မူလဒွါရဂိုဏ်း

သက္ကရာဇ် ၁၂၁၄ခုနှစ်တွင် ဧရာဝတီတိုင်းဗြိတိသျှအစိုးရလက်ထက်အုတ်ဖိုမြို့(ယခုအင်္ဂပူမြို့)မှဆရာတော်အရှင်ဥက္ကံသဝိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကိုအကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင် ဆရာတော်များနှင့်အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည် မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊၀စီကံ၊မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊၀စီဒွါရ၊မနောဒွါရဟု ဒွါရဖြင့်ရှိခိုးမှ မှန်ကန်သည်ဟု အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။ (ယခုထိုသို့ဘုရားရှိခိုးသည်ကိုမတွေ့ရတော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)

ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော်(သုဓမ္မာဂိုဏ်း)က ကံဖြင့်ရှိခိုးမှမှန်ကန် ကြောင်းငြင်းခုံခဲ့သည်။ ထို့ကြောင့်အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်းဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင်ပြန်လည်ခေါ်ကြသည်။ ယင်းဒွါရဂိုဏ်းသည်

မူလဒွါရဂိုဏ်း

အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့် လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို့သောဒွါဂိုဏ်းသံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော် (၁)ရက်နှင့် လဆန်း (၁) ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲ ပြုကြသည်ာ ထိုသို့မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟု ခေါ်ဆိုကြသည်။

မူလဒွါရဟူသောအမည်၏ရှေ့တွင် 'ဓမ္မဝိနယာနုလောမ' ဟုထပ်ဆင့် ဝိသေသပြု ထားသည်။ ( ဓမ္မ + ဝိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း ဝိနည်းနှင့်လည်းကောင်းလျော်ညီသောဂိုဏ်းဟုဆိုလို၍ အမည်အပြည့်အစုံမှာ 'ဓမ္မဝိနယာ နုလောမူလဒွါရနိကာယ' ဂိုဏ်းဟုခေါ်ဆိုကြသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.