ဝါရမိတ္တုရက်ကြီး

ဝါရမိတ္တုရက်ကြီးကျရောက်သော နေ့တွင် ခရီးရပ်ဝေးသွားရောက်ခြင်း၊ အိမ်တက်မင်္ဂလာ ပြုခြင်း၊ ထိမ်းမြားခြင်းနှင့် ကုန်ရောင်းကုန်ဝယ် ပြုခြင်းတို့ကို ရှောင်ကြဉ်ကြသည်။ မရှောင်ကြဉ်ဘဲ ပြုမိပါက ပျက်စီးဆုံးရှုံးခြင်းတို့နှင့် ကြုံတွေ့ရတတ်သည်ဟု ယုံကြည်ကြသည်။ ဝေဒကျမ်းဂန်များမှ ဆင်းသက်လာသော အယူအဆ ဖြစ်ကာ ရှေးမြန်မာလူမျိုးများ သုံးစွဲခဲ့ကြပြီး ထိုအယူအဆသည် ယနေ့ထက်တိုင် အချို့သော ဒေသများ၌ အမြစ်တွယ်နေဆဲ လက်ခံယုံကြည်နေကြဆဲ ဖြစ်သည်။ အလားတူ ရွေးချယ်ရသည့် ရက်မှာ ဝါရမိတ္တုရက်ငယ် ဖြစ်သည်။ ပြဿဒါးနှင့် ရက်ရာဇာ ရွေးသကဲ့သို့ ဖြစ်သည်။

ဝါရမိတ္တုရက်ကြီး ၇ ရက်

  • မည်သည်လမဟူ လဆန်းလဆုတ် ၁ ရက်၌ တနင်္ဂနွေကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၄ ရက်၌ တနင်္လာကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၈ ရက်၌ အင်္ဂါကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၉ ရက်၌ ဗုဒ္ဓဟူးကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၆ ရက်၌ ကြာသပတေးကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၃ ရက်၌ သောကြာကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၇ ရက်၌ စနေကျသည့် ရက်။[1]

ကိုးကား

  1. ဆုထူးပန်ဦးကျော် (ဧကဒသမကြိမ်။)။ လောကီပညာပဒေသာကျမ်း။ p. ၁၈။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.