သတ္တဝါ

သတ္တဝါဆိုသည် အသက်ရှိသော အရာအားလုံးကို ခေါ်ဆိုပါသည်

အပင်နှင့် သတ္တဝါ ခွဲခြားပုံ

လှုပ်ရှားသွားလာနိုင်ပြီး အစာကို ပါးစပ်ဖြင့် စားသောက်တတ်သော သက်ရှိမှန်သမျှကို Animal (ခေါ်) သတ္တဝါ ဟု အပင်တို့နှင့် ကွဲပြားစေရန် ခွဲခြားအဓိပ္ပာယ် သတ်မှတ်ပါသည်။

သတ္တဝါ များကို မျိုးတူရာ အုပ်စုခွဲ လိုက်လျှင် အောက်ပါအတိုင်း ခုနှစ်မျိုး ခွဲခြားနိုင်ပါသည်။

နို့တိုက် သတ္တဝါများ(Mammals)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နို့တိုက်သတ္တဝါ

သားငယ်ကို မိခင်နို့တိုက်ကျွေးသည့် အလေ့အထရှိသော အဆင့်မြင့် ကျောရိုးရှိ သွေးနွေးသတ္တဝါများ ဖြစ်ကြသည်။ လူအပါအဝင် မျိုးစိတ်ပေါင်း ၄၀၀၀ ခန့်ရှိသည်။ (မျောက်၊ ခွေး၊ ကျွဲ၊ နွား၊ ကျား၊ ဆင်၊ လင်းပိုင်၊ ဝေလငါး၊ ဖျံ စသည်)

ကုန်းနေအကြီးဆုံး နို့တိုက် သတ္တဝါ၊ အာဖရိကဆင်

တွားသွား သတ္တဝါများ(Reptiles)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တွားသွားသတ္တဝါ

အကြေးအခွံပါသော ကျောရိုးရှိ သွေးအေးသတ္တဝါများဖြစ်ကြပြီး အများစုမှာ ကုန်းပေါ်တွင် မွေးဖွားကြသည်။ မျိုးစိတ် ၆၀၀၀ ကျော်ရှိသည်။ (မြွေ၊ လိပ်၊ ဖွတ်၊ ပုတ်သင်ညို စသည်)

ရေနေကုန်းနေ သတ္တဝါများ(Amphibians)

ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်ကြပြီး ရေတွင်ပေါက်ဖွားကာ ကုန်းပေါ်တွင် အရွယ်ရောက်ကြသည်။ မျိုးစိတ် ၃၀၀၀ ခန့်ရှိသည်။ (ဖား၊ ဆယ်လ်မင်ဒါ စသည်)

ငှက်များ(Birds)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ငှက်

အခွံမာသော ဥမှပေါက်ဖွားပြီး အရွယ်ရောက်လျှင် အမွှေးအတောင်များရှိသော အများစု ပျံသန်းနိုင်သည့် ကျောရိုးရှိ သွေးနွေးသတ္တဝါများကို ငှက်ဟုခေါ်သည်။ မျိုးစိတ် ၈၀၀၀ ခန့်ရှိသည်။ (ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ကုလားအုပ်၊ ပင်ဂွင်း စသည်)

ငါးများ(Fish)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ငါး (တိရစ္ဆာန်)
ငါး၏ ကိုယ်အင်္ဂါအစိတ်အပိုင်း

ရေတွင် ပါးဟပ်ဖြင့် အသက်ရှုကာ ဆူးတောင်ရေယက်များဖြင့် ကူးခတ်တတ်ပြီး အကြေးခွံရှိသော ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်သည့် ငါးမျိုးစိတ်ပေါင်း ၂၁၀၀၀ ခန့်ရှိသည်။ (ငါးမန်းရေနဂါးဆယ်လမွန်ထရောက် စသည်)

အကြီးဆုံး ရေနေသတ္တဝါ ၊ ဝေလငါး

ခြေဆစ်များ သတ္တဝါများ(Arthropods)

အဆစ်အပိုင်းများဖြင့်ဖွဲ့စည်းထားသည့် ခြေထောက်သုံးစုံထက်မနည်းရှိကာ ကျောရိုးမပါပဲ မာကျောသောအခွံကို အရိုးအနေဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အကြီးမားဆုံးသော အုပ်စုဖြစ်သည်။ မျိုးစိတ်ပေါင်း ၈၀၀၀၀၀ ကျော်ရှိကာ အင်းဆက်များသည်လည်း ထိုအုပ်စုတွင် အပါအဝင်ဖြစ်သည်။ (ပုရွက်နှံကောင်ချေးပိုးထိုးပင့်ကူကဏန်းပုဇွန် စသည်)

ကျိချွဲ သတ္တဝါများ([[Mollusc's)

အရိုးလုံးဝမပါပဲ ကျိချွဲပျော့တွဲသော ကိုယ်ရှိပြီး ပွတ်တိုက်ရွေ့လျားသွားလာတတ်သည့် အုပ်စုဖြစ်သည်။ အချို့မျိုးစိတ်များတွင် ပျော့တွဲသောကိုယ်ကို အခွံမာတစ်ခုဖြင့် ကာကွယ်ထားတတ်ကြသည်။ (ခရု၊ ပက်ကျိ၊ မျှော့၊ ရေဘဝဲ၊ ကင်းမွန်၊ ယောက်သွား၊ ကမာ၊ ကြယ်ငါး စသည်တို့)

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.