နိုင်ငံတော် သံဃမဟာနာယကအဖွဲ့

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေဝင်း၏ စီစဉ်ဆောင်ရွက်မှုနှင့် ၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀ ပြည့်နှစ် မေလ)တွင် ဂိုဏ်းပေါင်းစုံမှ သံဃာတော် (၁၂၀၀)ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်ကြီးအတွင်း၌ စတင်ဖွဲ့စည်းခဲ့ ပါသည်။

သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ထဲမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါသည်။ အဲဒီအထဲကမှ သံဃာ့မဟာနာယကဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့မှာ ရုံးထိုင်စေခဲ့သည်။

ရည်ရွယ်ချက်

  • သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဆောင်ရွက်ရန်။

(က) ဓမ္မဝါဒ အဓမ္မဝါဒဆိုင်ရာအဓိကရုဏ်းများ

ဗုဒ္ဓသာသာသနာတော်အတွင်း ဓမ္မ အဓမ္မ ငြင်းခုံနေသော အဓိကရုဏ်း (၇) မျိုးကို ဖြေရှင်းခဲ့သည်။

  1. ကျောက်သင်္ဘောဝါဒ
  2. လူသေလူဖြစ်ဝါဒ
  3. ကျောက်ပုံတောရဝါဒ၊
  4. ကြောင်ပန်းတောရဝါဒ၊
  5. ဓမ္မနီတိဝါဒ၊
  6. မိုးညိုဆရာတော်ဝါဒ(မြောက်ဥက္ကလာ)၊
  7. ဦးမာလာဝါဒ(ရေတာရှည်) စသည့် မတူကွဲပြားသောဝါဒများကို ဓမ္ဓ၊ အဓမ္ဓ စိစစ်ပြီး ဆုံးဖြတ်ခဲ့တာ တွေ့ရပါသည်။ သာသနာတော်မှာ သို့လော သို့လော ဖြစ်ပေါ်နေသည့်ဝါဒများကို မှန်မှန်ကန်ကန် ဖြေရှင်းပေးသည့်အတွက် အထိုက်အလျောက် အဓမ္မဝါဒများ ငြိမ်သွားကာ သာသနာတော်အတွက် အကျိုးရှိခဲ့သည်။

(ခ) ဝိနည်းဆိုင်ရာအဓိကရုဏ်းများ

ရဟန်းတော်များနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော ဝိနည်းဆိုင်ရာအဓိကရုဏ်း၊ ကျောင်းပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီးဖြစ်ပေါ်လာသော အဓိကရုဏ်းများကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ဗဟို သံဃာ့မဟာနာယက အဖွဲ့အဆင့်ဆင့်က စီမံဆုံးဖြတ် ရသည်။

ထိုသို့ စီစဉ်ဆုံးဖြတ်ရာတွင် လက်မှတ်အတုများသုံးပြီး မမှန်မကန် ဘက်လိုက် ဆုံးဖြတ်ခဲ့မှုတွေများ ရှိခဲ့သည်။
ဥပမာ= (ပြည်- ကျောင်းအမှု) လာဘ်စားမှု၊

ကောလင်း-ကျောင်းပိုင်ဆိုင်မှု လာဘ်စားမှု၊
  • မင်းကွန်း တိပိဋကဓရဆရာတော်ကြီး ဦးဝိစိတ္တသာရဘိဝံသ ကတောင် “ဒါလား သံဃာ့မဟာနာယကအဖွဲ့”ဟု ရှုတ်ချ ပြစ်တင်ခြင်းခံရပါသည်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.