ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် (KLIA) (IATA: KUL, ICAO: WMKK) သည် မလေးရှားနိုင်ငံအတွက်သာမက အရှေ့တောင်အာရှ နိုင်ငံများ၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည်။ ဆောက်လုပ်မှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီလျံရှိသည်။[1] ကွာလာလမ်ပူမြို့လယ်မှ တောင်ဘက် ၄၅ ကီလိုမီတာ (၂၈မိုင်) အကွာတွင် တည်ရှိသည်။
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် Lapangan Terbang Antarabangsa Kuala Lumpur | |||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အချက်အလက်များ | |||||||||||||||||||
အမျိုးအစား | Public | ||||||||||||||||||
ပိုင်ဆိုင်သူ | မလေးရှားနိုင်ငံ အစိုးရ | ||||||||||||||||||
စီမံကွပ်ကဲသူ | Malaysia Airports | ||||||||||||||||||
ဝန်ဆောင်မှု ဧရိယာ | Greater Klang Valley | ||||||||||||||||||
တည်နေရာ | မလေးရှားနိုင်ငံ | ||||||||||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
| ||||||||||||||||||
အချိန်ဇုန် | MST (UTC+08:00) | ||||||||||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၇၀ ပေ / ၂၁ မီတာ | ||||||||||||||||||
ဝက်ဘ်ဆိုဒ် | klia.com.my | ||||||||||||||||||
မြေပုံ | |||||||||||||||||||
WMKK | |||||||||||||||||||
ပြေးလမ်း | |||||||||||||||||||
| |||||||||||||||||||
ကိန်းဂဏန်း အချက်အလက်များ (2015) | |||||||||||||||||||
| |||||||||||||||||||
Sources: MAHB |
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မလေးရှားနိုင်ငံ၏ အကြီးဆုံးနှင့် ခရီးသည် အများဆုံး လေဆိပ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄၈ ၉၃၈ ၄၂၄ ဦးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး ကုန်တန်ချိန် ၇၂၆ ၂၃၀ တန် ကိုင်တွယ်နိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် ခရီးသည်အရေအတွက်အားဖြင့် ၂၃ ခု မြောက် အများဆုံး လေဆိပ်တစ်ခုဖြစ်သည်။
လေဆိပ်ကို မလေးရှားလေဆိပ် ကုမ္ပဏီမှ လည်ပတ်လျက်ရှိပြီး မလေးရှား လေကြောင်းလိုင်း၊ အဲအေးရှား လေကြောင်းလိုင်း၊ အဲအေးရှားအိတ်စ် လေကြောင်းလိုင်း၊ မလင်းဒို လေကြောင်းလိုင်း၊ ယူပီအက်စ် လေကြောင်းလိုင်း နှင့် ဂိတ်ဒင်း စရီ လေကြောင်းလိုင်းတို့၏ အဓိက အခြေစိုက် လေဆိပ်ဖြစ်သည်။
သမိုင်း
နောက်ခံအကြောင်းအရာ
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ စတင်တည်ဆောက်ခြင်း အခမ်းအနား ကို ၁၉၉၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ခဲ့သည်။ မဟာသီ မိုဟာမက် ဦးဆောင်သော အစိုးရ အဖွဲ့က လက်ရှိ ကွာလာလမ်ပူ လေဆိပ် (ယခု ဆူဘန် အပြည်ပြည်ဆိုင်ရာ လေဆိပ်)သည် ခရီးသည်ဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ လေဆိပ်ကို ထပ်မံတိုးချဲ့ရန် မဖြစ်နိုင်ခြင်း၊ တို့ကြောင့် လေဆိပ်အသစ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကွာလာလမ်ပူ လေဆိပ်အသစ် စီမံကိန်းသည် မလေးရှားနိုင်ငံ ဖွံ့ဖြိုးမှုစီမံကိန်း၏ တစ်စိတ်တစ်ဒေသ လည်း ဖြစ်သည်။
ကွာလာလမ်ပူ လေဆိပ်အသစ်တည်ဆောက်ပြီးစီးသော အခါ လေဆိပ် သင်္ကေတဖြစ်သော KUL ကိုလေဆိပ်အသစ်သို့ လွဲပြောင်းပေးခဲ့ရသည်။ လေဆိပ်အဟောင်း ဆူဘန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်အသေးများနှင့် စစ်လေယာဉ်များ ဆင်းသက်လျက်ရှိပြီး လေဆိပ် သင်္ကေတကို SZB ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။
လက်ရှိ
စတုရန်း ကီလိုမီတာ ၁၀၀ (၃၉ စတုရန်းမိုင်) ကို လေဆိပ်အဖြစ် အသုံးပြုထားသည်။[1] အဆိုပါ အကျယ်အဝန်းမှာ ကမ္ဘာလေဆိပ်များအကြား အကြီးဆုံး ဖြစ်သည်။ လေဆိပ်စီမံကိန်း အပြည့်အစုံမှာ အဆင့် (၃) ဆင့်ဖြင့် တည်ဆောက်ရန် ဖြစ်ပြီး လေယာဉ်ပြေးလမ်း (၅) ခု နှင့် လေဆိပ် အဆောက်အဦး (၂) ခု တည်ဆောက်ရန် ဖြစ်သည်။[2] အဆင့် (၁) တွင် တစ်နှစ်လျှင် ခရီးသည် ၂၅ သန်း ဝန်ဆောင်မှုပေးနိုင်သော လေဆိပ် အဆောက်အဦး တစ်ခု နှင့် လေယာဉ်ပြေးလမ်း ၂ ခု တည်ဆောက်ရန် ဖြစ်သည်။ အဆင့် (၂) တွင် တစ်နှစ်လျှင် ခရီးသည် ၃၅ သန်း ထိ ဝန်ဆောင်မှုပေးနိုင်သည်အထိ တိုးချဲ့ရန် အဆင့် (၃) တွင် တစ်နှစ်လျှင် ခရီးသည် သန်း ၁၀၀ အထိ ဝန်ဆောင်မှုပေးနိုင်သည်အထိ တိုးချဲ့ရန် ဖြစ်သည်။
စတင်ဖွင့်လှစ်ခြင်း အခမ်းအနား
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ထက် တစ်ပတ်စော၍ ၁၉၉၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ ညနေ ၈နာရီ မိနစ် ၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။ ပထမဆုံး ဆိုက်ရောက်လာသော ပြည်တွင်း လေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH1263 ဖြစ်ပြီး ခုအာတန် လေဆိပ်မှ ထွက်ခွာလာခြင်း ဖြစ်သည်။ ပထမဆုံး ဆိုက်ရောက်လာသော ပြည်တွင်းလေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH188 ဖြစ်ပြီး မော်ဒိုက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခြင်း ဖြစ်သည်။ ပထမဆုံး ပြည်တွင်းထွက်ခွာ လေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH1432 ဖြစ်ပြီး လန်ကာဝီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားခြင်း ဖြစ်သည်။ ပထမဆုံး ပြည်ပ ထွက်ခွာ လေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH84 ဖြစ်ပြီး ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားခြင်း ဖြစ်သည်။
ဖွင့်လှစ်စ အခြေအနေ
လေဆိပ် စတင်ဖွင့်လှစ်သော အခါ ပြဿနာများစွာကို ရင်ဆိုင်ရလေသည်။ လေယာဉ်ရပ်နားရာ ဂိတ်များ ပြဿနာဖြစ်ခြင်း၊ တန်ဆာအိတ်များ ကိုင်တွယ်သည့် စနစ် ချို့ယွင့်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တန်ဆာအိတ် များ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။[3] ပြဿနာ အများစုကို ဖြေရှင်းနိုင်ခဲ့သော်လည်း တန်ဆာအိတ် ကိုင်တွယ်သည့် စနစ်ကိုတော့ ၂၀၀၇ ခုနှစ်တွင် စနစ်တစ်ခုလုံး အစားထိုး လဲလှယ်လိုက်မှသာ ဖြေရှင်းနိုင်ခဲ့သည်။
အရှေ့အာရှ နိုင်ငံများ ဘဏ္ဍာရေးကပ်ဆိုက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး က်ဆိုက်မှုအပါအဝင် အခြားသော ကပ်ဆိုက်မှုတွေကြောင့် ခရီးသည်ဝင်ရောက်မှုများ လျော့ကျခဲ့ရသည်။ ခရီးသွားလာမှု လျော့နည်းခြင်းကြောင့် ၁၉၈၈ ခုနှစ်တွင် အောနီပွန် လေကြောင်းလိုင်း၊ ဗြိတိသျှ လေကြောင်းလိုင်း၊ နော့ဝှက်စ် လေကြောင်းလိုင်း အပါအဝင် အခြားလေကြောင်းလိုင်းများသည် ကွာလာလမ်ပူ ခရီးစဉ်ကို အရှုံးပေါ်သည့်အတွက် ဖျက်သိမ်းခဲ့ကြသည်။ ပထမဆုံးတစ်နှစ်အတွင်း ခရီးသည် ၂၅ သန်း ဝန်ဆောင်မှုပေးနိုင်သော လေဆိပ်အသစ်ကြီးတွင် ခရီးသည် ၁၃.၂ သန်းသာ ရှိသည်။[4] သို့သော် ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် အနည်းငယ် ပိုမိုများပြားလာက ၂၀၀၄ ခုနှစ်တွင် ၂၁.၁ သန်း၊ ၂၀၀၅ ခုနှစ်တွင် ၂၃.၂ သန်းစီ အသီးသီး ရှိခဲ့သည်။ သို့သော် အစိုးရ၏ ခန့်မှန်းချက်ဖြစ်သော ၂၀၀၃ ခုနှစ်တွင် ခရီးသည် ၂၅ သန်း ပြည့်မှီရေးမှာ မပြည့်မြှောက်ခဲ့ပေ။
လေယာဉ်ပြေးလမ်း
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေဆိပ်အဆောက်အဦး (၁) အတွက် ပြေးလမ်း (၁) ခု၊ လေဆိပ်အဆော်ကအဦး (၂) အတွက် ပြေးလမ်း (၁) ခု နှင့် လေဆိပ် အဆောက်အဦး (၂) ခုလံး အသုံးပြုနိုင်သော ပြေးလမ်း (၁) ခု စုစုပေါင်း ပြေးလမ်း (၃) ခု ရှိသည်။[5] ပြေးလမ်း ၂ ခုသည် လေယာဉ် ၂ စီး တစ်ပြိုင်နက် အတက်အဆင်း ပြုလုပ်နိုင်အောင် ၂ ကီလိုမီတာအကွာ တည်ဆောက်ထားသည်။
အခြေခံအဆောက်အဦး
Infrastructure | ||
---|---|---|
ခရီးသည် လေဆိပ်အဆောက်အဦးများ | ||
စုစုပေါင်း | လက်ရှိ | |
ဧရိယာ |
၇၃၇ ၂၄၉ m2 | |
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ |
သန်း ၇၀ (တစ်နှစ်လျှင်) | |
လေယာဉ်ရပ်နားနိုင်မှု |
၁၁၄ (aerobridge) ၄၈ (remote) | |
လေဆိပ် အဆောက်အဦး (၁) | ||
ဖွင့်လှစ်သည့်ရက် | ၂၇ ဇွန် ၁၉၉၈ | |
ဧရိယာ |
၃၃၆ ၀၀၀ m2 | |
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ |
၅ သန်း (တစ်နှစ်လျှင်) | |
လေယာဉ်ရပ်နားနိုင်မှု | ၂၀ (aerobridge) ၂၃ (remote) | |
ဂြိုဟ်တု လေဆိပ်အဆေက်အဦး (အေ) | ||
ဖွင့်လှစ်ရက် | ၂၇ ဇွန် ၁၉၉၈ | |
ဧရိယာ |
၁၄၃ ၄၀၄ m2 | |
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ |
သန်း ၂၀ (တစ်နှစ်လျှင်) | |
လေယာဉ်ရပ်နားနိုင်မှု |
၂၆ (aerobridge) ၁၅ (remote) | |
ကေအိုင်အယ်အေ (၂) | ||
ဖွင့်လှစ်ရက် | ၂ မေ ၂၀၁၄ | |
ဧရိယာ | ၂၅၇ ၈၄၅ m2 | |
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ |
၄၅ သန်း (တစ်နှစ်လျှင်) | |
လေယာဉ်ရပ်နားနိုင်မှု | ၆၈ (aerobridge) ၁၀ (remote) | |
ဘန်ဂါ နာရ ကွန်းပလက်စ် | ||
ဖွင့်လှစ်ရက် | ၂၇ ဇွန် ၁၉၉၈ | |
ဧရိယာ | ||
ဝန်ဆောင်မှု ပေးနိုင်သည့် ခရီးသည် ဦးရေ | ||
လေယာဉ်ရပ်နားနိုင်မှု | ၁ |
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
ခရီးသည်
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ | Terminal |
---|---|---|
Air Astana | Almaty | Satellite |
Air China | ပေကျင်း-မြို့တော် | Satellite |
Air India Express | Chennai | Satellite |
Air Mauritius | MauritiusNote 1 | Satellite |
AirAsia | Alor Setar, Banda Aceh, ဘန်ဒါစီရီဘီဂါဝန်၊ Bandung, Bangalore, ဘန်ကောက်-ဒွန်မောင်း၊ Bintulu, Cebu, Changsha, Chennai, ချင်းမိုင်၊ Clark, Colombo, Da Nang, Denpasar, Dhaka, Guangzhou, Guilin, ဟနွိုင်း၊ ဟိုက်ရိုင်၊ ဟိုချီမင်းစီးတီး၊ Hong Kong, Hyderabad, Jakarta–Soekarno–Hatta, Johor Bahru, Kalibo, Kaohsiung, Kochi, Kolkata, Kota Bharu, Kota Kinabalu, Krabi, Kuala Terengganu, Kuching, ကူမင်း၊ Labuan, Langkawi, Lombok, Macau, Makassar, Malé, Manila, Medan, Miri, Nanning, Padang, Palembang, Pattaya–U-Tapao, Pekanbaru, ပီနန်၊ ဖနွမ်းပင်၊ ဖူးခက်၊ Pontianak, Sandakan, Semarang, Shantou, Shenzhen, Sibu, စီရန်ရိ၊ စင်ကာပူ၊ Surabaya, Surat Thani, Tawau, Tiruchirapalli, ဗီယင်ကျန်း၊ Visakhapatnam, ရန်ကုန်၊ Yogyakarta | klia2 |
AirAsia X | Auckland, ပေကျင်း-မြို့တော်၊ Busan, Chengdu, Chongqing, Delhi, Gold Coast, Hangzhou, Jeddah, Kathmandu, Mauritius (begins 4 October 2016),[6] Medina (begins 1 November 2016),[7] Melbourne, Osaka–Kansai, Perth, Sapporo–Chitose, ဆိုးလ်-အင်ချွန်၊ ရှန်ဟိုင်း-ဖူတုန်း၊ Sydney, ထိုင်ဝမ်-ထောင်ယွမ်၊ Tehran–Imam Khomeini, တိုကျို-ဟာနဲ့ဒါ့၊ Xi'an | klia2 |
AirAsia Zest | Manila | klia2 |
All Nippon Airways | တိုကျို-ဟာနဲ့ဒါ့၊ (begins 30 October 2016),[8] တိုကျို-နာရိတ | Satellite |
ဘန်ကောက် လေကြောင်းလိုင်း | Koh Samui | Satellite |
Biman Bangladesh Airlines | Dhaka | Satellite |
British Airways | လန်ဒန်-ဟိသ်ရိုး | Satellite |
Cathay Pacific | Hong Kong | Satellite |
Cebu Pacific | Manila | klia2 |
China Airlines | ထိုင်ဝမ်-ထောင်ယွမ် | Satellite |
China Southern Airlines | Changsha, Guangzhou | Satellite |
EgyptAir | ဘန်ကောက်-သုဝဏ္ဏဘူမိ၊ Cairo | Satellite |
အဲမရိတ် လေကြောင်းလိုင်း | Dubai–International, Melbourne (ends 30 October 2016)[9] | Satellite |
Ethiopian Airlines | Addis Ababa, ဘန်ကောက်-သုဝဏ္ဏဘူမိ | Satellite |
Etihad Airways | Abu Dhabi | Satellite |
EVA Air | ထိုင်ဝမ်-ထောင်ယွမ် | Satellite |
Garuda Indonesia | Jakarta–Soekarno–Hatta | Satellite |
Indonesia AirAsia | Bandung, Denpasar, Jakarta–Soekarno–Hatta, Medan, Surabaya | klia2 |
Iran Air | Tehran–Imam Khomeini | Satellite |
Iraqi Airways | Baghdad | Satellite |
Japan Airlines | တိုကျို-နာရိတ | Satellite |
Jetstar Asia Airways | စင်ကာပူ | klia2 |
Flynas | Seasonal: Jeddah | Satellite |
KLM | Amsterdam, Jakarta–Soekarno–Hatta | Satellite |
Korean Air | ဆိုးလ်-အင်ချွန် | Satellite |
Lion Air | Jakarta–Soekarno–Hatta | Satellite |
Mahan Air | Tehran–Imam Khomeini | Satellite |
မလေးရှား လေကြောင်းလိုင်း | Adelaide, Alor Setar, Auckland, Bangalore, ဘန်ကောက်-သုဝဏ္ဏဘူမိ၊ ဘန်ဒါစီရီဘီဂါဝန်၊ ပေကျင်း-မြို့တော်၊ Bintulu, Chennai, Colombo, Darwin, Delhi, Denpasar, Dhaka, Guangzhou, ဟနွိုင်း၊ ဟိုချီမင်းစီးတီး၊ Hong Kong, Hyderabad, Jakarta–Soekarno–Hatta, Jeddah, Johor Bahru, Kathmandu, Kota Bharu, Kota Kinabalu, Kuala Terengganu, Kuantan, Kuching, Labuan, Langkawi, လန်ဒန်-ဟိသ်ရိုး၊ Manila, Medan, Melbourne, Miri, Mumbai, Osaka–Kansai, ပီနန်၊ Perth, ဖနွမ်းပင်၊ ဖူးခက်၊ Sandakan, ဆိုးလ်-အင်ချွန်၊ ရှန်ဟိုင်း-ဖူတုန်း၊ Sibu, စီရန်ရိ၊ စင်ကာပူ၊ Sydney, ထိုင်ဝမ်-ထောင်ယွမ်၊ Tawau, တိုကျို-နာရိတ၊ Xiamen, ရန်ကုန် | Main & Satellite |
Malindo Air | Amritsar, ဘန်ကောက်-ဒွန်မောင်း၊ Bandung, ချင်းမိုင် (begins 30 October 2016),[10] Colombo, Delhi, Denpasar, Dhaka, ဟနွိုင်း (begins 1 September 2016),[10] ဟိုချီမင်းစီးတီး၊ Hong Kong, Jakarta–Soekarno–Hatta, Johor Bahru, Kathmandu, Kochi, Kota Bharu, Kota Kinabalu, Kuching, Lahore, Langkawi, Medan (begins 30 August 2016),[10] Miri, Mumbai, ပီနန်၊ Perth, Sanya, စင်ကာပူ၊ ထိုင်ဝမ်-ထောင်ယွမ် (begins 10 September 2016),[10] Thiruvananthapuram, Tiruchirapalli, Wuhan | Main & Satellite |
Mega Maldives | Malé | klia2 |
Myanmar Airways International | ရန်ကုန် | Satellite |
Nepal Airlines | Kathmandu | Satellite |
Oman Air | Muscat, စင်ကာပူ | Satellite |
Pakistan International Airlines | Islamabad, Karachi, Lahore, Peshawar | Satellite |
Qatar Airways | Doha | Satellite |
Regent Airways | Dhaka | Satellite |
Royal Brunei Airlines | ဘန်ဒါစီရီဘီဂါဝန် | Satellite |
Royal Jordanian | Amman–Queen AliaNote 2 | Satellite |
Saudia | Jeddah, Riyadh | Satellite |
Shanghai Airlines | ရှန်ဟိုင်း-ဖူတုန်း | Satellite |
ဆစ်အဲ လေကြောင်းလိုင်း | စင်ကာပူ | Satellite |
စင်ကာပူ လေကြောင်းလိုင်း | စင်ကာပူ | Satellite |
SriLankan Airlines | Colombo | Satellite |
ထိုင်းအဲအေးရှား လေကြောင်းလိုင်း | ဘန်ကောက်-ဒွန်မောင်း | klia2 |
Thai Airways | ဘန်ကောက်-သုဝဏ္ဏဘူမိ | Satellite |
Tigerair | စင်ကာပူ | klia2 |
Turkish Airlines | Istanbul–Atatürk | Satellite |
ယူနိုက်တက် လေကြောင်းလိုင်း | Dhaka | Satellite |
Uzbekistan Airways | စင်ကာပူ၊ Tashkent | Satellite |
ဗီယက်ဂျက် လေကြောင်းလိုင်း | ဟိုချီမင်းစီးတီး | Satellite |
Vietnam Airlines | ဟနွိုင်း၊ ဟိုချီမင်းစီးတီး | Satellite |
XiamenAir | Fuzhou, Xiamen | Satellite |
ကုန်ပစ္စည်း
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ |
---|---|
Cargolux | Baku, Chennai, Luxembourg, စင်ကာပူ |
China Airlines Cargo | Chennai, Luxembourg, ပီနန်၊ ထိုင်ဝမ်-ထောင်ယွမ် |
FedEx Express | Cebu, Guangzhou, ပီနန်၊ စင်ကာပူ၊ တိုကျို-ဟာနဲ့ဒါ့ |
Gading Sari | Kota Kinabalu, Kuching, Miri |
Hong Kong Airlines | ဟောင်ကောင် |
Korean Air Cargo | ပီနန်၊ ဆိုးလ်-အင်ချွန် |
MASkargo | Amsterdam, Baku, Bangalore, Chennai, Dhaka, ဟနွိုင်း၊ ဟောင်ကောင်၊ Jakarta–Soekarno–Hatta, Kota Kinabalu, Kuching, Labuan, Manila, ပီနန်၊ ရှန်ဟိုင်း-ဖူတုန်း၊ Sydney, ထိုင်ဝမ်-ထောင်ယွမ်၊ တိုကျို-နာရိတ[11] |
Republic Express Airlines | Jakarta–Soekarno–Hatta |
Silk Way Airlines | Amsterdam, Baku[12] |
UPS Airlines | Anchorage, Atlanta, ဘန်ကောက်-သုဝဏ္ဏဘူမိ၊ Chicago–O'Hare, Dallas/Fort Worth, ဟောင်ကောင်၊ Los Angeles, Louisville, Manila, Miami, Mumbai, New York–JFK, Osaka–Kansai, ဆိုးလ်-အင်ချွန်၊ Shenzhen, ထိုင်ဝမ်-ထောင်ယွမ်၊ တိုကျို-နာရိတ၊ Toronto–Pearson, Vancouver |
မြေပြင်သယ်ယူပို့ဆောင်ရေး
လေဆိပ် အဆောက်အဦးအကြားပို့ဆောင်ရေး
လေဆိပ် အဓိက အဆောက်အဦး နှင့် ဂြိုဟ်တု လေဆိပ် အဆောက်အဦး ကြားကို ကောင်းကင်ရထားများဖြင့် ချိတ်ဆက်ထားရှိသည်။ ရထားတစ်စီးလျှင် ခရီးသည် ၂၅၀ သယ်ယူပို့ဆောင်နိုင်ပြီး တစ်နာရီလျှင် ခရီးသည် ၃၀၀၀ ကို ၅၆ ကီလိုမီတာ နှုန်းဖြင့် ပို့ဆောင်ပေးနိုင်သည်။ အဆိုပါ မောင်းသူမဲ့ ရထားများသည် မြေအောက်မှ ဖြတ်သန်းလာခဲ့ခြင်း ဖြစ်ပြီး ၂ မိနစ်ခန့်သာ ကြာမြင့်သည်။ ကောင်းကင်ရထား၏ အမြန်မှုန်း၊ ရပ်တန့်မှု၊ ဘူတာတွင် တံခါးဖွင့်မှု အစရှိသည့် လည်ပတ်မှု စနစ်တစ်ခုလုံးကို ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ထားသည်။
အဓိက လေဆိပ်အဆောက်အဦး နှင့် ကေအယ်အိုင်အေ ၂ တို့ကြားမှာတော့ ဘတစ်စ်ကား (KLIA Transit နှင့် KLIAEkspres) ဖြင့်
ရထား
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရထားဖြင့်လည်း လာရောက်နိုင်သည်။ ကွာလာလမ်ပူ၏ အဓိက ဘူတာ ဖြစ်သော ကေအယ်လ် စင်ထရယ်မှ ၅၇ ကီလိုမီတာ ရှည်လျားသော ရထားလမ်းမှ တဆင့် ရောက်နိုင်သည်။ ကွာလာမ်ပူ လေဆိပ်တွင် အဓိက လေဆိပ်အဆောက်အဦး နှင့် ကေအယ်အိုင်အေ (၂) လေဆိပ်အဆောက်အဦးတို့တွင် ဘူတာများ ရှိကြသည်။
အငှားကား
လေဆိပ်တွင် အငှားကား ကောင်တာများ ရှိကာ အဆိုပါ ကောင်တာများမှ အငှားကားများကို အလွယ်တကူ ငှားရမ်းနိုင်သည်။
ဘတ်စ်
မြောက်များစွာသော ဘတ်စ်ကားလိုင်းများမှ ကွာလာလမ်ပူ မြို့နှင့် လေဆိပ်အကြား ပြေးဆွဲလျက်ရှိသည်။
လေဆိပ်တိုးချဲ့မှုများ
စီမံထားရှိမှု
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း အကျဉ်းချုပ် | ||||
---|---|---|---|---|
အဆင့် | နှစ် | ဖော်ပြချက် | ||
အဆင့် ၁ | ၁၉၉၈ | - တစ်နှစ်လျှင် ခရီးသည် ၂၅ သန်း ဝန်ဆောင်မှု ပေးနိုင်ရန် | ||
၂၀၀၆ | - တန်ဖိုးနည်း လေဆိပ် အဆောက်အဦး အသစ် တည်ဆောက်ရန် - တစ်နှစ်လျှင် ခရီးသည် ၃၅ သန်း ဝန်ဆောင်မှု ပေးနိုင်ရန် | |||
အဆင့် ၂ | ၂၀၀၈ | - တန်ဖိုးနည်း လေဆိပ် အဆောက်အဦး ကို တိုးချဲ့အဆင့်မြှင့်ရန် - တစ်နှစ်လျှင် ခရီးသည် သန်း ၄၀ ဝန်ဆောင်မှု ပေးနိုင်ရန် | ||
အဆင့် ၃ |
၂၀၁၁ | - တန်ဖိုးနည်း လေဆိပ် အဆောက်အဦး အသစ်တစ်ခု တည်ဆာက်ရန် - တစ်နှစ်လျှင် ခရီးသည် ၅၅ သန်း ဝန်ဆောင်မှု ပေးနိုင်ရန် | ||
မသိရသေး | - ဂြိုဟ်တု လေဆိပ် အဆောက်အဦး (ဘီ) အသစ်တစ်ခု တည်ဆောက်ရန် - တစ်နှစ်လျှင် ခရီးသည် ၇၅ သန်း ဝန်ဆောင်မှု ပေးနိုင်ရန် | |||
အဆင့် ၄ |
မသိရသေး |
- လေဆိပ် အဆောက်အဦး (၂) နှင့် ဂြိုဟ်တု လေဆိပ် အဆောက်အဦး (စီ) အသစ် တည်ဆောက်ရန် - တစ်နှစ်လျှင် ခရီးသည် ၉၇.၅ သန်း ဝန်ဆောင်မှု ပေးနိုင်ရန် |
ပြခန်း
- Skybridge from Main Terminal Building to Pan Pacific Hotel (now known as Sama Sama Hotel)
- An Alternative View of the Satellite Terminal
- Baggage Claim Area
- KLIA Air Traffic Control (ATC) Tower
- An Air India Express Boeing 737-800 taxiing out, with China Southern Airlines Airbus A319 in the background
- An Uzbekistan Airways Airbus A310-200 preparing for departure
- An AirAsia Airbus A320-200 is being pushback
ကိုးကား
- History of KLIA (1998)။ 5 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2016 တွင် ပြန်စစ်ပြီး။
- Phases of KLIA (1998)။ 26 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2016 တွင် ပြန်စစ်ပြီး။
- KLIA's opening marked with problems။ Lim Kit Siang Media Release (July 1998)။
- "Passengers at Kuala Lumpur Airport up despite fewer airlines"၊ Asian Economic News၊ 6 August 2001။ 27 July 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 16 October 2015။
- For KLIA2, arrivals for can only use 32L while departures can only use 14R
- AirAsia X plans Mauritius Launch from Oct 2016။ Routes Online (19 May 2016)။ 19 May 2016 တွင် ပြန်စစ်ပြီး။
- AirAsia X Files Madinah Schedule from Nov 2016။ Routes Online (19 May 2016)။ 19 May 2016 တွင် ပြန်စစ်ပြီး။
- ANA Files Preliminary Tokyo Haneda New International Schedule in W16။ Routes Online (26 June 2016)။ 30 June 2016 တွင် ပြန်စစ်ပြီး။
- Emirates Ends Malaysia - Australia Service in Oct 2016။ routesonline။ 8 June 2016 တွင် ပြန်စစ်ပြီး။
- Malindo Air Outlines New International Routes Aug - Oct 2016။ routesonline။ 14 July 2016 တွင် ပြန်စစ်ပြီး။
- Network။ maskargo.com။
- MAB Kargo partners Azerbaijan carrier to expand cargo network။