ဂဏဝိမုတ် (ကူးတို့) ဂိုဏ်း

ထားဝယ်မြို့နယ်၊ ကူးတို့ရွာဆရာတော် ဦးက္ကုန္ဒဝံသသည် တောရဆောက်တည်၍ တရားကျင့်သုံးလျက်ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ဂိုဏ်းအုပ်၊ဂိုဏ်းထောက်များက မကြာခဏ ဆင့်ခေါ်သဖြင့် ယင်းသို့ဆင့်ခေါ်ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး၊သုဓမ္မာ သာသနာပိုင်ထံ မေတ္တာစာတင်သွင်းခဲ့သည်။ သာသနာပိုင်ပခန်းဆရာတော်က ၁၂၅၈ ခု နှစ်တွင်ယင်းတောရကျောင်းဆရာတော်ကြီးကို ဆင့်ခေါ်ခြင်းမပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှ အလွတ် 'ဂဏဝိမုတ္တိ' (ဂဏ=ဂိုဏ်း၊ ဝိမုတ္တိ=လွတ်ခြင်း) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။ ထို့ကြောင့်ယင်းဆရာတော်ကြီး၏ တပည့်အစဉ်အဆက်တို့ကို 'ဂဏဝိမုတ္တိကူးတို့' ဂိုဏ်းဟု ခေါ်ဆိုကြသည်။ သုဓမ္မာဂိုဏ်းမှအလွတ်ဖြစ်သောကူးတို့ရွာမှ ဆရာတော်ကြီး၏ တပည့်သံဃာများဟုဆိုလိုသည်။ မူလဆရာတော်ကြီးသည် တောရဆောက်တည်၍ ကင်းလွတ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.