ဟိုက်ရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဟိုက်ရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် (အင်္ဂလိပ်: Hat Yai International Airport; ထိုင်း: ท่าอากาศยานหาดใหญ่) သည် ထိုင်းနိုင်ငံ တောင်ဘက်အတွက် အဓိကလေဆိပ် တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဟိုက်ရိုင်မြို့တွင် တည်ရှိသည်။ မက္ကာသို့ သွားရောက်ဘုရားဖူးမည့် မူစလင်ဘာသာဝင်များအတွက် အရေးပါသည့် လေဆိပ်တစ်ခုလည်း ဖြစ်သည်။ နှစ်စဉ် ခရီးသည် ၁ သန်းခွဲ ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး လေယာဉ်အစီးရေ ၉၅၀၀ နှင့် ကုန်တန်ချိန် ၁၂၀၀၀ ကို ကိုင်တွယ်လျက်ရှိသည်။
ဟိုက်ရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် Hat Yai International Airport ท่าอากาศยานหาดใหญ่ | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
အချက်အလက်များ | |||||||||||
အမျိုးအစား | Public | ||||||||||
စီမံကွပ်ကဲသူ | Airports of Thailand PLC (AOT) | ||||||||||
တည်နေရာ | ၉၉ မူး ၃ တန်ဘုံ ခလောင်လှ၊ ခေလာင်ဟိုင်ခုံ ဒေသ၊ ဆောင်လှ ခရိုင်၊ ထိုင်းနိုင်ငံ | ||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း | ထိုင်းအဲအေးရှား လေကြောင်းလိုင်း | ||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၉၀ ပေ / ၂၇ မီတာ | ||||||||||
ကိုဩဒိနိတ် | 06°55′59″N 100°23′34″E | ||||||||||
ဝက်ဘ်ဆိုဒ် | hatyaiairportthai.com | ||||||||||
ပြေးလမ်း | |||||||||||
| |||||||||||
ကိန်းဂဏန်း အချက်အလက်များ (၂၀၁၅) | |||||||||||
| |||||||||||
ရင်းမြစ်: Airports of Thailand[1] |
ယေဘုယျအချက်အလက်
လောင်ဂျီကျူ့ 100° 23' 55" E နှင့် လတ္တီကျူ့ 06° 55' 46" N တွင် တည်ရှိသည်။ ပင်လယ်ပြင်မျက်နှာပြင်အထက် ၂၈ မီတာ နှင့် ဟိုက်ရိုင်မြို့မှ ၉ကီလိုမီတာ အကွာတွင် တည်ဆောက်ထားသည်။ ၄၁၃၅ အဝေးပြေးလမ်းမကြီးသည် လဆဆိပ်ကို လာရောက်ချိတ်ဆက်ထားသည်။ မနက် ၆ နာရီမှ ည၁၂ နာရီအထိ ဖွင့်လှစ်သည်။ လေယာဉ်ပြေးလမ်းသည် ၁ နာရီလျှင် လေယာဉ် အစီး ၃၀ အတက်အဆင်းပြုလုပ်နိုင်သည်။
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ | Terminal |
---|---|---|
အဲအေးရှား လေကြောင်းလိုင်း | ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ | ပြည်ပ |
ဘန်ကောက် လေကြောင်းလိုင်း | ဖူးခက်[2] | ပြည်တွင်း |
နော့ လေကြောင်းလိုင်း | ဘန်ကောက်-ဒွန်မောင်း | ပြည်တွင်း |
ထိုင်းအဲအေးရှား လေကြောင်းလိုင်း | ဘန်ကောက်-ဒွန်မောင်း၊ ချင်းမိုင်၊ ချင်းရိုင်၊ (၂၀၁၅ ဧပြီ ၁ စတင်)၊[3] ခွန်ခံ(၂၀၁၆ ဧပြီ ၂၈ စတင်),[4] ဦးသဖောင်-ပတ္တရား[5] | ပြည်တွင်း |
ထိုင်းအဲအေးရှား လေကြောင်းလိုင်း | ဂျိုဟော ဘဟူ (၂၀၁၆ ဧပြီ၁ စတင်)[3][6] | ပြည်ပ |
ထိုင်းလိုင်းရင်း လေကြောင်းလိုင်း | ဘန်ကောက်-ဒွန်မောင်း၊ ဦးဒုံ သနီ | ပြည်တွင်း |
ထိုင်းစမိုင်း လေကြောင်းလိုင်း | ဘန်ကောက်-သုဝဏ္ဏဘူမိ | ပြည်တွင်း |
တိုက်ဂါး လေကြောင်းလိုင်း | စင်ကာပူ | ပြည်ပ |
မတော်တဆဖြစ်ပွားမှု
- ၂၀၀၅ ခုနှစ် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ၊ လေဆိပ်ထွက်ခွာဆောင်တွင် ဗုံးတစ်လုံး ထောင်ထားခဲ့ပြီး ဧပြီ ၃ ရက် ၂၀၀၅ ခုနှစ်တွင် ပေါက်ကွဲခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည် ၁ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။[7]
ကိုးကား
- Bangkok Airways Adds Phuket – Hat Yai Route from late-Oct 2015။ Airlineroute.net (5 August 2015)။ 5 August 2015 တွင် ပြန်စစ်ပြီး။
- Thai AirAsia Expands Hat Yai Routes from April 2016။ airlineroute။ 23 February 2016 တွင် ပြန်စစ်ပြီး။
- Thai AirAsia Expands Khon Kaen Flights from late-April 2016။ airlineroute။ 8 March 2016 တွင် ပြန်စစ်ပြီး။
- Thai AirAsia Further Expands Utapao/Pattaya Domestic Routes from late-Nov 2015 :: Routesonline
- Thai AirAsia extends Hat Yai connections | TTR Weekly။ 2 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2016 တွင် ပြန်စစ်ပြီး။
- ข่าวดังข้ามเวลา ตอน “ล่า…ระเบิดเมือง” (29 ก.พ.59)