ယူရစ်ပီးဒီး

ယူရစ်ပစ်ဒီးဇ် (သို့) အယ်ရီပိဒီးစ် (အင်္ဂလိပ်: Euripides; ဂရိ: Εὐριπίδης Eurīpídēs) သည် ဂရိလူမျိုးနာမည်ကျော် အလွမ်းပြဇာတ်ရေး ဆရာ ဖြစ်သည်။ အသက်ရှင်စဉ်အခါက အခြားနာမည်ကျော် ဂရိပြဇာတ်ရေးဆရာများဖြစ်သော အက်စကိလပ်နှင့် ဆော့ဖာကလီးဇ်တို့လောက် မထင်ရှားခဲ့သော်လည်း ကွယ်လွန်ပြီးနောက်သူ၏ အလွမ်းပြဇာတ်များကို အများဆုံး ခင်းကျင်းပြသခဲ့ကြလေသည်။

ယူရစ်ပစ်ဒီးဇ်
ယူရစ်ပစ်ဒီးဇ်၏ ခေါင်းတစ်ပိုင်းပုံ:
ရောမရှိ ပီယို-ကလက်မန်တီနို ပြတိုက် လေးရာစု မူရင်းဂရိရုပ်တုကို ရောမတို့၏ ယူထားသော မူပွား
မွေးဖွားဘီစီ ၄၈၀ ဝန်းကျင်
ဆဲလာမစ်ကျွန်း (Salamis)
ကွယ်လွန်ဘီစီ ၄၀၆ ဝန်းကျင် 406 BC (အသက် ၇၄ ခန့်)
မက်စီဒိုးနီးယား
အလုပ်အကိုင်ပြဇာတ်ဆရာ
ထင်ရှားသည့်
လုပ်ဆောင်မှု
အိမ်ထောင်ဖက်(များ)Melite
Choerine
မိဘ(များ)Mnesarchus
Cleito

ဂရိစာပေပါမောက္ခ ဂီးလဗတ်မားရေး ဆိုသူကလည်း ယူရစ်ပီးဒီး၏ အလွမ်းပြဇာတ်အချို့ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ ယူရစ်ပီးဒီး၏ ဖခင်သည် အက်သင်းမြို့မှ ကုန်သည်တစ်ဦးဖြစ်၍ ဂရိနှင့် ပါးရှင်းတို့ ဆလာမစ်ကျွန်း ရေကြောင်း တိုက်ပွဲ ဖြစ်ပွားသောနေတွင် ထိုကျွန်း၌ပင် မွေးဖွားသည်ဟု အဆိုရှိသည်။

ယူရစ်ပီးဒီးသည် ပြဇာတ်ပေါင်း ၉ဝ ကျော် ရေးခဲ့၏။ အသက် ၂၅ နှစ်အရွယ်တွင် သူ၏ ပြဇာတ်ကို ပထမဦးဆုံးအကြိမ် ခင်းကျင်းပြသခဲ့ရသည်။ သို့သော် အသက် ၃၉ နှစ် အရွယ်သို့ရောက်မှ ပြဇာတ်ပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူး ရရှိလေသည်။ ယူရစ်ပီးဒီးသည် မိမိရေးသော ပြဇာတ်များအတွက် ပထမဆု ငါးကြိမ် ရရှိ၏။

ယူရစ်ပီးဒီး၏ ပြဇာတ်များတွင် ခေတ်ရှေ့ပြေး အယူအဆ၊ စိတ်ကူးစိတ်သန်းများ ပါဝင်လေသည်။ သူ၏ ပြဇာတ်များတွင် လွမ်းခန်း သက်သက်ချည်းမဟုတ်ဘဲ တေးကဗျာ သီဆိုခန်း ကိုလည်း ကြားညှပ်ထည့်ပေး သည်။


ထိုကြောင့် ခေတ်ပြိုင်ပြဇာတ်ရေး ဆရာတို့၏သရော်ခြင်းကို ခံရ၏။ သို့ရာတွင် ဂရိ သဘာဝတ္ထဗေဒပညာ အယ်ရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂)ကမူ ယူရစ်ပီးဒီး၏ ပြဇာတ်များသည် လူ့သဘာဝကျ၍ စိတ်အာရုံကို အလွန် ထိခိုက်စေနိုင်သည်ဟု ဆိုလေသည်။

ယူရစ်ပီးဒီးသည် မကွယ်လွန်မီ နှစ်အနည်းငယ်ခန့်က မက်ဆီဒိုးနားပြည့်ရှင် အာခိလပ်ထံသို့ သွားရောက် ခစားရသည်။ ထိုပြည်၌ပင် ဘီစီ ၄ဝ၆ ခုနှစ်တွင် အနိစ္စရောက်သည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.