ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ် (IATA: VTE, ICAO: VLVT) သည် လာအိုနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့မှ ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။ လေဆိပ်တွင် ပြည်တွင်း လေဆိပ်အဆောက်အဦး အဟောင်းတစ်ခု နှင့် ပြည်ပ လေဆိပ်ဆိပ်အဆောက်အဦး အသစ် တစ်ခု ရှိသည်။ လေဆိပ်၏ အဆုံးတစ်ဖက်တွင် လာအို လေတပ် တပ်စွဲရာ လေတပ်စခန်း တစ်ခု တည်ရှိသည်။
ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ် Wattay International Airport ສະໜາມບິນສາກົນວັດໄຕ ท่าอากาศยานนานาชาติวัตไต | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
အချက်အလက်များ | |||||||||||
အမျိုးအစား | Military/Public/Civil Aviation Authority | ||||||||||
စီမံကွပ်ကဲသူ | Military of Laos | ||||||||||
တည်နေရာ | Vientiane, Laos | ||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း | Lao Air Lao Airlines Lao Central Airlines | ||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၅၆၄ ပေ / ၁၇၂ မီတာ | ||||||||||
ကိုဩဒိနိတ် | 17°59′18″N 102°33′48″E | ||||||||||
ပြေးလမ်း | |||||||||||
| |||||||||||
ကိန်းဂဏန်း အချက်အလက်များ (2012) | |||||||||||
|
လာအိုနိုင်ငံ လေကြောင်းအဖွဲ့အစည်း၏ ရုံးချုပ်သည် လေဆိပ်ဧရိယာအတွင်းတွင် တည်ရှိသည်။ လာအို လေကြောင်းလိုင်း၏ ရုံးချုပ်သည်လည်း လေဆိပ်ဧရိယာတွင် တည်ရှိသည်။ မကြာသေးမှီက လာအိုလေကြောင်းလိုင်းသည် ရန်ကုန်မြို့သို့ ပြန်လည်ချိတ်ဆက် ပျံသန်းခဲ့သည်။
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ |
---|---|
AirAsia | ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ |
ဘန်ကောက် လေကြောင်းလိုင်း | ဘန်ကောက်-သုဝဏ္ဏဘူမိ |
Cambodia Angkor Air | ဟနွိုင်း၊ ဖနွမ်းပင် |
China Eastern Airlines | ကူမင်း၊ Nanning |
Jin Air | ဆိုးလ်-အင်ချွန် |
Lao Skyway | Sam Neua, Sayaboury |
လာအို လေကြောင်းလိုင်း | Ban Houayxay, ဘန်ကောက်-သုဝဏ္ဏဘူမိ၊ Busan, Changsha, Da Nang, Guangzhou, ဟနွိုင်း၊ ဟိုချီမင်းစီးတီး၊ ကူမင်း၊ Louang Namtha, Luang Prabang, Oudomxay, Pakse, ဖနွမ်းပင် (Suspended)၊ Savannakhet, Sayaboury, ဆိုးလ်-အင်ချွန်၊ စီရန်ရိ၊ စင်ကာပူ၊ Xieng Khouang |
ဆစ်အဲ လေကြောင်းလိုင်း | စင်ကာပူ (resumes 31 October 2016)[1] |
Sky Wings Asia Airlines | စီရန်ရိ |
T'way Airlines | Charter: ဆိုးလ်-အင်ချွန် |
ထိုင်းအဲအေးရှား လေကြောင်းလိုင်း | ဘန်ကောက်-ဒွန်မောင်း |
Thai Airways | ဘန်ကောက်-သုဝဏ္ဏဘူမိ |
Vietnam Airlines | ဟနွိုင်း၊ ဟိုချီမင်းစီးတီး၊ ဖနွမ်းပင်၊ Vinh |
ဝန်ဆောင်မှု
လေဆိပ်တွင် အောက်ဖော်ပြပါ ဝန်ဆောင်မှုများ ရရှိနိုင်သည်။
- ဘဏ်
- ဘား
- စားသောက်ဆိုင်
- အခွန်လွတ် စတိုးဆိုင်များ
- စာတိုက်
- ဈေးဆိုင်များ
- အင်တာနက် ကဖေး
လေဆိပ်သည် ကုန်စည်ပို့ဆောင်ရေးအတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး စာချုပ်ချုပ်ဆိုထားရှိပြီး လာအို-ဂျပန် လေဆိပ်အဆောက်အဦး ဝန်ဆောင်မှု ကုမ္ပဏီမှ လုပ်ကိုင်နေခြင်းဖြစ်သည်။
သယ်ယူပို့ဆောင်ရေး
လေဆိပ်ကို အငှားယာဉ်၊ ကား နှင့် တုတ်တုတ်ဟု ခေါ်သော သုံးဘီးဆိုင်ကယ် များဖြင့် ရောက်ရှိနိုင်သည်။ အငှားယာဉ် ရပ်နားရာ နေရာသည် ဆိုက်ရောက်ခန်းမ အပြင်ဘက်တွင် တည်ရှိသည်။
ကိုးကား
- SilkAir Resumes Laos Service from late-Oct 2016။ airlineroute။ 27 April 2016 တွင် ပြန်စစ်ပြီး။