နော့ လေကြောင်းလိုင်း

နော့ လေကြောင်းလိုင်း (အင်္ဂလိပ်: Nok Air; ထိုင်း: นกแอร์) သည် ထိုင်းနိုင်ငံ အခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုဖြစ်သည်။ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အခြေစိုက်၍ ထိုင်းနိုင်ငံ ပြည်တွင်းခရီးစဉ်များကို အဓိကထား ပျံသန်းလျက်ရှိသည်။[3] နော့ လေကြောင်းလိုင်းသည် ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၏ တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်သည်။

နော့ လေကြောင်းလိုင်း
Nok Air IATA=DD
IATA ICAO Callsign
NOK NOK AIR
တည်ထောင်ဖေဖော်ဝါရီ ၂၀၀၄
စတင်ပျံသန်းဇူလိုင် ၂၀၀၄
မိခင်ဌာနဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်
ဒုတိယဌာနချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်[1]
ဖောက်သည်အစီအစဉ်Nok Fan Club
ပူးပေါင်းကုမ္ပဏီနော့စကု လေကြောင်းလိုင်း (၅၁%)
လေယာဉ်ပေါင်း၂၅
ပျံသန်းဌာနေပေါင်း၂၇
ဆောင်ပုဒ်"We Fly Smiles"
"ทุกเที่ยวบินมีรอยยิ้ม"
မိခင်ကုမ္ပဏီနော့လေကြောင်းလိုင်း အများပြည်သူပိုင် ကုမ္ပဏီလီမိတက်
Traded asNOK
ဌာနချုပ်ရာဂျနခန် အဆောက်အဦး (၁၇)ထပ်၊ အမှတ် (၃)၊ တောင်စတုံလမ်း၊ ရန်နဝ၊ စတုံခရိုင်၊ ဘန်ကောက်မြို့ထိုင်းနိုင်ငံ
အရေးပါသူများMr. Patee Sarasin (CEO)
အမြတ်အစွန်း THB ၁၂,၃၁၂.၉၃ သန်း (၂၀၁၄)
အသားတင်ဝင်ငွေ THB -၄၇၁.၆၆ သန်း (၂၀၁၄)[2]
ရင်းနှီးမြှုပ်နှံမှုများ THB ၆,၅၆၉.၀၀ သန်း (၂၀၁၄)
ပိုင်ဆိုင်မှုအားလုံး THB ၃,၇၇၁.၁၂ သန်း (၂၀၁၄)
ဝက်ဘ်ဆိုဒ်www.nokair.com

သမိုင်း

နော့ လေကြောင်းလိုင်းကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် စကိုင်း အေးရှား ကုမ္ပဏီက စတင်တည်ထောင်ခဲ့ပြီး ဇူလိုင်လ၂၃ ရက်နေ့တွင် စတင်ပျံသန်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဝန်ထမ်းပေါင်း ၁၄၀၀ ခန့် ရှိပြီဖြစ်သည်။[3] နော့ လေကြောင်းလိုင်း၏ ပထမဦးဆုံး ခရီးစဉ်ကို အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့သို့ ၂၀၀၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ နေ့စဉ်ခရီးစဉ်ဖြင့် စတင်ခဲ့သည်။

နော့ လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံအတွင်း ခရီးစဉ်ပေါင်း ၂၄ ခုဖြင့် အများဆုံး ပြေးဆွဲလျက်ရှိသည်။[4] ၂၀၁၃ ခုနှစ်တွင် နော့ လေကြောင်းလိုင်းသည် ထိုင်းဘတ်ငွေ သန်းပေါင်း ၁၁၃၀၀၀ ဝင်ငွေရှိ၍ ၁၀၆၆ သန်း အမြတ်ရခဲ့သည်။

အစပိုင်းတွင် နော့ လေကြောင်းလိုင်းသည် ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းနှင့် ပတ်သတ်မှုမရှိပဲ လွတ်လပ်စွာ ရပ်တည်လည်ပတ်ခဲ့သည်။ ထို့ကြောင့် လေကြောင်းလိုင်း ၂ ခုကြား အဖုအထစ်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသည် နော့ လေကြောင်းလိုင်း၏ အစုရှယ်ရာများကို ဝယ်ယူရန် ကြိုးစားခဲ့သည်။ သို့သော် အောင်မြင်ခဲ့ခြင်း မရှိချေ။ ဝယ်ယူနိုင်ခဲ့ပါက ထိုင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းသည် နော့ လေကြောင်းလိုင်း၏ ရှယ်ရာ ၃၉ ရာခိုင်နှုန်း မှ ၄၉ ရာခိုင်နှုန်းအထိ တိုးလာနိုင်သည်။[5]

စတော့ဈေးကွက်တွင် ဝင်ရောက်နိုင်ရန်အတွက် ကုမ္ပဏီနာမည်ကို "နော့ လေကြောင်းလိုင်း ကုမ္ပဏီ လီမိတက်" အဖြစ် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ တွင် ပြောင်းလဲခဲ့သည်။ စတော့ရှယ်ရာ ဈေးကွက်ကို ဝင်ရောက်အပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ "နော့ လေကြောင်းလိုင်း အများပြည်သူ ကုမ္ပဏီ လီမိတ်က်" အဖြစ် ထပ်မံ နာမည်ပြောင်းခဲ့သည်။ စတော့ရှယ်ရာဈေးကွက်တွင် ကုမ္ပဏီ၏ အမှတ်တ့ဆိပ်မှာ "NOK" ဖြစ်သည်။[6]

၂၀၁၄ နော့ လေကြောင်းလိုင်းသည် စင်ကာပူနိုင်ငံ အခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုဖြစ်သော စကု လေကြောင်းလိုင်း နှင့် အကျိုးတူ ပူပေါင်းခဲ့ပြီး နော့စကု ဖြစ်လာခဲ့သည်။ နော့စကု လေကြောင်းလိုင်းသည်လည်း ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် ကို အခြေစိုက်ကာ ဒေသတွင်း တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုအဖြစ် ရပ်တည်နေသည်။

ပျံသန်းရာမြို့များ

နော့ လေကြောင်းလိုင်း ဘိုးရင်း၇၃၇-၈၀၀ ကို ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်

ပြည်တွင်း

ဘန်ကောက် - ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် (အဓိက အခြေစိုက်ရာ) မှ
ချင်းမိုင် - ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ 

အပြည်ပြည်ဆိုင်ရာ

မြန်မာ
ဗီယက်နမ်
စင်ကာပူ

လေယာဉ်

နော့ လေကြောင်းလိုင်း အေတီအာ ၇၂-၂၀၀ ကို ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင်တွေ့ရစဉ်

နော့ လေကြောင်းလိုင်းသည် လေယာဉ်ပေါင်း ၂၀ ကျော်နှင့် ပျံသန်းလျက်ရှိသည်။

၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၂ ရက် စာရင်းများအရ အောက်ဖော်ပြပါ လေယာဉ်များဖြင့် ပျံသန်းနေသည်။

နော့ လေကြောင်းလိုင်း လေယာဉ်စာရင်း
လေယာဉ် အမျိုးအစား စုစုပေါင်း အော်ဒါ ခရီးသည် မှတ်ချက်
စီးပွားရေးတန်း ရိုးရိုးတန်း စုစုပေါင်း
Bombardier Dash 8 Q400 NextGen - - ၈၆ ၈၆ Launch customer for high-density variation
ATR 72-500 - - ၆၆ ၆၆
Boeing 737 MAX 8 - - - -
Boeing 737-800 ၂၀[7] - ၁၈၉ ၁၈၉
စုစုပေါင်း ၂၈ ၁၄

အဓိက ရှယ်ရာရှင်များ

Major Shareholders (as of 17 March 2015)[8]% of shares owned
Thai Airways International PLC39.2%
Siam Commercial Bank3.44%
Mr. Patee Sarasin3.28%
Thai NVDR Company Limited2.84%
Credit Suiss AG, Singapore Branch2.53%
Morgan Stanley & Co. International PLC1.63%
Mr. Supapong Asvinvichit1.48%
Mr. Songkram Cheevaprawatdomrong1.28%
Mr. Pichai Karnjanarporn0.80%
TISCO Master Pooled Fund0.76%
Mr. Chanin Charisarapong0.75%
State Street Bank and Trust Company for Canada0.73%
TISCO Dividend Long Term Equity Fund0.52%

ကိုးကား

  1. About Nok Air Nok Airlines PLC။ 8 December 2015 တွင် ပြန်စစ်ပြီး။
  2. F/S & Highlight Stock Exchange of Thailand။ 8 December 2015 တွင် ပြန်စစ်ပြီး။
  3. "Directory: World Airlines"၊ Flight International၊ 2007-04-10၊ စာ- 56။
  4. "Nok Air adds more small cities to plan"၊ Bangkok Post၊ 29 Mar 2011။
  5. "KTB rebuffs Thai offer for Nok"၊ Bangkok Post၊ 24 Jan 2011။
  6. NOK History Nok Airlines PLC။ 8 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2015 တွင် ပြန်စစ်ပြီး။
  7. Boeing Delivers Nok Air's First Direct-Purchased Next-Generation 737-800 - Aug 21, 2015
  8. NOK's Major Shareholders Stock Exchange of Thailand။ 8 December 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.