ရတနာဘုံမြင့်ကျောင်း
ရတနာဘုံမြင့်ကျောင်း သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တည်ရှိသည့် သမိုင်းဝင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခု ဖြစ်သည်။[1] သီပေါမင်းပိုင် အထက်မြန်မာပြည်မှ ဗြိတိသျှပိုင် အောက်ပြည်ကို စုန်ဆင်းကာ ကိုလိုနီခေတ်မော်လမြိုင်မြို့တွင် နေထိုင်ခဲ့သော မင်းတုန်းမင်း၏ စတုတ္ထမြောက်မိဖုရားတစ်ပါးဖြစ်သည့် စိန်တုံးမိဖုရား၏ လမ်းညွှန်မှုဖြင့် မန္တလေးမှ ဗိသုကာပညာရှင်တို့တို့ကို ခေါ်ယူကာ တည်ဆောက်ခဲ့သည်။[2] တည်ဆောက်မှု ကုန်ကျစရိတ်အားလုံးကို သူဌေးမ ဒေါ်ရွှေပွင့်က လှူဒါန်းခဲ့သည်။ ကျောင်းတော်သည် တော်ဝင်လက်မှုပညာလက်ရာများများကြောင့် ထင်ရှားသည်။ ကျောင်းတော်ကို ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရာမဆရာတော်ကို လှူဒါန်းခဲ့သည်။[3]
ရတနာဘုံမြင့်ကျောင် | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 16.488113°N 97.628499°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မော်လမြိုင်မြို့၊ မွန်ပြည်နယ် |
ဗိသုကာ | |
တည်ထောင်သူ | စိန်တုံးမိဖုရား |
ရံပုံငွေထောက်ပံ့သူ | ဒေါ်ရွှေပွင့် |
ပြီးစီး | ၁၈၈၆ |
ဤရတနာဘုံမြင့်ကျောင်းဝင်းရှိ ခဏ္ဏသိမ်သည် သာမညဆရာတော် လောင်းလျာ ခရစ်နှစ် ၁၉၃၀ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၉၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၅ရက်၊ သောကြာနေ့ နံနက်၇နာရီတွင် မော်လမြိုင်မြို့ ကြံခင်းကျောင်း ဆရာတော် ဘဒ္ဒန္တ အာစရကို ဥပဇ္ဇျယ်ပြုလျက် ခမည်းတော်ဦးတောက်အို၊ မယ်တော် ဒေါ်အုံးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သော နေရာလည်းဖြစ်ပါသည်။[4]