စကု လေကြောင်းလိုင်း

စကု လေကြောင်းလိုင်းသည် စင်ကာပူ လေကြောင်းလိုင်း၏ တန်ဖိုးနည်း နှင့် ခရီးရှည် သွားလာသည့် လေကြောင်းလိုင်း တစ်ခုဖြစ်သည်။

Scoot
IATA ICAO Callsign
TZ[1] SCO SCOOTER
တည်ထောင် နိုဝင်ဘာ ၂၀၁၁ (၂၀၁၁-၁၁-၀၁)
စတင်ပျံသန်း4 June 2012
မိခင်ဌာနSingapore Changi Airport
ဖောက်သည်အစီအစဉ်KrisFlyer
မိတ်ဖက်Value Alliance
လေယာဉ်ပေါင်း13
ပျံသန်းဌာနေပေါင်း18
ဆောင်ပုဒ်Get Outta Here!
မိခင်ကုမ္ပဏီBudget Aviation Holdings[2]
ဌာနချုပ်Singapore Changi Airport
အရေးပါသူများLee Lik Hsin (CEO)[3]
ဝက်ဘ်ဆိုဒ်flyscoot.com

၂၀၁၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ အခြေစိုက် တန်ဖိုးနည်းနှင့် ခရီးရှည် ပျံသန်းမည့် လေကြောင်းလိုင်း တစ်ခုအဖြစ် ဩစတေးလျ နိုင်ငံ နှင့် တရုတ်နိုင်ငံတို့ကို ပျံသန်းရန် တည်ထောင်ခဲ့သည်။ စင်ကာပူ လေကြောင်းလိုင်း၏ လေကြောင်းလိုင်းအခွဲ တစ်ခုဖြစ်ပြီး ဆစ်အဲ လေကြောင်းလိုင်းမှာ ဒေသတွင်းနိုင်ငံများသို့ ပျံသန်းရန် ဖြစ်ပြီး တိုက်ဂါး လေကြောင်းလိုင်းမှာ တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခု ဖြစ်သည်။ အစပိုင်းတွင် စင်ကာပူ လေကြောင်းလိုင်းမှ ဘိုရင်း ၇၇၇ တစ်စီး လွှဲပြောင်းရယူခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဘိုရင်း ၇၈၇ ဖြင့် လဲလှယ်ခဲ့သည်။ ရုံးချုပ်မှာစင်ကာပူ ချန်ဂီလေဆိပ် တွင် တည်ရှိသည်။

သမိုင်း

၂၀၁၁-၁၃

၂၀၁၁ ခုနှစ် မေလ ၁၁ ရက်နေ့တွင် စင်ကာပူ လေကြောင်းလိုင်းသည် တန်ဖိုးနည်း နှင့် ခရီးရှည် ပျံသန်းမည့် လေကြောင်းလိုင်းတစ်ခု တိုးချဲ့ရန် ကြော်ငြာခဲ့သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ၁ ရက်နေ့တွင် အဆိုပါ လေကြောင်းလိုင်း အမည်သည် "စကု" ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ၎င်းတို့၏ လေကြောင်းကုတ်နံပါတ် ကို "OQ" မှ "TZ" သို့ပြောင်းလဲကြောင်း ကြော်ငြာခဲ့သည်။ ၂၀၁၂ ဇွန်လ ၄ ရက်နေ့တွင် ဩစတေးလျ နိုင်ငံ ဆစ်ဒနီ လေဆိပ် သို့ ပထမဆုံး လေယာဉ် စတင်ပျံသန်းခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဩစတေးလျနိုင်ငံသို့ ဒုတိယ ခရီးစဉ်အဖြစ် ဂိုးကို့စ် သို့ ပျံသန်းခဲ့သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မိခင် စင်ကာပူ လေကြောင်းလိုင်းမှ ဘိုရင်း ၇၈၇-၉ ဒရင်းလိုင်နာ လေယာဉ်များကို လွှဲပြောင်းလက်ခံခဲ့သည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် စကု လေကြောင်းလိုင်းသည် ၎င်းတို့၏ လေယာဉ်အင်အား တိုးချဲ့မှုအစီအစဉ်အဖြစ် ပဉ္စမမြောက် ဘိုရင်း ၇၇၇-၂၀၀ က မေလကုန်တွင် လက်ခံရယူမည် ဖြစ်ကြောင်း၊ ခရီးစဉ် ၂ ခု သို့မဟုတ် ၃ ခု ပိုမိုပျံသန်းသွားမည် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။ လေယာဉ်တွင်း ဖျော်ဖြေရေးအဖြစ် ခကူးတီဗီ အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် စင်ကာပူ - ထိုင်ဝမ် - ဆိုးလ် ခရီးစဉ်ကို တစ်ပတ်လျှင် ၃ ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။ အဆိုပါ ခရီးစဉ်သည် စင်ကာပူ - ဆိုးလ် အကြား ပထမဆုံး တန်ဖိုးနည်း လေကြောင်းလိုင်း ပျံသန်းခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် စင်ကာပူ - ထိုင်ဝမ် - ဆိုးလ် ခရီးဏည် စတင်ပျံသန်းခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စင်ကာပူ - ဟောင်ကောင် ခရီးစဉ်ကို တစ်ပတ်လျှင် ၅ ကြိမ် ပျံသန်းခဲ့သည်။ ဒီဇင်ဘာတွင် ဩစတေးလျ ပတ်ခ် မြို့ ခရီးစဉ် စတင်ခဲ့သည်။

၂၀၁၄-လက်ရှိ

၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ ဆစ်ဒနီ၊ ပတ်ခ်၊ ဟောင်ကောင် ခရီးစဉ်များကိုလည်းကောင်း၊ ဧပြီလကုန်တွင် ဘန်ကောက်၊ ဂိုးကို့စ် ခရီးစဉ်များကိုလည်းကောင်း ဘိုရင်း ၇၈၇-၉ များဖြင့် ပျံသန်းမည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ကြော်ငြာခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် စင်ကာပူ - မဲလ်ဘုန်း ခရီးစဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဘိုရင်း ၇၈၇ လေယာဉ် အသုံးပြု၍ ပျံသန်းသွားမည် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။ ၂၀၁၄ ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ အခြေစိုက် လေကြောင်းလိုင်း ဖြစ်သော နော့ လေကြောင်းလိုင်း နှင့် ပူးပေါင်းကာ နော့စကု လေကြောင်းလိုင်းအဖြစ် ထိုင်းနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်။ နော့စကု လေကြောင်းလိုင်းကို နော့ လေကြောင်းလိုင်းမှ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး စကု လေကြောင်းလိုင်းမှ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

စကု လေကြောင်းလိုင်း၏ ပထမဆုံး ဘိုရင်း ၇၈၇-၉ လေယာဉ် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ပထမဆုံး ပို့ဆောင် ဆင်းသက်စဉ်

ရုံးပိုင်းရေးရာ

ရုံးချုပ်

စကု လေကြောင်းလိုင်း၏ ရုံးချုပ်သည် စင်ကာပူ ချန်ဂီလေဆိပ်၏ လေဆိပ်အဆောက်အဦး (၁) တွင် တည်ရှိသည်။[4]

လေယာဉ်အသွင်အပြင်

လေယာဉ်များကို အဝါရောင် နှင့် အဖြူရောင် ကို အသုံးပြုကာ ဆေးရောင်ခြယ်ထားသည်။ ၂၀၁၂ ဇန်နဝါရီလ ၁၁ ရက်နေ့မှ စ၍ လေယာဉ်မောင်မယ်များ၏ တူညီဝတ်ဆုံကို အနက် နှင့် အဝါရောင်အဖြစ် သတ်မှတ်ခဲ့သည်။

မိတ်ဖက် လေကြောင်းလိုင်းများ

နော့စကု

နော့စကု လေကြောင်းလိုင်းသည် ဘန်ကောက်မြို့ အခြေစိုက်ဖြစ်ပြီး၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ အခြေစိုက် နော့ လေကြောင်းလိုင်း နှင့် စကု လေကြောင်းလိုင်း တို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အခြေစိုက်သည်။

List

City Country IATA ICAO Airport Name Notes Refs
Amritsarအိန္ဒိယATQVIARSri Guru Ram Dass Jee International Airport[5]
ဘန်ကောက်ထိုင်းDMKVTBDဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်[6]
ချန်နိုင်းအိန္ဒိယMAAVOMMချန်နိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်[5]
တလျန်မြို့တရုတ်DLCZYTLDalian Zhoushuizi International Airportbegins 30 October 2016[7]
ဂိုးလ်ကို့စ်ဩစတြေးလျOOLYBCGဂိုးလ်ကို့စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်[8]
ကွမ်ကျိုးတရုတ်CANZGGGGuangzhou Baiyun International Airport[9]
ဟန်ကျိုးတရုတ်HGHZSHCHangzhou Xiaoshan International Airport[10]
ဟောင်ကောင်တရုတ်HKGVHHHဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်[11]
Jaipurအိန္ဒိယJAIVIJPJaipur International Airportbegins 2 October 2016[5]
Jeddahဆော်ဒီအာရေဗျJEDOEJNKing Abdulaziz International Airport[12]
ကောင်းရှုံထိုင်ဝမ်KHHRCKHကောင်းရှုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်[13]
မဲလ်ဘုန်းဩစတြေးလျMELYMMLမဲလ်ဘုန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်[14]
နန်ကျင်းတရုတ်NKGZSNJNanjing Lukou International Airport[15]
အိုဆာကာဂျပန်KIXRJBBKansai International Airport[13]
ပါ့သ်ဩစတြေးလျPERYPPHPerth Airport[15]
Qingdaoတရုတ်TAOZSQDQingdao Liuting International Airport[16]
Sapporoဂျပန်CTSRJCCNew Chitose Airportbegins 1 October 2016[17]
ဆိုးလ်တောင်ကိုရီးယားICNRKSIအင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်[18]
Shenyangတရုတ်SHEZYTXShenyang Taoxian International Airport[16]
စင်ကာပူစင်ကာပူSINWSSSစင်ကာပူ ချန်ဂီလေဆိပ်တမ်းပလိတ်:Airline hub[15]
ဆစ်ဒနီဩစတြေးလျSYDYSSYSydney Airport[19]
ထိုင်ပေထိုင်ဝမ်TPERCTPထိုင်ဝမ် ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်[17][20]
ထျန်းကျင်းတရုတ်TSNZBTJTianjin Binhai International Airport[21]
တိုကျိုဂျပန်NRTRJAAနာရိတ အပြည်ပြည်ဆိုင်ရာ လေဆိပ်[22]

လေယာဉ်

စကုလေကြောင်းလိုင်း၏ ဘိုရင်း ၇၈၇-၉ ဆစ်ဒနီ လေဆိပ်မှ ထွက်ခွာစဉ် (ဇူလိုင် ၂၀၁၅)
Scoot Fleet
Aircraft လက်ရှိ မှာယူထားမှု ခရီးသည် မှတ်ချက်
J Y Total
Boeing 777-200ER

၃၂
၃၇၀
၄၀၂
Being replaced by Boeing 787 Dreamliner
Boeing 787–8


[23]
၂၁
၃၁၄
၃၃၅
[24][25]
Boeing 787–9


[23]
၃၅
၃၄၀
၃၇၅
[24]
စုစုပေါင်း
၁၃

ထပ်မံကြည့်ရှုရန်

References

  1. "Change in IATA Designator Code from OQ to TZ"Scoot (သတင်းထုတ်ပြန်ချက်)21 April 2016 တွင် ပြန်စစ်ပြီး
  2. http://www.channelnewsasia.com/news/business/budget-carriers-scoot/2794598.html
  3. "SIA ESTABLISHES HOLDING COMPANY FOR SCOOT AND TIGER AIRWAYS" (သတင်းထုတ်ပြန်ချက်)။ 18 May 2016။ 19 September 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး19 May 2016 တွင် ပြန်စစ်ပြီး
  4. "Singapore Air Operators CAAS
  5. "Scoot Launches India Service from late-May 2016"၊ airlineroute
  6. "Scoot Moves Singapore - Bangkok Service to Bangkok Don Mueang from Sept 2014"၊ Airline Route၊ 16 July 2014 16 July 2014 တွင် ပြန်စစ်ပြီး
  7. Scoot Adds Dalian Service; NE China W16 Changes routesonline။ 19 July 2016 တွင် ပြန်စစ်ပြီး။
  8. "Scoot Launches the Only Direct Flights between Singapore and Gold Coast"Scoot (သတင်းထုတ်ပြန်ချက်)။ 12 June 201216 May 2015 တွင် ပြန်စစ်ပြီး
  9. "Scoot tiger air jointly operate Guangzou services"၊ Asia one
  10. "Joint Media Release: Scoot to Take Over Hangzhou Services from SilkAir"Silk Air (သတင်းထုတ်ပြန်ချက်)2 August 2015 တွင် ပြန်စစ်ပြီး
  11. "Scoot to Launch Low Cost Flights Between Singapore and Hong Kong"Scoot (သတင်းထုတ်ပြန်ချက်)27 September 2013 တွင် ပြန်စစ်ပြီး
  12. "Scoot to fly Saudi Arabia"၊ Straits times
  13. Scoot to Start Osaka Service from July 2015 Airlineroute.net (21 May 2015)။
  14. Scoot to launch Melbourne-Singapore Boeing 787 flights
  15. Schedule of Scoot Scoot။
  16. "Eat, Drink and Be Merry - Scoot Shenyang and Qingdao"Scoot (သတင်းထုတ်ပြန်ချက်)။ 30 August 201216 May 2015 တွင် ပြန်စစ်ပြီး
  17. Scoot Adds Sapporo Service from Oct 2016 airlineroute။
  18. "PR53 - Annyeong Haseyo"၊ Scoot
  19. "Hello Sydney! Scoot Gets Outta Here Tonight!"Scoot (သတင်းထုတ်ပြန်ချက်)။ 4 June 201216 May 2015 တွင် ပြန်စစ်ပြီး
  20. "Surprise! Scoot to Launch Singapore-Taipei Route ahead of Schedule"Scoot (သတင်းထုတ်ပြန်ချက်)။ 9 July 201216 May 2015 တွင် ပြန်စစ်ပြီး
  21. "Scoot to fly to Tianjin service"၊ Asia one 21 July 2016 တွင် ပြန်စစ်ပြီး Archived from the original on 26 August 2014။
  22. "Scoot to Tokyo & Taipei Every Day from Today"Scoot (သတင်းထုတ်ပြန်ချက်)15 May 2015 တွင် ပြန်စစ်ပြီး
  23. Boeing 787 Orders and Deliveries (updated monthly).
  24. "Scoot begins new chapter as Singapore Airlines long-haul LCC subsidiary takes first 787"၊ Centre for Avaiation
  25. Singapore Airlines Annual Report FY2013/14 Archived 14 July 2014 at the Wayback Machine. (PDF).
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.