ရှမ်းနီအမျိုးသားများတပ်မတော်

ရှမ်းနီအမျိုးသားများတပ်မတော် (အင်္ဂလိပ်: Shanni Nationalities Army; အတိုကောက် SNA) သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် လှုပ်ရှားနေသော ရှမ်းနီလက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်သည်။ SNA ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။

ရှမ်းနီအမျိုးသားများတပ်မတော်
Shanni Nationalities Army
မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများတွင် ပါဝင်
ရှမ်းနီအမျိုးသားများတပ်မတော်၏ အမှတ်တံဆိပ်
လှုပ်ရှားဇန်နဝါရီ ၂၀၁၆ (၂၀၁၆-၀၁) – လက်ရှိ
ခံယူချက်ရှမ်းနီ အမျိုးသားရေး
လှုပ်ရှားသည့် ဧရိယာကချင်ပြည်နယ် နှင့်စစ်ကိုင်းတိုင်းဒေသကြီး
အင်အား၁၀၀၀ ကျော် [1]
မဟာမိတ်မဟာမိတ်များ

မဟာမိတ် မဟုတ်သူများ

ပြိုင်ဘက် ကချင်လွတ်မြောက်ရေးတပ်မတော်
တိုက်ပွဲနှင့် စစ်ပွဲများမြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများ
အလံ

ရှမ်းနီအမျိုးသားတပ်မတော်(SNA)သည် ရှမ်းနီပြည်နယ်ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖော်ထွန်းရေး၊ ရှမ်းမျိုးနွယ်စုများ အားလုံး စည်းလုံး ညီညွတ်မှု ရရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် မူ (၅) ချက်ကို ချမှတ်အကောင်အထည်‌ဖော်လျက်ရှိသည်။ SNA သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းဆာ(ခေါ် )မိုင်းသာရှမ်း၊ တိုင်းလုံ(ခေါ် )ရှမ်းကြီး၊ တိုင်းနေ(ခေါ် )အထက်ရှမ်း၊ တိုင်းမောဝ်(ခေါ် )မောဝ်ရှမ်း၊ တိုင်းကဒူး(ခေါ် )ရှမ်းကဒူး၊ တိုင်းကနန်း(ခေါ် )ရှမ်းကနန်း၊ တိုင်းခွမ်(ခေါ်)မိုင်းခွမ်းရှမ်း၊ တိုင်းခမ်းတီး(ခေါ် )ခမ်းတီးရှမ်း၊ တိုင်းနိုင်း- တိုင်းလိုင်- တိုင်းချောင်း- တိုင်းလျဲန် ခေါ် ရှမ်းနီ စသည့် ရှမ်းမျိုးနွယ်စုများကို ကိုယ်စားပြု ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော် စသည့် မြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးရှိ ဟုမ္မလင်း၊ ခန္တီးနှင့်ဗန်းမောက် စသည့် မြို့နယ်များ၌ အခြေပြုလှုပ်ရှားလျက်ရှိသည်။ [5][6]

ကိုးကား

  1. "Without Territory, the Shanni Army’s Difficult Path to Recognition"။
  2. "Without Territory, the Shanni Army’s Difficult Path to Recognition"။
  3. "Red Shan form armed organisation"။
  4. "Sagaing Locals Demand Tatmadaw, Shanni Army Cease Fighting"။
  5. ""Red Shan" form army in northern Burma after demand for new state"၊ Shan Herald Agency for News၊ 25 January 2016 8 January 2018 တွင် ပြန်စစ်ပြီး
  6. "Ethnic clashes highlight fragile peace in Myanmar" (in en)၊ The Straits Times၊ 27 February 2016 8 January 2018 တွင် ပြန်စစ်ပြီး

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.