လီသီယမ်

လီသီယမ် (အင်္ဂလိပ်: Lithium) သည် နူးညံ့ပေါ့ပါး၍ ငွေရောင် ရှိသော ဒြပ်စင်ဖြစ်သည်။ လီသီယမ် (symbol Li) ဒြပ်စင်သည် periodic table တွင် ပထမဆုံးသော အယ်လ်ကာလီ အုပ်စု (group IA တွင်ပါဝင် ) ဖြစ်ပြီး၊ သဘာဝတွင် isotopes Li-6 and Li-7 များအနေဖြင့်တွေ့ရှိနိုင်ပါသည်။နူးညံ့ပေါ့ပါးပြီး ငွေရောင် ရှိသော ဒြပ်စင်ဖြစ်ပြီး နိမ့်ကျသော အရည်ပျော်မှတ် နှင့်အတူ ဓာတ်ပြုလွယ်သော ဒြပ်စင်ဖြစ်ပါသည်။ ၎င်းဒြပ်စင်၏ များပြားလှစွာသော ရုပ်ပိုင်းဆိုင်ရာ နှင့် ဒြပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများသည်လည်း periodic table ရှိ group IIA ရှိ alkaline earth metals များနှင့်လည်း ပိုတူညီကြပါသည်။

လီသီယမ်,  3Li
Lithium floating in oil
Spectral lines of lithium
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတလီသီယမ်, Li
အသံထွက်/ˈlɪθiəm/
LI-thee-əm
အဆင်းsilvery-white
ဒြပ်စင်အလှည့်ကျဇယားရှိ လီသီယမ်
H

Li

Na
ဟီလီယမ်လီသီယမ်ဘယ်ရီလီယမ်
အက်တမ် အမှတ်စဉ် (Z)3
အုပ်စုဘလော့group 1 (alkali metals), s-block
ဒြပ်စင်အလှည့်ကျဇယားperiod 2
ဒြပ်စင် ကဏ္ဍ  အယ်ကာလိုင်း သတ္တုများ
စံ အက်တောမစ် အလေးချိန် (Ar)6.94[1] (6.938–6.997)[2]
အီလက်ထရွန် ပြုပြင်မှု[He] 2s1
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 1
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်453.65 K (180.50 °C, 356.90 °F)
အရည်ဆူမှတ်1603 K (1330 °C, 2426 °F)
သိပ်သည်းမှု (အခန်းအပူချိန်)0.534 g/cm3
0.512 g/cm3
Critical point3220 K, 67 MPa (extrapolated)
ဖျူးရှင်းအပူ3.00 kJ/mol
အငွေ့ပျံခြင်း အပူ136 kJ/mol
မိုလာ အပူအင်အား24.860 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 797 885 995 1144 1337 1610
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ+1 (a strongly basic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 0.98
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 520.2 kJ/mol
2nd: 7298.1 kJ/mol
3rd: 11815.0 kJ/mol
အက်တောမစ် အချင်းဝက်empirical: 152 pm
ကိုဗေးလန့်အချင်းဝက်128±7 pm
ဗန်ဒါဝေါ့စ် အချင်းဝက်182 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ body-centered cubic (bcc)
အသံ၏အမြန်နှုန်း 6000 m/s (at 20 °C)
အပူ ပြန့်ကားမှု46 µm/(m·K) (at 25 °C)
အပူစီးကူးမှု84.8 W/(m·K)
လျှပ်စစ် ခုခံမှု92.8 nΩ·m (at 20 °C)
သံလိုက်ဓာတ်paramagnetic
သံလိုက် ထိတွေ့နိုင်မှု (χmol)+14.2·10−6 cm3/mol (298 K)[3]
Young's modulus4.9 GPa
Shear modulus4.2 GPa
Bulk modulus11 GPa
Mohs hardness0.6
Brinell hardness5 MPa
CAS Number7439-93-2
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုJohan August Arfwedson (၁၈၁၇)
ပထမဆုံး ခွဲထုတ်မှုWilliam Thomas Brande (၁၈၂၁)
Most stable isotopes of လီသီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
6Li 5% is stable with 3 neutrons
7Li 95% is stable with 4 neutrons
6Li content may be as low as 3.75% in
natural samples. 7Li would therefore
have a content of up to 96.25%.

လီသီယမ် ဂုဏ်သတ္တိများသည် ကယ်လိုရီနှင့် ဆင်တူပါသည်။ လီသီယမ်တွင်မြင့်မားသော အပူလျှပ်ကူးနိုင်စွမ်း နှင့် အလွန်နိမ့်ကျသော သိပ်သည်းဆများရှိပါတယ်။ လီသီယမ် သတ္တုများ သည် aliphatic amines အုပ်စုများတွင် ပျော်ဝင်ပြီး ethylamine အုပ်စုများနှင့်လည်း ဆင်တူပါတယ်။ သို့သော်လည်း hydrocarbon အုပ်စုများထဲတွင် ပျော်ဝင်ခြင်းမရှိပါ။

လီသီယမ်သည် ဇီဝဆိုင်ရာ ဓာတ်ပြုပစ္စည်းများ ၊ ဇီဝမဟုတ်သော ဓာတ်ပြုပစ္စည်းများနှင့် ဓာတ်ပြုပေါင်းစပ်သည်ကို တွေ့ရသည်။ လီသီယမ်သည် monoxide နှင့် peroxide ဖြစ်ပေါ်ရန် အောက်စီဂျင်နှင့် ဓာတ်ပြုပါသည်။ လီသီယမ်သည် နိုက်ထရိုဂျင်နှင့် အခန်းတွင်းအပူအချိန် တွင်ဓာတ်ပြုပြီး black nitrure ဟုခေါ်သော သတ္တုတစ်မျိုးကို ထုတ်လုပ်ပေးပါသည်။ black nitrure သည် 500 °C (930 °F) အပူအချိန် မှာ ဟိုက်ဒရိုဂျင်နှင့် အလွယ်တကူ ဓာတ်ပြုပြီး lithium hydride (LiH)ကို ဖြစ်ပေါ်စေပါသည်။ လီသီယမ်သတ္တုသည် ရေနှင့်ဓာတ်ပြုရန် ခက်ခဲပါသည်။ ကာဗွန်နှင့် တိုက်ရိုက် ဓာတ်ပြုနိုင်ပြီး carbure (carbide) ကို ထုတ်လုပ်ပေးပါသည်။ carbure သည် ဟေလိုဂျင်များ နှင့် လွယ်ကူ စွာ ပေါင်းစပ်ပြီး halogenures ကိုဖြစ်ပေါ်စေကာ အလင်းကို ထုတ်လွှတ် ပေးပါသည်။

အသုံးပြုခြင်း

အဓိက လီသီယမ် ဒြပ်ပေါင်းမှာ lithium hydroxide ဖြစ်ပါသည်။ ၎င်းသည် အဖြူရောင် ပေါင်ဒါမှုန့်အသွင်ရှိပြီး monohydrate lithium hydroxide ကိုထုတ်လုပ်ပေးပါသည်။ carbonate အား မြေအိုး (ကြွေအိုး အစရှိသောအိုးများ) ထုတ်လုပ်မှုတွင် အသုံးပြုနိူင်ပြီး ဆေးဘက်ဆိုင်ရာ ကုသရေးလုပ်ငန်းများတွင်လည်း အသုံးပြုပါသည်။ romine နှင့် lithium chloride တို့အာ ပြင်းအားကောင်းသော ဆားရည် (ပင်လည်ရေ) မှရရှိပြီး ၊(၎င်း ဆားရည်သည် ရှည်လျှားသော အပူချိန် ထောက်ပံ့မှုအောက်တွင် စိုးထိုင်းခြင်းကို စုပ်ယူနိုင်သော ဂုဏ်သတ္တိ ရှိပါသည်။ အဓိကစက်မှုလုပ်ငန်းများတွင် အသုံးပြုသော လီသီယမ်မှာ အရည်ခွံထူ တိရိစ္ဆာန် များမှရရှိသော အမဲဆီ (ချောဆီ) ပဲဖြစ်ပါတယ်။ အခြားအရေးပါသော လီသီယမ် ဒြပ်ပေါင်းများအား ဘထ္တရီအိုး များ၏ alkaline များ သိုလှောင်မှု သက်တမ်းကျယ်ပြန့်စေရန်အတွက်လည်း ထပ်ပေါင်း အသုံးပြုပါသည်။ လီသီယမ်သတ္တုစပ်များအား အလူမီနီယမ်၊ ကတ်ထ်မီယမ်၊ ကြေးနီ နှင့် မန်းဂနိစ် တို့နှင့်အတူကြီးမားသော လေယဉ်အစိတ်အပိုင်း တည်ဆောက်ခြင်းလုပ်ငန်းများတွင် အသုံးပြုပါသည်။

သဘာဝတွင် တွေ့ရှိရမှုအခြေအနေ

အယ်လ်ကာလီ သတ္တုများကဲ့သို့ လီသီယမ်တို့သည် ရေထဲတွင် အလွယ်တကူပဲ ဓာတ်ပြုနိုင်သော်လည်း သဘာဝတွင် လွတ်လပ်စွာ တည်မြဲခြင်းမရှိပေ။ လီသီယမ်သည် အသင့်အတင့် ပေါများကြွယ်ဝသော ဒြပ်စင်တစ်ခုဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် 65 ppm (parts per million) ခန့် တွေ့ရှိရပါသည်။ အမေရိကန်ပြည်ထောင်စုတွင် လီသီယမ်ကို နီဗားဒါးရှိ ပင်လည်ရေအိုင် (ဆားရည်အိုင်) များမှ ပြန်လည်ထုတ်ယူသည်ကို တွေ့ရပါသည်။ ချီလီနိုင်ငံရှိ ဆားရည်အိုင် အရင်းအမြစ်များမှ လည်း စီးပွားဖြစ် ထုတ်လုပ်နေကြပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် (လီသီယမ် သတ္တုရိုင်းများနှင့် ဆားရည်အိုင်များမှ) တစ်နှစ်လျှင် တန်ချိန်ပေါင်း (၄၀) တန်ခန့် ထုတ်လုပ်သည်ကို တွေ့ရှိရပါသည်။ သစ်ပင်များသည် လီသီယမ်ကို အလွယ်တကူစုပ်ယူနိုင်ပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

လောင်ကျွမ်းလွယ်သော ဒြပ်စင်ဖြစ်၍ မီးလောင်ခြင်းနှင့် ပေါက်ကွဲခြင်းများကို ဖြစ်ပေါ်စေပါသည်။ မီးလောင်ခြင်းမှ အဆိပ်သင့်စေသော ဓာတ်ငွေ့များကို ထုတ်လွှတ်ပါတယ်။ လောင်ကျွမ်းမှု မှရသော အငွေ့ကို ရှူရှိုက်မိသောအခါ ချောင်းဆိုးစေခြင်း၊ အသက်ရှူကြပ်ခြင်း နှင့် လည်းချောင်း နာခြင်းစသည့် သက်ရောက်မှုများကို ဖြစ်ပွားစေပါသည်။ အရေပြားများနီခြင်း၊ အရည်ပြား လောင်ခြင်း၊ နာကျင်ခြင်း ၊အရည်ကြည်ဖုများ ပေါ်ပေါက်လာနိုင်သည့်အပြင် မျက်လုံးများ နီမြန်းခြင်း ၊ မျက်စိနာခြင်း၊ မျက်စိအတွင်း နက်နဲစွာ ပူခြင်း ဖြစ်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေပါသည်။ ဝမ်းဗိုက်ကြွက်သားများတက်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းဗိုက် ပူလောင်မှုခံစားရခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း ၊ စိတ်ချောက်ခြားခြင်း၊ ပျို့အန်ခြင်း နှင့် အားနည်းခြင်းများမှာလည်း လီသီယမ် အဆိပ်ငွေ့၏ သက်ရောက်မှုကြောင့်ဖြစ်သည်။ဒြပ်စင်ကို ရှူရှိုက်ရာမှ အဆုတ်ရောဂါများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ အရေးပေါ်အခြေအနေတွင် ဓာတ်ငွေ့ကို မရှူရှိုက်မိစေရန် လိုအပ်သည့် စပရေးဘူးများ စီမံထားရှိရန် လိုအပ်လှပါသည်။

ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ

လီသီယမ်သည် လူ့ခန္ဓာကိုယ်ထဲသို့ ရှူရှိုက်ခြင်းအားဖြင့် ဝင်ရောက်နိုင်ပါသည်။ အပူချိန် ၂၀ ဒီဂရီဆဲဆီးယက်အောက်တွင် အငွေ့ပျံမှုမှာ ပမာဏမများပြားသော်လည်း အမှုန်များသည် လေထဲတွင် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့ သွားသော အခါ လျှင်မြန်စွာ ထိခိုက်စေနိုင်ပါသည်။ လီသီယမ်ဟာ လေနှင့်ထိ တွေ့သောအခါ အလိုအလျှောက် လောင်ကျွမ်းပြီး အရပ်မျက်နှာ အသီးသီးသို့ ပြန့်နှံ့သွားပါသည်။ အားကောင်းသော ဓာတ်တိုးခြင်းဖြစ်စဉ်များ ဖြစ်ပွားနိုင်သည့်အပြင် အက်ဆစ်များ ၊ တစ်ခြားသော ဒြပ်ပေါင်းများဖြစ်သည့် ဟိုက်ဒရိုကာဗွန်များ၊ သဲများ နှင့်အတူ ဓာတ်ပြုပါကလည်း မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း အန္တရာယ်များကို ဖြစ်ပွားစေတတ်ပါသည်။ ရေ နှင့် ဓာတ်ပြုခြင်းတွင် လောင်ကျွမ်းနိုင်သော ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ နှင့် လီသီယမ် ဟိုက်ဒရောဆိုဒ်အဆိပ်ငွေ့ များကို ထုတ်လွှတ်ပါသည်။ လီသီယမ်သည် နိုက်ထရိုဂျင်၊ အောက်ဆီဂျင်တို့နှင့် လေထဲတွင် ဓာတ်ပြုသည့်အခါ ရေခိုးရေငွေ့များကို ဖြစ်ပေါ်စေပါသည်။

ထို့ကြောင့် လီသီယမ်၏ မျက်နှာပြင်အား အခြားလီသီယမ်အရောနှောများ(LiOH, Li2CO3 ,Li3N) တို့နှင့် ရောနှောဖုန်းအုပ်ထားတတ်ကြပါသည်။ လီသီယမ်ဟိုက်ဒရောဆိုဒ် အန္တရာယ် အပေးနိုင်ဆုံးများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ရေသတ္တဝါများကို ပိုမိုထိခိုက်စေနိုင်ပါသည်။


ကိုးကား

  1. Conventional Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  3. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.