သမင်ပြောက်

သမင်ပြောက်၏ သိပ္ပံအမည်မှာ အက်ဆစ် အက်ဆစ် ဖြစ်သည်။ ချီတယ် ဟုလည်းကောင်း၊ ချီးတယ်ဟုလည်းကောင်း ခေါ်တွင်ကြသည်။ အိန္ဒိယတိုက်ငယ်တွင် တွေ့ရသည့် သမင်တစ်မျိုး ဖြစ်သည်။ ကိုယ်အရွယ်အစား အလယ်အ လတ်ရှိသည်။

Chital
အာသံပြည်နယ် တိရစ္ဆာန်ဥယျာဉ် နှင့် ရုက္ခဗေဒဥယျာဉ်မှ သမင်ပြောက်များ
သဘာဝထိန်းသိမ်းခြင်း အခြေအနေ

Least Concern  (IUCN 3.1)[1]
မျိုးရိုးခွဲခြားခြင်း
လောက:Animalia
မျိုးပေါင်းစု:Chordata
Clade:Synapsida
မျိုးပေါင်း:Mammalia
မျိုးစဉ်:Artiodactyla
မျိုးရင်း:Cervidae
မျိုးရင်းသေး:Cervinae
မျိုးစု:Axis
C. H. Smith, 1827
မျိုးစိတ်:
A. axis အက်ဆစ် အက်ဆစ်
ဒွိနာမ
Axis axis အက်ဆစ် အက်ဆစ်
(Erxleben, 1777)
Chital native range

သွင်ပြင်လက္ခဏာ

သမင်ပြောက်သည် အခြားသမင်များထက် အတန်ငယ်သေးသည်။ အသွေးအရောင်မှာ အညိုရောင်ပေါ်တွင် အဖြူ အစက်အပြောက်များ အများအပြား ရှိလေရာ ကြည့်ရ အလွန်လှပသော သမင် ဖြစ်သည်။ ကိုယ်လုံးအ ရောင်မှာ အညိုရောင် ဖြစ်လင့်ကစား လည်တံအောက်ပိုင်း၊ ဝမ်းဗိုက်အောက်ပိုင်းနှင့် ခြေထောက်အတွင်းပိုင်းတို့ မှာ အရောင်နုလှသည်။ နားနှစ်ဖက်မှာ ထောင်ပြီး ကားသည်။

တွေ့ရှိရာဒေသနှင့် ပျံ့နှံ့ကျက်စားပုံ

သမင်ပြောက်ကို အိန္ဒိယဘင်္ဂလားဒေ့ရှ်နီပေါဘူတန် နှင့် သီရိလင်္ကာနိုင်ငံတို့ တွင် တွေ့ရသည်။ [2]လူသားတို့၏ တင်သွင်းမှုများကြောင့် ဩစတြေးလျအမေရိကန်ပြည်ထောင်စုနှင့် ခရိုအေးရှားနိုင်ငံများတွင်လည်း သမင်ပြောက်များ ရှိလေသည်။

ကိုးကား

  1. "Axis axis" (2015). IUCN Red List of Threatened Species 2015. IUCN. doi:10.2305/IUCN.UK.2015-4.RLTS.T41783A22158006.en. Retrieved on 27 August 2016.
  2. မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.