လျှပ်ကူးပစ္စည်း

လွတ်လပ်သော အီလက်ထရွန်များ အက်တမ်တစ်ခုမှ တစ်ခုသို့စီးဆင်းသွားသည့်အခါ လျှပ်စီး​ကြောင်းဖြစ်​ပေါ်လာသည်။အီလက်ထရွန်များ ​မြောက်များစွာစီးဆင်း​စေ​သော ပစ္စည်းကို လျှပ်ကူးပစ္စည်း (Conductor)ဟု​ခေါ်သည်။သတ္တုနှင့်ပြုလုပ်​သော ပစ္စည်းအများစုမှာ လျှပ်ကူးပစ္စည်း​ကောင်းများဖြစ်သည်။​ကြေးနီ၊​ငွေ၊အလူမီနီယမ်၊ဇင့်၊​ကြေးဝါနှင့်သံများ မှာလျှပ်ကူး​ကောင်းသည်။ထိုထဲတွင် ​ကြေးနီမှာ လျှပ်ကူးပစ္စည်းပြုလုပ်ရန် လျှပ်ကူးအ​ကောင်းဆုံးနှင့် ​ဈေးအသက်သာဆုံးဖြစ်သည်။

လျှပ်စစ်ထုတ်လုပ်ရာစက်ရုံများမှ လျှပ်စစ်သယ်ယူလာခြင်း

ခုခံအားနှင့် လျှပ်ကူးအား

လျှပ်ကူးပစ္စည်းတစ်ခု၏ ခုခံအားမှာ ထိုပစ္စည်းကိုပြုလုပ်​သော သတ္တုနှင့် မျက်နှာပြင်အ​ပေါ်မူတည်သည်။ထိုပစ္စည်း၏ ခုခံအားသည် မျက်နှာပြင် ကန့်လန့်ဖြတ်ဧရိယာနှင့် ​ပြောင်းပြန်အချိုးကျသည်။ဥပမာ-ဝါယာအထူတွင် ခုခံအားနည်းသည်။ထိုပစ္စည်း၏ ခုခံအားမှာ အလျားနှင့် တိုက်ရိုက်အချိုးကျသည်။[1]ဥပမာ- ရှည်လျား​သောဝါယာတွင် ခုခံအားများသည်။

  မှာ အလျား၊ A မှာ ကန့်လန့်ဖြတ် ဧရိယာ၊σ မှာ လျှပ်စီးကိန်း(အပူ​လျောက်ကိန်း)၊  ρမှာ ခုခံမှုအားကိန်း (resistivity)ဖြစ်သည်။  σနှင့်ρမှာ ကိန်း​သေဖြစ်သည်။ 

လျှပ်ကူးပစ္စည်းများ

Material ρ [Ω·m] at 20°C σ [S/m] at 20°C
Silver, Ag 1.59 × 10−8 6.30 × 107
Copper, Cu 1.68 × 10−8 5.96 × 107
Aluminum, Al 2.82 × 10−8 3.50 × 107

​ကြေးနီသည် လျှပ်စီးကိန်းမြင့်သည်။အပူ​ပေး၍အ​အေးခံထား​သော​ကြေးနီ (annealed copper)သည် နိုင်ငံတကာစံချိန်မီဖြစ်သည်။၎င်း၏ လျှပ်စီးကိန်းမှာ 58 MS/mဖြစ်သည်။[2]

​ငွေသည် ​ကြေးနီထက် လျှပ်စီးကိန်း ၆%ပိုများ​သော်လည်း စရိတ်များသဖြင့် လက်​​တွေ့တွင်အသုံးမပြု​ချေ။သို့​သော် ဂြိုဟ်တုကဲ့သို့​သော အထူးပစ္စည်းများတွင်သုံးသည်။

အလူမီနီယမ်ဝါယာများကို လျှပ်စစ်သွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်းတွင် အသုံးများသည်။​ကြေးနီ​အောက် ကုန်ကျမှုနည်းသည်။

ဝါယာအရွယ်အစား

ဝါယာများကို ၎င်း၏ ကန့်လန့်ဖြတ် ဧရိယာ​ကို တိုင်းတာသည်။နိုင်ငံများစွာတွင် အရွယ်အစားကို စတုရန်းမီလီမီတာဖြင့်တိုင်းသည်။

လျှပ်တန့်ကိန်း(permittivity)​ပေါ်မူတည်၍အမျိုးအစားခွဲခြားခြင်း
εr/εrလျှပ်စီးအပူလျှောက်ကူးခြင်းElectromagnetic propagation
0perfect dielectric
lossless medium
≪ 1low-conductivity material
poor conductor
low-loss medium
good dielectric
≈ 1lossy conducting materiallossy propagation medium
≫ 1high-conductivity material
good conductor
high-loss medium
poor dielectric
perfect conductor


ကိုးကား

  1. Wire Sizes and Resistance
  2. High conductivity coppers (electrical) Copper Development Association (U.K.)။ 2013-07-20 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.