1241 Ögedei Khan
 - 1246-1248 Güyük Khan
 - 1251-1259 Möngke Khan
 - 1260-1294 ကူဗလိုင်ခန်
 - 1333–1370 Toghan Temur
立法机关 Kurultai
သမိုင်း
 - ဂျင်ဂစ်ခန် မျိုးနွယ်စုများအား စည်းလုံး1206
 - ဂျင်ဂစ်ခန် ကွယ်လွန်1227
 - Pax Mongolica1210-1350
 - Fragmentation of the empire1260-1264
ငွေကြေး ဒင်္ဂါး၊ စုခ်ဟဲ၊ ငွေစက္ကူ
ရှေ့မင်းဆက်
နောက်မင်းဆက်
Khamag Mongol
Chagatai Khanate
Golden Horde
Ilkhanate
Yuan Dynasty
Northern Yuan

မွန်ဂိုခေါင်းဆောင် ဂျင်ဂစ်ခန်၏ ဦးဆောင်မှုအောက်တွင် မွန်ဂိုလူမျိုးများနှင့် တာခစ်လူမျိုးများသည် ယနေ့ မွန်ဂိုလီးယားဒေသတွင် စုပေါင်းစည်းလုံးလာပြီး ၁၂၀၆ ခုနှစ်တွင် မွန်ဂိုအင်ပါယာအဖြစ် စတင်ပေါ်ထွန်းလာသည်။ ဂျင်ဂစ်ခန်နှင့် နောက်မျိုးဆက်များသည် မွန်ဂိုတပ်သားများကို အရပ်ရပ်သို့ စေလွှတ်တိုက်ခိုက်ကာ နယ်မြေများကို သိမ်းပိုက်ခြင်းကြောင့် မွန်ဂိုအင်ပါယာကြီး အရှိန်အဟုန်နှင့် ကြီးထွားလာသည်။[1][2][3][4][5][6][7][8][9] မွန်ဂိုလက်ထက်တွင် ဥရောပနှင့် အာရှတစ်လွှား နည်းပညာအသစ်များ၊ ကုန်စည်များနှင့် သဘောတရားအသစ်များကို ဖြန့်ဖြူးဖလှယ်လာကြသည်။

၁၂၆၀ ခုနှစ်တွင် ကူဗလိုင်နှင့် အရိဘိုကဲ ညီအစ်ကိုနှစ်ဦး ထီးနန်းဆက်ခံနိုင်ရေးအတွက် အားပြိုင်ကြရာ သွေးကွဲမှုများ ရှိလာသည်။[10] ကူဗလိုင်က အောင်မြင်စွာ နန်းတက်နိုင်ခဲ့ပြီး ယွမ်မင်းဆက် စတင်ခဲ့သည်။ သို့သော်လည်း သွေးကွဲမှုက အဆုံးမသတ်ခဲ့ပေ။ ကူဗလိုင်ခန်ကွယ်လွန်ပြီးနောက် မွန်ဂိုအင်ပါယာကြီးမှ နယ်မြေ ၄ ခုခွဲထွက်သွားသည်။ [11] ၁၃၆၈ ခုနှစ်တွင် ဟန့်တရုတ်လူမျိုး ကျူးယွမ်ကျန်းက ယွမ်မင်းဆက်ကို တွန်းလှန်ကာ မင်မင်းဆက်ကို ထူထောင်လိုက်ချိန်တွင် မွန်ဂိုအင်ပါယာကြီးလည်း ပြိုကွဲသွားရသည်။

ကိုးကား

  1. Jared Diamond - Guns, Germs, and Steel, p.367
  2. Historical Dictionary of the Mongol World Empire, by Paul D. Buell
  3. The Mongols and Russia, by George Vernadsky
  4. The Delhi Sultanate: A political and military history, by Peter M. Jackson,
  5. The Mongol World Empire, 1206-1370, by John Andrew Boyle
  6. The History of China, by David Curtis Wright, p. 84
  7. The Early Civilization of China, by Yong Yap Cotterell, Arthur Cotterell, p. 223
  8. Genghis Khan and the making of the modern world by Jack Weatherford
  9. Mongols and Mamluks: The Mamluk-Ilkhanid War, 1260-1281 by Reuven Amitai-Preiss
  10. Michael Biran, Qaidu and the Rise of the Independent Mongol State in Central Asia. The Curzon Press, 1997, ISBN 0-7007-0631-3
  11. The Cambridge History of China: Alien Regimes and Border States, p413
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.