ဆစ်အဲ လေကြောင်းလိုင်း
ဆစ်အဲ လေကြောင်းလိုင်း (အင်္ဂလိပ်: SilkAir) သည် စင်ကာပူနိုင်ငံ အခြေစိုက် လေကြောင်းလိုင်း ကုမ္ပဏီတစ်ခု ဖြစ်သည်။ စင်ကာပူ လေကြောင်းလိုင်း၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်ပြီး စင်ကာပူ နှင့် အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ နှင့် တခြားနိုင်ငံများ၊ မြို့များ အပါအဝင် စုစုပေါင်းမြို့ပေါင်း (၄၄) မြို့ကို ချိတ်ဆက်ပျံသန်းလျက်ရှိသည်။ စင်ကာပူလေကြောင်းလိုင်း ပျံသန်းမှုကွန်ရက်တွင် အဓိကနေရာတွင် ပါဝင်လျက်ရှိသည်။ ၂၀၁၃ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် မတ်လအထိ ဆစ်အဲလေကြောင်းလိုင်း မှ ခရီးသည် ၃.၄၁၁ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး အမြတ်ငွေ စင်ကာပူဒေါ်လာ ၃၄.၅ သန်း ရှာဖွေနိုင်ခဲ့သည်။
![]() | |||||||
| |||||||
တည်ထောင် | ၁၉၇၆ (as Tradewinds Charters) | ||||||
---|---|---|---|---|---|---|---|
စတင်ပျံသန်း | ၁၉၉၂ | ||||||
မိခင်ဌာန | စင်ကာပူ ချန်ဂီလေဆိပ် | ||||||
ဖောက်သည်အစီအစဉ် | KrisFlyer | ||||||
အနားယူနေရာ | KrisFlyer Gold Lounge, SilverKris Lounge | ||||||
လေယာဉ်ပေါင်း | ၂၉ | ||||||
ပျံသန်းဌာနေပေါင်း | ၅၁ | ||||||
ဆောင်ပုဒ် | A joy to fly | ||||||
မိခင်ကုမ္ပဏီ | စင်ကာပူ လေကြောင်းလိုင်း | ||||||
ဌာနချုပ် | စင်ကာပူ | ||||||
အရေးပါသူများ | Leslie Thng (Chief Executive)[1] | ||||||
အမြတ်အစွန်း | ![]() | ||||||
ဝင်ငွေ | ![]() | ||||||
အသားတင်ဝင်ငွေ | ![]() | ||||||
ဝန်ထမ်း | ၁,၄၅၂ (၃၁ မတ် ၂၀၁၄) | ||||||
ဝက်ဘ်ဆိုဒ် | www.silkair.com |
၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ စာရင်းများအရ ဆစ်အဲ လေကြောင်းလိုင်းတွင် ဝန်ထမ်းပေါင်း ၁၄၆၂ ဦးရှိသည်။
သမိုင်း

၁၉၇၅ ခုနှစ်တွင် ထရတ်ဝင်းစ် စင်းလုံးငှား လေကြောင်းလိုင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး မိခင် စင်ကာပူ လေကြောင်းလိုင်းမှ လေယာဉ်များငှားရမ်းကာ ပျံသန်းခဲ့သည်။[2] ပုံမှန် ခရီးစဉ်များကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထရတ်ဝင်းစ် လေကြောင်းလိုင်းအဖြစ် စတင်ပြေးဆွဲခဲ့ပြီး ဘန်ဒါဆရီဘဂါဝမ်၊ ပတ္တရား၊ ဖူးခက်၊ ဟက်ရိုင်၊ ကွမ်တန် တို့ကို ပျံသန်းခဲ့သည်။ ထို့နောက် ဂျကာတာ၊ ဖနွမ်းပင်၊ ရန်ကုန် မြို့တို့ကို တိုးချဲ့ပျံသန်းခဲ့သည်။ လေကြောင်းလိုင်းသည် တစ်ဆထက် တစ်ဆ ပိုမိုကျယ်ပြန့်လာပြီး စီးပွားရေးအရ ခရီးသွားလာသူများကိုပါ ဆွဲဆောင်လာနိုင်ခဲ့သည်။
ဈေးကွက်အရ ပြောင်းလဲမှုများကို ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လေကြောင်းလိုင်းနာမည် အသစ်နှင့် အမှတ်တံဆိပ် ပြောင်းလဲခြင်းတို့နှင့်အတူ အကောင်အထည် ဖော်ခဲ့သည်။ လေကြောင်း အမှတ်တံဆိပ် ပြန်လည်ဆန်သစ်ခြင်းဟာ ဘိုရင်း ၇၃၇-၃၀၀ အသစ် ၆ စီး နှင့် အတူ ပေါက်ဖွားလာခဲ့သည်။ ၁၉၉၀ နှစ်လည်ပိုင်းတွင် အဲဘတ်စ် အေ၃၁၀-၂၀၀ (၂) စီးကို အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံသို့ တိုးချဲ့ပျံသန်းရန်အတွက် ဝယ်ယူခဲ့သည်။ ဆစ်အဲ လေကြောင်းလိုင်းသည် လေယာဉ်အတွင်း ရုပ်ရှင်ကြည့်ရှုနိုင်သော ပထမဆုံး အာရှလေကြောင်းလိုင်း တစ်ခု ဖြစ်လာခဲ့သည်။
၂၀၁၅ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် ဆစ်အဲ လေကြောင်းလိုင်းသည် တူညီဝတ်စုံ အသစ်ကို မိတ်ဆက်ခဲ့သည်။ သက်တမ်း ၂၆ နှစ်အတွင်း စတုတ္ထအကြိမ် တူညီဝတ်စုံ ပြောင်းလဲခြင်း ဖြစ်သည်။ အပြာနုရောင်သည် အငယ်တန်း လေယာဉ်မောင်/မယ် များအတွက် ဖြစ်ပြီး နီညိုရောင်သည် အကြီးတန်း လေယာဉ်မောင်/မယ်များ အတွက် ဖြစ်သည်။ နှစ်မျိုးလုံးအတွက် အပြာရင့်ရောင် စကတ်နှင့် တွဲဖက်ထားသည်။[3]
စီးပွားရေး တိုးတက်လာမှု

ဆစ်အဲ လေကြောင်းလိုင်း၏ နှစ်အလိုက် စီးပွားရေး တိုးတက်မှုကို အောက်ပါဇယားတွင် ဖော်ပြထားသည်။ ဘဏ္ဍာရေးမှာ နှစ်စဉ် မတ်လ ၃၁ တွင် ပြီးဆုံးသည်။
နှစ်စဉ် မတ်လ (၃၁) နေ့ထိ | |||||||
---|---|---|---|---|---|---|---|
၂၀၀၉ | ၂၀၁၀ | ၂၀၁၁ | ၂၀၁၂ | ၂၀၁၃ | ၂၀၁၄ | ၂၀၁၅ | |
ဝင်ငွေစုစုပေါင်း (စင်ကာပူဒေါ်လာ သန်းပေါင်း) | ၅၄၆.၃ | ၅၃၈.၅ | ၆၇၀.၃ | ၇၅၀.၈ | ၈၄၆.၀ | ၈၅၆.၆ | ၉၀၂.၅ |
အမြတ်စုစုပေါင်း (စင်ကာပူဒေါ်လာ သန်းပေါင်း) | ၃၃.၆ | ၄၉.၂ | ၁၂၁.၄ | ၁၀၄.၆ | ၉၆.၇ | ၃၄.၅ | ၄၀.၈ |
ခရီးသည် အရေအတွက် (ထောင်ပေါင်း) | ၁၉၅၄ | ၂၃၅၆ | ၂၇၆၄ | ၃၀၃၂ | ၃၂၉၅ | ၃၄၁၁ | ၃၅၅၃ |
ခရီးသည် ပြောင်းလဲမှု | ![]() |
![]() |
![]() |
![]() |
![]() |
![]() | |
ခရီးသည် ပါဝင်မှု ရာခိုင်နှုန်း (%) | ၇၂.၅ | ၇၇.၁ | ၇၆.၄ | ၇၅.၇ | ၇၃.၆ | ၆၉.၆ | ၇၀.၂ |
လေယာဉ် အရေအတွက် (နှစ်ကုန်ချိန်) | ၁၆ | ၁၈ | ၁၈ | ၂၀ | ၂၂ | ၂၄ | ၂၇ |
ဝန်ထမ်းအရေအတွက် (နှစ်ကုန်ချိန်) | ၈၇၆ | ၉၄၄ | ၁၁၁၆ | ၁၁၉၂ | ၁၃၆၀ | ၁၄၆၂ | ၁၄၅၂ |
ရင်းမြစ်များ | [4][5] | [4][6] | [4][6] | [4] | [4] | [7] | [8] |
ပျံသန်းရာမြို့များ
ဆစ်အဲ လေကြောင်းလိုင်းသည် ယခုအခါ စင်ကာပူမှ အခြား မြို့ပေါင်း (၅၀) သို့ ပျံသန်းလျက်ရှိသည်။
အခြေစိုက် | |
အနာဂတ် | |
ရပ်ဆိုင်း |
နိုင်ငံ | မြို့ | လေဆိပ် | မှတ်ချက် | ညွှန်း |
---|---|---|---|---|
ဩစတြေးလျနိုင်ငံ | Cairns | Cairns Airport | [9] | |
ဩစတြေးလျနိုင်ငံ | Darwin | Darwin International Airport | [10] | |
ဘရူနိုင်းနိုင်ငံ | ဘန်ဒါဆရီဘဂါဝမ် | ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် | စင်ကာပူ လေကြောင်းလိုင်း အတွက်ပျံသန်း | |
ကမ္ဘောဒီးယားနိုင်ငံ | ဖနွမ်းပင်မြို့ | ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||
ကမ္ဘောဒီးယားနိုင်ငံ | စီရန်ရိ | စီရန်ရိ အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||
အရှေ့တီမောနိုင်ငံ | ဒီလီ | Presidente Nicolau Lobato International Airport | တီမော လေကြောင်းလိုင်း အတွက် ပျံသန်း | |
နီပေါနိုင်ငံ | Kathmandu | Tribhuvan International Airport | ||
အိန္ဒိယနိုင်ငံ | ဘန်ဂလို | Bengaluru International Airport | ||
အိန္ဒိယနိုင်ငံ | ချန်နိုင်း | Chennai International Airport | ||
အိန္ဒိယနိုင်ငံ | ကိုအင်ဘတောမြို့ | Coimbatore International Airport | ||
အိန္ဒိယနိုင်ငံ | Hyderabad | Rajiv Gandhi International Airport | ||
အိန္ဒိယနိုင်ငံ | Kochi | Cochin International Airport | ||
အိန္ဒိယနိုင်ငံ | ကိုလ်ကတ္တား | Netaji Subhash Chandra Bose International Airport | ||
အိန္ဒိယနိုင်ငံ | Thiruvananthapuram | Trivandrum International Airport | ||
အိန္ဒိယနိုင်ငံ | Visakhapatnam | Visakhapatnam Airport | [11] | |
အင်ဒိုနီးရှားနိုင်ငံ | ဘာလစ်ပါပန် | Sultan Aji Muhammad Sulaiman Airport | ||
အင်ဒိုနီးရှားနိုင်ငံ | ဘန်ဒေါင်း | Husein Sastranegara International Airport | ||
အင်ဒိုနီးရှားနိုင်ငံ | ဒန်ပါဆာ | Ngurah Rai International Airport | [12] | |
အင်ဒိုနီးရှားနိုင်ငံ | ဂျာကတာ | Soekarno–Hatta International Airport | ရပ်ဆိုင်း | [13] |
အင်ဒိုနီးရှားနိုင်ငံ | Lombok | Lombok International Airport | ||
အင်ဒိုနီးရှားနိုင်ငံ | Makassar | Sultan Hasanuddin International Airport | [14] | |
အင်ဒိုနီးရှားနိုင်ငံ | Manado | Sam Ratulangi International Airport | ||
အင်ဒိုနီးရှားနိုင်ငံ | Medan | Kuala Namu International Airport | ||
အင်ဒိုနီးရှားနိုင်ငံ | Medan | Polonia International Airport | ရပ်ဆိုင်း | |
အင်ဒိုနီးရှားနိုင်ငံ | Padang | Minangkabau International Airport | ရပ်ဆိုင်း | [15] |
အင်ဒိုနီးရှားနိုင်ငံ | Palembang | Sultan Mahmud Badaruddin II Airport | ||
အင်ဒိုနီးရှားနိုင်ငံ | Pekanbaru | Sultan Syarif Qasim II International Airport | ||
အင်ဒိုနီးရှားနိုင်ငံ | Semarang | Achmad Yani International Airport | [14] | |
အင်ဒိုနီးရှားနိုင်ငံ | Solo | Adisumarmo International Airport | ရပ်ဆိုင်း | [16] |
အင်ဒိုနီးရှားနိုင်ငံ | Surabaya | Juanda International Airport | ||
အင်ဒိုနီးရှားနိုင်ငံ | Yogyakarta | Adisucipto International Airport | [17] | |
မကာအို | မကာအို | မကာအို အပြည်ပြည်ဆိုင်ရာ လေဆိပ် | ရပ်ဆိုင်း | [18] |
မလေးရှားနိုင်ငံ | ကိုတာကင်နာဘာလူး | Kota Kinabalu International Airport | ||
မလေးရှားနိုင်ငံ | ကွာလာလမ်ပူ | ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||
မလေးရှားနိုင်ငံ | Kuantan | Sultan Haji Ahmad Shah Airport | ရပ်ဆိုင်း | |
မလေးရှားနိုင်ငံ | ကူချင်း | Kuching International Airport | ||
မလေးရှားနိုင်ငံ | Langkawi | Langkawi International Airport | ||
မလေးရှားနိုင်ငံ | ပီနန် | ပီနန် အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||
မောဒိုက် | Male | Ibrahim Nasir International Airport | [19] | |
မြန်မာနိုင်ငံ | မန္တလေး | မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် | [20] | |
မြန်မာနိုင်ငံ | ရန်ကုန် | ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||
ဖိလစ်ပိုင်နိုင်ငံ | စီဘူး | Mactan-Cebu International Airport | ||
ဖိလစ်ပိုင်နိုင်ငံ | Davao | Francisco Bangoy International Airport | ||
ဖိလစ်ပိုင်နိုင်ငံ | Kalibo | Kalibo International Airport | [20] | |
တရုတ်နိုင်ငံ | ချန်ဆား | Changsha Huanghua International Airport | ||
တရုတ်နိုင်ငံ | ချင်းဒူ | Chengdu Shuangliu International Airport | ||
တရုတ်နိုင်ငံ | Chongqing | Chongqing Jiangbei International Airport | ||
တရုတ်နိုင်ငံ | ဖူကျိုး | Fuzhou Changle International Airport | ရပ်ဆိုင်း | [15] |
တရုတ်နိုင်ငံ | ဟန်ကျိုး | Hangzhou Xiaoshan International Airport | ရပ်ဆိုင်း | [21] |
တရုတ်နိုင်ငံ | ကူမင်း | ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||
တရုတ်နိုင်ငံ | Shenzhen | Shenzhen Bao'an International Airport | ||
တရုတ်နိုင်ငံ | ဝူဟန့် | Wuhan Tianhe International Airport | ||
တရုတ်နိုင်ငံ | Xiamen | Xiamen Gaoqi International Airport | ||
စင်ကာပူနိုင်ငံ | စင်ကာပူ | စင်ကာပူ ချန်ဂီလေဆိပ် | အခြေစိုက် | |
ထိုင်ဝမ် | ကောင်းရှုံ | Kaohsiung International Airport | ရပ်ဆိုင်း | [22] |
ထိုင်းနိုင်ငံ | ဘန်ကောက် | သုဝဏ္ဏဘူမိလေဆိပ် | ||
ထိုင်းနိုင်ငံ | ချင်းမိုင် | ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||
ထိုင်းနိုင်ငံ | Koh Samui | Samui Airport | ||
ထိုင်းနိုင်ငံ | Krabi | Krabi Airport | ရပ်ဆိုင်း | [18] |
ထိုင်းနိုင်ငံ | ဖူးခက် | ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||
ဗီယက်နမ်နိုင်ငံ | ဒါနန် | Da Nang International Airport | ||
ဗီယက်နမ်နိုင်ငံ | ဟနွိုင်း | နွိုင်ဘိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် | ||
အကျိုးတူ ပူးပေါင်းမှု
ဆစ်အဲ လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ လေကြောင်းလိုင်းများနှင့် အကျိုးတူပူးပေါင်း ပျံသန်းလျက်ရှိသည်။
- နယူးဇီလန် လေကြောင်းလိုင်း
- ဘန်ကောက် လေကြောင်းလိုင်း
- ဂါလူဒ အင်ဒိုနီးရှား လေကြောင်းလိုင်း
- မလေးရှား လေကြောင်းလိုင်း
- ရှန်းကျန်း လေကြောင်းလိုင်း
- စင်ကာပူ လေကြောင်းလိုင်း
- ဗားဂျင်း လေကြောင်းလိုင်း
- ဗစ်စတာရ လေကြောင်းလိုင်း
လေယာဉ်များ
_at_Francisco_Bangoy_International_Airport.jpg.webp)

_(4337249088).jpg.webp)
၁၉၈၉ ခုနှစ် ဆစ်အဲ လေကြောင်းလိုင်း စတင်ချိန်က လေယာဉ် (၂) စီး ငှား၍ စတင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဘိုးရင်း ၇၃၇-၃၀၀ လေယာဉ် (၆) စီးကို စတင်ဝယ်ယူခဲ့သည်။ ဆစ်အဲ လေကြောင်းလိုင်းသည် အဲဘတ်စ် အေ၃၁၀-၂၀၀ ကို ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ စင်ကာပူ လေကြောင်းလိုင်း ထံသို့ မလွဲပြောင်းသေးခင် အချိန်အထိအသုံးပြုခဲ့သည်။ ၁၉၉၈ ခုနှစ် အဲဘတ်စ် အသစ်များ ရောက်လာသောအခါ ဘိုးရင်း လေယာဉ်တွေကို အနားပေးခဲ့သည်။ ၁၉၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဆစ်အဲ လေကြောင်းလိုင်းသည် သူ၏ ပထမဆုံး အေ ၃၁၉-၁၀၀ လေယာဉ်ကို လက်ခံရယူခဲ့သည်။ အေ ၃၁၉ လေယာဉ်သည် ယခုအခါ အချို့သော အရှေ့တောင်အာရှ နိုင်ငံများ နှင့် အိန္ဒိယ ခရီးစဉ်တွင် အသုံးပြုလျက်ရှိသည်။ ယခုအခါ အဓိကအားဖြင့် အေ ၃၂၀ လေယာဉ်များကိုသာ အသုံးပြုလျက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အဲဘတ်စ် အေ ၃၂၀-၂၀၀ လေယာဉ် (၁၁) စီး ထပ်မံဝယ်ယူရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ လေယာဉ် (၁၁) စီးသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရောက်ရှိလာခဲ့သည်။[23]
၂၀၁၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ဆစ်အဲ လေကြောင်းလိုင်း နှင့် ဘိုးရင်း ကုမ္ပဏီတို့အကြား လေယာဉ် (၆၈) စီး ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူညီမှုတွင် ဘိုးရင်း၇၃၇-၈၀၀ လေယာဉ် (၂၃) စီး၊ ဘိုးရင်း ၇၃၇-မတ်စ် (၃၁) စီး နှင့် တခြား လေယာဉ် (၁၄) စီး ဝယ်ယူခွင့် ရရှိမည် ဖြစ်သည်။[24] ဘိုးရင်း ၇၃၇ လေယာဉ်များကို အေ ၃၂၀ လေယာဉ်အဟောင်းများ နေရာတွင် အစားထိုးမည် ဖြစ်ပြီး ခရီးစဉ် အသစ်များကိုလည်း တိုးချဲ့ပျံသန်းမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆစ်အဲ လေကြောင်းလိုင်းသည် ဘိုးရင်း ၇၃၇-၈၀၀ ပထမဆုံး အစီးကို လက်ခံရရှိခဲ့သည်။[25]
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ အချက်အလက်များအရ ဆစ်အဲလေကြောင်းလိုင်းတွင် ရှိသော လေယာဉ်အရေအတွက်မှာ[26]
အမျိုးအစား | လက်ရှိ | မှယူထားမှု | ခရီးသည် အရေအတွက် | မှတ်ချက် | ||
---|---|---|---|---|---|---|
စီးပွားရေးတန်း | ရိုးရိုးတန်း | စုစုပေါင်း | ||||
Airbus A319-100 | ၄ | ၀ | ၈ | ၁၂၀ | ၁၂၈ | ဘိုးရင်း ၇၃၇-၈၀၀ နှင့် ၇၃၇-မက်စ် လေယာဉ်များဖြင့် အစားထိုးလျက်ရှိ |
Airbus A320-200 | ၁၁ | ၀ | ၁၂ | ၁၃၈ | ၁၅၀ | |
Boeing 737-800 | ၁၄ | ၁၀ | ၁၅၀ | ၁၆၂ | ၂၀၁၇ ထိ ဆက်လက်ရောက်ရှိနေမည်ဖြစ် | |
Boeing 737 MAX 8 | ၀ | ၃၁ | မသိရသေး | |||
Total | ၂၉ | ၄၁ |
လေယာဉ်အတွင်းခန်း
ဆစ်အဲ လေကြောင်းလိုင်းမှ လေယာဉ်များအားလုံးတွင် လေယာဉ်အတွင်းခန်း (၂) မျိုးခွဲခြားထားသည်။ စီးပွားရေးတန်း နှင့် ရိုးရိုးတန်း ဖြစ်သည်။

စီးပွားရေးတန်း
စီးပွားရေးတန်း အတွင်းခန်းများသည် ဆစ်အဲ လေကြောင်းလိုင်း၏ လေယာဉ်များအားလုံးတွင် ရရှိနိုင်သည်။ စီးပွားရေးတန်း၏ ထိုင်ခုံများမှ ၃၉-၄၀ လက်မ ကျယ်၍ ခြေထောက်ချထားရန် ၁၉.၃ လက်မ အကျယ်ရှိသည်။ ယခုအခါ စီးပွားရေးတန်း ခရီးသည်များသည် လယ်သာထိုင်ခုံများ ရရှိနိုင်သည်။
ရိုးရိုးတန်း
ရိုးရိုးတန်း ထိုင်ခံများသည် ၃၁ လက်မ အကျယ်ရှိ၍ ခြေထောက်ချရန် နေရာမှာ ၁၂ လက်မ ရှိသည်။ ယခုအခါ ရိုးရိုးတန်း ထိုင်ခုံအရောင်များကို နွေဦးရာသီ အရောင်များဖြင့် ပြောင်းလဲထားသည်။ ယခင်မူလ စိမ်းပြာရောင် ထိုင်ခုံများကို အေ၃၂၀ လေယာဉ်ဟောင်းများတွင် တွေ့နိုင်သည်။
ခရီးစဉ်အတွင်း ဝန်ဆောင်မှု
အစားအသောက်
ခရီးစဉ်အတွင်း အရှေ့တိုင်းအစားအစာသာမက အနောက်တိုင်း အစားအစာများပါ ရရှိနိုင်သည်။ အစာပြေ အစားအစာများကို ပျံသန်းချိန် ၂ နာရီခွဲ အောက်လျော့နည်းသော ခရီးစဉ်များတွင် ရရှိနိုင်သည်။
ဖျော်ဖြေရေး
ခရီးစဉ်အတွင်း ဖတ်ရှုရန် ဆစ်ဝင်း မဂ္ဂဇင်းများ ထားရှိပေးထားသည်။ ထို့ပြင် ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ်များတွင် သီချင်းနားထောင်ရန် ထိုင်ခုံများတွင် စီစဉ်ပေးထားသည်။
မတော်တဆ ဖြစ်ပွားမှု
၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်၊ ဆစ်အဲ လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၈၅ သည် ဂျကာတာမြို့မှ စင်ကာပူနိုင်ငံသို့ ပျံသန်းလာစဉ် ဆူမတြားရှိ မုဆီမြစ်အတွင်း ပျက်ကျခဲ့သည်။ လေယာဉ်ပေါ် ပါရှိသူ ၁၀၄ ဦး စလုံး သေဆုံးခဲ့ရသည်။
ကိုးကား
- SilkAir names new chief executive။ Channel NewsAsia။ 7 August 2012 တွင် ပြန်စစ်ပြီး။
- http://www.silkair.com/jsp/cms/en_UK/mi_global_footer/our-heritage.jsp
- SilkAir Takes to the Skies in a Sophisticated New Look။
- Singapore Airlines Annual Report 2012/13 (PDF)။ Singapore Airlines Group။ 8 January 2014 တွင် ပြန်စစ်ပြီး။
- Singapore Airlines Annual Report 2008/09 (PDF)။ Singapore Airlines Group။ 8 January 2014 တွင် ပြန်စစ်ပြီး။
- Singapore Airlines Annual Report 2010/11 (PDF)။ Singapore Airlines Group။ 8 January 2014 တွင် ပြန်စစ်ပြီး။
- Singapore Airlines Annual Report 2013/2014။
- Singapore Airlines Annual Report 2014/2015။
- SilkAir to Fly to Cairns။ 5 November 2014 တွင် ပြန်စစ်ပြီး။
- Press Release။ SilkAir။ 13 December 2011 တွင် ပြန်စစ်ပြီး။
- Special Correspondent။ Cities / Visakhapatnam : Vizag-Singapore flight from October 28။ The Hindu။ 10 September 2012 တွင် ပြန်စစ်ပြီး။
- "SilkAir Joins Singapore Airlines to Offer Service to Denpasar" (သတင်းထုတ်ပြန်ချက်)။ SilkAir။ 30 October 2014။ 2 November 2014 တွင် ပြန်စစ်ပြီး။
- Annual Report 99/00။ Singapore Airlines။ 30 November 2011 တွင် ပြန်စစ်ပြီး။
- SilkAir to Fly to Semarang and Makassar။
- Annual Report 05/06။ Singapore Airlines။ 14 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2011 တွင် ပြန်စစ်ပြီး။
- SilkAir to stop flying in Solo in Central Java, Indonesia။ AsiaOne News (7 August 2014)။ 11 August 2014 တွင် ပြန်စစ်ပြီး။
- SilkAir Takes Off for Yogyakarta။
- Annual Report 04/05။ Singapore Airlines။ 14 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2011 တွင် ပြန်စစ်ပြီး။
- Singapore Airlines / Silk Air Maldives Service Changes from late-Oct 2015။ Airlineroute.net (27 August 2015)။ 28 August 2015 တွင် ပြန်စစ်ပြီး။
- SilkAir to fly to Kalibo, Mandalay။ Sun Star (2 January 2014)။ 20 April 2014 တွင် ပြန်စစ်ပြီး။
- Scoot Replaces Silk Air on Hangzhou Service from late-Oct 2015။ Airlineroute.net (3 August 2015)။ 3 August 2015 တွင် ပြန်စစ်ပြီး။
- Annual Report 08/09။ Singapore Airlines။ 17 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2011 တွင် ပြန်စစ်ပြီး။
- "SilkAir Places New Order For 20 Airbus A320 Planes, To Meet Growth And Fleet Renewal" (သတင်းထုတ်ပြန်ချက်)။ SilkAir။ 20 December 2006။ 6 August 2010 တွင် ပြန်စစ်ပြီး။
- Toh၊ Mavis (3 August 2012)။ SilkAir signs LOI for 31 Boeing 737-8s, 23 737-800s။ Flightglobal.com။ 2 November 2012 တွင် ပြန်စစ်ပြီး။
- "Boeing, SilkAir Begins Transition to All 737 Fleet" SilkAir. retrieved 6 February 2014.
- List of Aircraft on Singapore Register။ Civil Aviation Authority of Singapore (29 February 2016)။ 2 March 2016 တွင် ပြန်စစ်ပြီး။