ရွှေကျင်ဂိုဏ်း

ရွှေကျင်ဂိုဏ်း (ရွှေကျင်နိကာယ) သည် မြန်မာနိုင်ငံရှိ ဒုတိယအကြီးဆုံး ဗုဒ္ဓဘာသာ ရဟန်းတော်များ အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရဟန်းတော်များ၏ ငါးရာခိုင်နှုန်းခန့် (၅၀၀၀၀ ကျော်) သည် ဤဂိုဏ်းဝင်များ ဖြစ်ကြသည်။[1] ၁၉၉၀ ပြည့်နှစ် သံဃာအဖွဲ့အစည်းများ ဥပဒေအောက်တွင် တရားဝင် ဖွဲ့စည်းထားသော သံဃာဂိုဏ်း ကိုးခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။[2]

ရွှေကျင်ဂိုဏ်း
ရွှေကျင်နိကာယ
ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး (၂ ဖေဖော်ဝါရီ ၂၀၁၂)
အတိုကောက်ရွှေကျင်
ဖွဲ့စည်းခြင်း၁၈၀၀ ဆယ်စုနှစ်လယ်ပိုင်း
အမျိုးအစားBuddhist monastic order
ဌာနချုပ်မြန်မာနိုင်ငံ
အရေးကြီးပုဂ္ဂိုလ်များ
ရွှေကျင်ဆရာတော် ဦးဇာဂရ

သမိုင်းကြောင်း

မင်းတုန်းမင်းကြီးသည် ဝိနည်းသိက္ခာအလွန်လေးစား၍ အကျင့်ပဋိပတ်နှင့်ပြည့်စုံသော ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရကို အလွန်တရာကြည်ညို၍ သာသနာပိုင်အဖြစ် တင်မြှောက်လိုသော်လည်း တောင်နန်းမိဖုရားခေါင်စကြာဒေဝီ၏ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့် မောင်းထောင်ဆရာတော် ကိုသာသနာပိုင်တင်မြှောက်ခဲ့ရသည်။ အခါတစ်ပါး ရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင်ဆရာတော်ထံသွားရောက်ရာ စကားမပြောဆိုပဲ နေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ ယင်းနောက် ၁၂၁၄ ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် သုဓမ္မာသိုကြွရန်ဆင့်ဆိုရာမကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းအကြပ် ခေါ်ဆိုရန် စီမံရာတွင် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော် လွတ်လပ်စွာသီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏ တပည့်သံဃာတော်အဆက်ဆက်တို့ကို ရွှေကျင်ဂိုဏ်းဝင်ဟုခေါ်ဆိုကြသည်။

သာသနာပိုင်များ

မင်းတုန်းဘုရင်လက်ထက်မှစ၍ ယနေ့ခေတ်အထိ ရွှေကျင်သာသနာပိုင်အဖြစ် ထမ်းဆောင်တော်မူကြသော ဆရာတော်များမှာ အောက်ပါအတိုင်းဖြစ်သည်။[3]

  1. ရွှေကျင်ဆရာတော်ဘဒ္ဒန္တဇာဂရ
  2. မဟာဝိသုဒ္ဓါရုံဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓါစာရ
  3. ဒီပဲရင်းဆရာတော်ဘဒ္ဒန္တဥာဏဝရ
  4. ကျိုက္ကစံဆရာတော်ဘဒ္ဒန္တဥတ္တမ
  5. အလုံဆရာတော်ဘဒ္ဒန္တတိသ
  6. ချမ်းသာကြီးဆရာတော်ဘဒ္ဒန္တဇလိန္ဒ
  7. လှတောကြီးဆရာတော်ဘဒ္ဒန္တရာဇိန္ဒ
  8. ကျိုက်လတ်ပစ္ဆိမာရုံဆရာတော်ဘဒ္ဒန္တကောလာသ
  9. ကန္နီဆရာတော်ဘဒ္ဒန္တကောသလ္လ
  10. စံကင်းဆရာတော်ဘဒ္ဒန္တစန္ဒာဘိဝံသ
  11. မြောင်းမြဆရာတော်ဘဒ္ဒန္တဥာနဝံသာဘိဝံသ
  12. ကြေးမြင်ဆရာတော်ဘဒ္ဒန္တဇောတယာဘိဝံသ
  13. ရွှေဟင်္သာဆရာတော်ဘဒ္ဒန္တပဏ္ဍိတသိရီ
  14. ညောင်ရွှေကန်ကြီးဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသ
  15. ဝါဆိုဆရာတော်ဘဒ္ဒန္တအဂ္ဃိယပဏ္ဍိတ
  16. ဝိဇ္ဇောတာရုံဆရာတော်ဘဒ္ဒန္တဝိဇ္ဇောတ

ကိုးကား

  1. Archived copy 2008-12-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-04-12 တွင် ပြန်စစ်ပြီး။
  2. "Law and Religion in Burma" (2001). Legal Issues on Burma Journal (8). Burma Legal Council. Archived 14 March 2012 at the Wayback Machine.
  3. ရွှေကျင် သာသနာပိုင်များ (2 February 2018)။ 21 August 2020 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.