ရွှေညဝါ ဆရာတော်

ရွှေညဝါ ဆရာတော် ခေါ် အရှင်ပညာသီဟ သည် ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်မှ ကျောင်းထိုင် နာယက ဖြစ်သည်။ ၂၀၀၄ခုနှစ်မှ စကာ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပြီး ဗုဒ္ဓစာပေများကို ခေတ်နှင့်အညီ သင်ကြား ပို့ချပေးနေသော ဆရာတော်ဖြစ်သည်။ ကျောင်းတိုက်အတွင်း စာသင်သားသံဃာတော်များ အပါအဝင် သံဃာတော်အပါး ၅၀၀ လောက် သီတင်းသုံး နေထိုင်လျက်ရှိသည်။ ပရိယတ္တိသာသနာနုဂ္ဂဟ - ရန်ကုန်ဆန်လှူအသင်းကြီး၏ အကျိုးတော်ဆောင် ဓမ္မကထိက တာဝန်များကို ယခုအချိန်ထိ ထမ်းဆောင်လျက်ရှိသည်။ ပြည်ပ ထိုင်းနိုင်ငံရောက် တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူဆည်းပူးနေကြသော မြန်မာရဟန်းတော်များ၏ ဩဝါဒစရိယဆရာတော် တာဝန်ယူခဲ့သည်။[1] ဆရာတော်သည် အစိုးရ ဓမ္မစရိယ၊ ပါရဇိကဏ်ကျမ်းစွဲအောင်မြင်ခဲ့သလို အမျိုးသားဓမ္မာစရိယ စာမေးပွဲတွင် သာသနာပါလဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။

ရွှေညဝါဆရာတော်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဓမ္မအမည်Paññāsiha
ပညာသီဟ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသားဗမာလူမျိုး
မွေးဖွား၁၉၆၅ (အသက် ၅၅၅၆)
မန္တလေးတိုင်းရမည်းသင်းမြို့၊ ရွှေဒါးဂွေးကုန်းအုပ်စု၊ ဘုရားကုန်းကျေးရွာ
ရာထူး တာဝန်
ဌာနရန်ကုန်မြို့ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံ
ဂုဏ်ဒြပ်ဆရာတော်
ဘာသာရေးရာ
ရဟန်းခံခြင်း၂၇ ဝါ
ဝက်ဘ်ဆိုဒ်shwenyawar.com

သာဓုကျောင်းတိုက်တွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၊ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရခြင်း နှစ် ၂၀ ပြည့်အခမ်းအနား စသည်တို့ကို ဆရာတော်က ကျင်းပခွင့်ပေးခဲ့သည်။ ထို့အပြင် NLD ၏ အခြား နိုင်ငံရေးဆိုင်ရာပွဲများ၊ အလှူအတန်း ပြုလုပ်ခွင့်များကိုလည်း ဆရာတော်က ကျောင်းတိုက်တွင် ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ခရီးစဉ်အတွင်း ထင်ရှားသည့် လူမှုရေးလုပ်ငန်း လုပ်ဆောင်သူများနှင့် အတူ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၁-ခု၊ ဖေဖော်ဝါရီ ၁ဝ ရက်မှစ၍ ၂ဝ၁၂ ဖေဖေါ်ဝါရီ ၁၁ နေ့ထိ တစ်နှစ် တရားမဟောရန် ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့က ပိတ်ပင်ထားခဲ့သည်။ ရွှေညဝါ ဆရာတော်ကဲ့သို့ပင် ဦးသုမင်္ဂလ (ဒယ်အိုး) ဆရာတော်ကိုလည်း တရားဟောခွင့် ပိတ်ပင်ထားသည်။

၂၀၁၁-ခု၊ အောက်တိုဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆရာတော် အရှင်ပညာသီဟသည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရုံး ဆွမ်းကပ်လှူပွဲ၌ “ပင်ဝါးရုံ”ဆိုသော ဩဝါဒပေးခဲ့ခြင်းကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်အား ၂၀၁၁-ခု၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

၂၀၁၂-ခု၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ဆန္ဒအတိုင်း ကျောင်းတိုက်မှ ထွက်ခွာရန် ဝန်ခံကတိ လက်မှတ်ထိုးပေးခဲ့ပါသည်။ ၂၀၁၃ ခုနစ်၊ ဇွန်လ (၁၅) ရက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မြန်မာ များအား ဗုဒ္ဓဘာသာ ဝံသာနုအမျိုးသားစိတ်ဓာတ် ရင့်သန်စေရန်ဟောပြောခဲ့သည်။[2][3] [4]

ကိုးကား

  1. ရွှေညဝါဆရာတော်ဘုရားကြီး အရှင်ပညာသီဟ ထေရုပတ္တိ အကျဉ်း
  2. Shwe Nya War Sayadaw Tayarpwe (15 - 6 - 2013 ) Tokyo - YouTube
  3. RFA: Interview With Sayadaw Shwe Nya War - YouTube
  4. ဟို နဲ႔ ဒီ | MoeMaKa Burmese News & Media 22 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2013 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.