တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် (အင်္ဂလိပ်: Tipitakadhara Dhammabhandagarika) သည် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသာသနာရေး ဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်များအနက် တစ်ခု ဖြစ်သည်။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်၏ ဂုဏ်အင်္ဂါအရည်အချင်းများမှာ :

  1. ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်စွမ်းနိုင်၍ တိပိဋကဓရဘွဲ့တံဆိပ်တော် ဆက်ကပ် ခံရပြီးဖြစ်ခြင်း။
  2. ပိဋကတ်သုံးပုံ၏ ခဲရာခဲဆစ်မေးခွန်းတို့ကို ဖြေစွမ်းနိုင်၍ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။
  3. တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးနောက် (၅)နှစ် သက်တမ်း ပြည့်မြောက်ခြင်း။
  4. သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံခြင်း စသည်တို့ဖြစ်ကြသည်။[1]

သို့သော် ဤဘွဲ့တံဆိပ်တော်ကို တိပိဋကဓရ တိပိဋကကောဝိဒ အောင်မြင်ပြီး (၅)နှစ်ပြည့်သောအခါမှသာ ဆက်ကပ်သော ဘွဲ့တံဆိပ်တော်ဖြစ်ပါသည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.