ယူဂန်ဒါနိုင်ငံ

အာဖရိကတိုက် အရှေ့ပိုင်းတွင် တည်ရှိ၍ ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင် သမ္မတနိုင်ငံလည်း ဖြစ်သည်။ ကုန်းတွင်းပိုင်းကျသော နိုင်ငံလည်း ဖြစ်၏။ အရှေ့ဘက်၌ ကင်းနယားနိုင်ငံရှိ၍ အနောက်ဘက်၌ ကွန်ဂိုနိုင်ငံ ရှိသည်။ ကာဗာကာခေါ် တိုင်းရင်းသား စော်ဘွားက အုပ်ချုပ်သည်။ ယူဂန်းဒါးနိုင်ငံသည် အပူပိုူင်းဒေသ၌ ကျရောက်၍ ဝိတိုရိယအိုင်အဲလဗတ်အိုင်အက်ဒွပ်အိုင် စသော အိုင်ကြီးများရှိသည်။ အကျယ်အဝန်းအားဖြင့် ၉၃၉၈၁ စတုရန်းမိုင်ရှိသည့် အနက် စတုရန်းမိုင် ၁၃၆၈ဝ သည် ရေပြင်ဖြစ်၏။ ဖော်ပြပါအိုင်များအနက် နိုင်းမြစ် မြစ်ဖျားခံရာဖြစ်သော ဝိတိုရိယအိုင်မှာ အကြီးဆုံး ဖြစ်သည်။

ယူဂန်ဒါသမ္မတနိုင်ငံ
Jamhuri ya Uganda
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "For God and My Country"
နိုင်ငံတော် သီချင်း: "Oh Uganda, Land of Beauty"
 ယူဂန်ဒါနိုင်ငံ၏ တည်နေရာ  (dark blue)

 Africa အတွင်း  (light blue နှင့် dark grey)
 the African Union အတွင်း  (light blue)

မြို့တော်
နှင့် အကြီးဆုံးမြို့
Kampala
ရုံးသုံး ဘာသာစကားများSwahili, English
Vernacular
languages
  • Luganda
  • Southern Luo
  • Runyankore
  • Runyoro
  • Kinyarwanda
  • Ateso
  • Lumasaba
  • Lusoga
  • Samia
လူမျိုးစု (2002)
  • 17.4% Baganda[1]
  • 9.8% Banyankole
  • 8.4% Basoga
  • 7.0% Bakiga
  • 6.1% Iteso
  • 3.2% Langi
  • 4.8% Acholi
  • 4.1% Bagisu
  • 4.14% Lugbara
  • 33.3% others
DemonymUgandan[2]
အစိုးရDominant-party semi-presidential republic[2]
 President
Yoweri Museveni
 Prime Minister
Ruhakana Rugunda
ဥပဒေပြုလွှတ်တော်Parliament
Independence
 from the United Kingdom
9 October 1962
 Current constitution
8 October 1995
ဧရိယာ
 စုစုပေါင်း
၂၄၁,၀၃၈ km2 (၉၃,၀၆၅ sq mi) (အဆင့်: 81st)
 ရေထု (%)
15.39
လူဦးရေ
 ခန့်မှန်း
37,873,253 (အဆင့် - 35th)
 2013 သန်းခေါင်စာရင်း
36,824,000
 သိပ်သည်းမှု
၁၃၇.၁/km2 (၃၅၅.၁/sq mi) (အဆင့် - 80th)
GDP (PPP)2016 ခန့်မှန်း
 စုစုပေါင်း
$85.104 billion[3]
 Per capita
$2,071[3]
GDP (nominal)2016 ခန့်မှန်း
 စုစုပေါင်း
$26.631 billion[3]
 Per capita
$648[3]
Gini (2009)44.11[4]
အလယ်
HDI (2013) 0.484[5]
နိမ့် · 164th
ငွေကြေးUgandan shilling (UGX)
အချိန်ဇုန်EAT
ယာဉ်ကြောစနစ်left
တယ်လီဖုန်းကုဒ်+256a
Internet TLD.ug
  1. +006 from Kenya and Tanzania.

ယူဂန်းဒါးနိုင်ငံ၏ မြို့တော်ဖြစ်သော ကမ်ပါလာမြို့သည် ယူဂန်းဒါးနိုင်ငံတွင် ကူးသန်းရောင်းဝယ်ရေးအတွက် အချက် အခြာမြို့ ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ဆက်သွယ်ရေး ကောင်းမွန်သည်။ ကင်းနယားနိုင်ငံနှင့် မီးရထားလမ်း အဆက်အသွယ်ရှိသည်။ ယူဂန်းဒါးနိုင်ငံမှထွက်ကုန်များမှာ ကာဖီလက်ဖက်ခြောက်ဆေးမြေပဲကော်ဖတ်သားရေနှင့် ဆင်စွယ်တို့ဖြစ်သည်။

၁၉၅၉ ခုနှစ် ခန့်မှန်းခြေအရ ယူဂန်းဒါးနိုင်ငံတွင် လူဦးရေ ၆၅၂၃၆၂၈ ယောက်ရှိ၍၊ ဥရောပတိုက်သားဦးရေ ၁ဝ၈၆၆ နှင့် အာရှတိုက်သား ဦးရေ ၇၁၉၃၃ တို့ ပါဝင်လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှအစိုးရသည် ဗြိတိသျှ နန်းရင်းဝန် မစ္စတာ ချာချီနှင့် မြန်မာနိုင်ငံကိစ္စ လာရောက် ဆွေးနွေးခဲ့သော မြန်မာနိုင်ငံ နန်းရင်းဝန် ဦးစောကို ဗြိတိန်နိုင်ငံမှအပြန်တွင် ဂျပန်နှင့် အဆက်အသွယ်ရှိသည်ဆိုကာ ဖမ်းဆီးပြီးနောက် ယူဂန်းဒါးတွင် အကျယ်ချုပ် ချထားခဲ့ဘူးလေသည်။

ယူဂန်းဒါးနိုင်ငံသည် ယခင် ဗြိတိသျှ အစောင့်ရှောက်ခံနယ် ဖြစ်ခဲ့၍ ၁၉၆၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ဗြိတိသျှ ဓနသယာအဖွဲ့ဝင် လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့လေသည်။[6]

ကိုးကား

  1. http://www.ubos.org/onlinefiles/uploads/ubos/pdf%20documents/2002%20Census%20Final%20Reportdoc.pdf
  2. Central Intelligence Agency (2009). "Uganda" The World Factbook
  3. Uganda International Monetary Fund။ 18 April 2013 တွင် ပြန်စစ်ပြီး။
  4. Gini Index World Bank။ 2 March 2011 တွင် ပြန်စစ်ပြီး။
  5. 2014 Human Development Report Summary 21–25။ United Nations Development Programme (2014)။ 27 July 2014 တွင် ပြန်စစ်ပြီး။
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.