သခင်ဇင်

သခင်ဇင် ကို ၁၉၁၂ ခုနှစ်တွင် ဒိုက်ဦး မြို့ ၌ ဦးကျော်ဇော+ဒေါ်အေးညို တို့မှ မွေးဖွားခဲ့ပါသည်။

  • ၁၉၄၂-၄၃ ညောင်လေးပင်မြို့နယ် တို့ဗမာဆင်းရဲသား အစည်းအရုံး အလုပ်အမှုဆောင် နှင့် ဗကပ ပါတီဝင် ဖြစ်ခဲ့သည်။
  • ၁၉၄၅ ဖက်ဆစ်တော်လှန်ရေး ၌ ညောင်လေးပင် မြို့နယ် နှင့် ရွှေကျင် မြို့နယ် တို့တွင် နိုင်ငံရေးမှူး အဖြစ်တာဝန်ယူခဲ့သည်။ ထိုနှစ် ဇူလိုင်လ တွင် ကျင်းပသော ဒုတိယအကြိမ် ပါတီညီလာခံတွင် ဗဟိုကော်မတီ အဖွဲ့ဝင် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါသည်။
  • ၁၉၄၇ ဗမာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ (ဗဟိုဌာနချုပ်) တွင် ဒုတိယ ဉက္ကဌ အဖြစ်တာဝန်ယူခဲ့လေသည်။
  • ၁၉၄၈ မတ် ၂၈ တွင် ဗကပ တောခိုသော အခါ၌ ဗကပ ဗဟိုခေါင်းဆောင်များ နှင့်အတူ ပဲခူးရိုးမ သို့ တောခိုခဲ့လေသည်။
  • ၁၉၄၉ စက်တင်ဘာ တွင် ဗဟိုကော်မတီ အစည်းအဝေး ၌ ပေါ်လစ်ဗြူရို အဖွဲ့ဝင် (နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်) အဖြစ်ရွေးချယ်ခံခဲ့ရသည်။
ဗကပ ဉက္ကဌ သခင်ဇင်

သခင်ဇင် သည်၁၉၄၈ ဗကပ တောခိုပြီးနောက် ဗဟိုကော်မတီ အဆင့်အတန်းအရ အမှတ်စဉ်တွင် အဆင့်နေရာ (၆) ဖြစ်သည်။A

  • ၁၉၅၀ သခင်ဇင်သည် ပျဉ်းမနား မြို့နယ်၌ ရှိသော ဗကပ ဗဟိုဌာနချုပ် သို့ အောက်ဗမာပြည် ဌာနခွဲ မှ ပြောင်းရွေ့ တာဝန်ယူခဲ့သည်။ ထိုစဉ်အတွင်း တောတွင်း ပြည်သူဒီမိုကရေစီ တပ်ပေါင်းစု ဗဟိုစည်းရုံးရေး ကော်မတီအဖွဲ့ဝင် ဖြစ်ခဲ့သည်။
  • ၁၉၅၂ ခုနှစ်ဦးတွင် သခင်ဇင်သည် ဗကပ မြစ်ဝကျွန်းပေါ်တိုင်း သို့ စုံစမ်းရေးအဖွဲ့၏ ခေါင်းဆောင်အဖြစ် သွားရောက်ခဲ့ရသည်။
  • ၁၉၅၂ ဇူလိုင် ၄ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပခဲ့သော ယောနယ်ပုံတောင်ပုံညာ ဒေသ သုံးပါတီ ညီညွတ်ရေး ကွန်ဖရင့် တွင် ဗကပ ကိုယ်စားလှယ် အဖြစ်လည်း တက်ရောက်ခဲ့သည်။
  • ၁၉၅၃ မတ် သခင်ဇင်သည် တောင်ပိုင်းစစ်ဌာနချုပ် တွင် နိုင်ငံရေးမှူးကြီး အဖြစ်ဖြင့်လည်း ယာယီတာဝန်ယူခဲ့သည်။
  • ၁၉၅၅ ခုနှစ် ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ပဲခူးရိုးမ သို့ ဌာနချုပ် တာဝန်ဖြင့် သွားရောက်ခဲ့ရသည်။ ပြည်တွင်းစစ် ရပ်စဲရေ:၊ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ် ကို အောက်ခြေပါတီဝင်ထု အား တင်ပြရန် နှင့် မဟာမိတ် ပါတီများအား ရှင်းလင်း တင်ပြရန် အတွက် တာဝန်ယူခဲ့သည်။

သခင်ဇင်သည် ညောင်လေးပင် မြို့ တွင် နေထိုင်သော ဦးဘဦး၊ဒေါ်လွယ် တို့၏ သမီး ဒေါ်ကြည်ကြည် နှင့်လက်ထပ်ခဲ့သည်။

မှတ်စု

A. ^ ထိုစဉ်က ဗကပ ဗဟိုကော်မတီ အဖွဲ့ဝင်များမှာ မိမိ တို့ မူလ နာမည်များကို လျှို့ဝှက်ရေး အရ ပြောင်းလဲမှည့်ခေါ်ခဲ့ကြပါသည်။ ယင်းကို တော်လှန်ရေး အမည်ဟု ဆိုကြပါသည်။

အဆင့်လိုက်မှာ-

တို့ဖြစ်ကြသည်။

ကိုးကား

ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ရဲဘော်တင်ရှိန်၊ ရဲဘော်စန်းမြင့်၊ ရဲဘော်အောင်သူ (၁၉၇၆)။ ဇင်+ချစ် နောက်ဆုံး (၂)။ ဦးဘခက်၊ ဘိဝှာ ပုံနိုပ်တိုက်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.