သန်းမောင်၊ ဦး (သူရိယ)

သူရိယ ဦးသန်းမောင် သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ နှင့် ထင်ရှားသော မြန်မာ နိုင်ငံရေးသမား ဖြစ်ခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇) အတွင်း ထင်ရှားခဲ့ကြသော ဗကသ ခေါင်းဆောင်များတွင် ဗိုလ်ချုပ်အောင်ဆန်းကိုဗဟိန်းဦးဗဆွေဦးနုမြို့မ-ဦးသန်းကြွယ်ဒေါက်တာသန်းထွန်း၊ အာဏာရှင် လှရွှေ၊ လင်းယုန်နီ တို့နှင့်အတူပါဝင်ခဲ့သည်။ မန္တလေးမြို့ ဇာတိ၊ မန္တလေး သူရိယ ဦးထွန်းရင်၏ သား ဖြစ်သည်။ ၁၀ တန်း စာမေးပွဲကို မန္တလေးမြို့ ဗဟို အမျိုးသား အထက်တန်း ကျောင်းမှ ၁၉၃၉ ခုနှစ်တွင် အောင်မြင်ခဲ့ပြီး၊ ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြားသည်။ ၁၉၄၁ ခုနှစ်တွင် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြားသည်။ ၁၉၄၁ ခုနှစ်တွင် တက္ကသိုလ် သမဂ္ဂ အမှုဆောင် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။

သူရိယဦးသန်းမောင်
သူရိယ ဦးသန်းမောင်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်


၁၉၄၆ - ၄၇ ခုနှစ် ရန်ကုန် တက္ကသိုလ်တွင် ဥပဒေ ပညာကို သင်ကြား၍၊ ၁၉၄၆ - ၄၇ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ၁၉၄၆ - ၄၇ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ မှာ မြို့မ-ဦးသန်းကြွယ် ဖြစ်သည်။


၁၉၄၇ ခုနှစ်တွင် တပြည်လုံး ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့ရာ၊ ရန်ကုန် တက္ကသိုလ်သည် ကျောင်းသားများ သပိတ်တွင် ပါဝင်ခဲ့သည်။ အင်္ဂလိပ်နှင့် မဟာမိတ် စစ်တပ်များ သိမ်းပိုက်ထားသော ရန်ကုန် တက္ကသိုလ် သမဂ္ဂ အဆောက်အဦကို ပြန်လည် ရရှိ ခဲ့သည်။ တက္ကသိုလ် အဆောက်အဦ အချို့တွင် ကျန်နေ သေးသော အင်္ဂလိပ် စစ်တပ်များ အားလုံးကို ဖယ်ရှား ပေးသည်။


နိုင်ငံခြား ကျောင်းသား သမဂ္ဂနှင့် အဆက်အသွယ် ရခဲ့သည်။ ၁၉၄၇ ခု မေလတွင် အိန္ဒိယပြည် မဒရပ်မြို့၌ ကျင်းပသော ကမ္ဘာ့ကျောင်းသား ဝန်ထမ်း (International Students Service) အာရှ ကွန်ဖရင့်၊ ၁၉၄၇ ခု ဇွန်လတွင် ဒိန်းမတ် ပြည်၌ ကျင်းပသော ကမ္ဘာ့ကျောင်းသား ဝန်ထမ်း ကမ္ဘာလုံး ဆိုင်ရာ ကွန်ဖရင့် များသို့ တက်ရောက် ခဲ့သည်။


၁၉၄၇ ဇူလိုင်လ ချက်ကို စလိုဗက်ကီးယား ပြည်တွင် ကျင်းပသော ပထမ အကြိမ်မြောက် ကမ္ဘာ ကျောင်းသား လူငယ် ပွဲတော်သို့ တက်ရောက်ခဲ့ပြီး၊ ကမ္ဘာ့ ကျောင်းသားများ သမဂ္ဂ (International Union of Students) နှင့် ဆက်သွယ် ခဲ့သည်။ ကမ္ဘာ့ကျောင်းသားများ သမဂ္ဂ ကောင်စီ အစည်းအဝေး ပွဲသို့ တက်ရောက် ခဲ့သည်။


ဦးသန်းမောင်သည် မန္တလေး သူရိယ နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက် ခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.