လျှပ်စစ်သံလိုက်ပညာ
လျှပ်စစ်သံလိုက် သည် ရူပဗေဒ၏ ပညာရပ်အခွဲဖြစ်ပြီး လျှပ်စစ်သံလိုက်အား များကို လေ့လာသည်။ လျှပ်စစ်သံလိုက်အားသည် များသောအားဖြင့် သဘာဝတွင် အခြေခံကျသည့် ဆက်နွယ်မှုများဖြစ်သော အလင်း၊ လျှပ်စစ်စက်ကွင်း၊ သံလိုက်စက်ကွင်းတို့ကို ထုတ်ပေးသည်။ အခြားသော ဆက်နွယ်မှုများမှာ အားကောင်းစွာ အချင်းချင်းသက်ရောက်မှု၊ အားနည်းစွာ အချင်းချင်းသက်ရောက်မှုနှင့် ဒြပ်ဆွဲငင်အားတို့ဖြစ်ကြသည်။[1] လျှပ်စစ်သံလိုက်သည် ဂရိဘာသာ ἤλεκτρον, ēlektron နှင့် μαγνῆτις λίθος မှဆင်းသက်လာပြီး မဂ္ဂနီဆီယမ် ကျောက်ခဲ ဟုအဓိပ္ပာယ်ရသည်။ လျှပ်စစ်သံလိုက်သည် အိုင်းစတိုင်းအား ၁၉၀၅ ခုနှစ်တွင် အထူးနှိုင်းရသီအိရီကို ပေါ်ထွက်လာရန် ခေါ်ဆောင်စေခဲ့သည်။ လျှပ်စစ်သံလိုက်သည် အခြေခံအား ၄ ခု၏ တစ်ခုအဖြစ် ယူဆသော်လည်း စွမ်းအင်များပြားသောအခြေနေ၌ အားပျော့နှင့် လျှပ်စစ်သံလိုက်အားတို့သည် လျှပ်စစ်အားပျော့အဖြစ် ပေါင်းစပ်သွားသည်။
ကိုးကား
- Ravaioli၊ Fawwaz T. Ulaby, Eric Michielssen, Umberto (2010)။ Fundamentals of applied electromagnetics (6th ed.)။ Boston: Prentice Hall။ p. 13။ ISBN 978-0-13-213931-1။