ခရိုအေးရှားနိုင်ငံ


ခရိုအေးရှားနိုင်ငံ(/krˈʃə/ ( )kroh-AY-shəခရိုအေးရှား: Hrvatskapronounced [xř̩ʋaːtskaː])၊ တရားဝင်အသုံးခရို‌အေးရှား သမ္မတနိုင်ငံ (ခရိုအေးရှား: Republika Hrvatskaအသံထွက် )၊ [မှတ်စု 1]သည် ဥရောပတိုက်၏ အရှေ့တောင်ဘက်တွင်ရှိသော နိုင်ငံဖြစ်သည်။ ခရိုအေးရှားနိုင်ငံသည် အနောက်မြောက်ဘက်တွင် ဆလိုဗေးနီးယားနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ၊ အရှေ့ဘက်တွင် ဆားဘီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံမွန်တီနီဂရိုးနိုင်ငံတို့နှင့် ထိစပ်နေပြီး အီတလီနိုင်ငံနှင့် ရေပြင်နယ်နိမိတ်ခြင်း ထိစပ်နေသည်။ နိုင်ငံ၏ မြို့တော် ဇာဂရက်မြို့(Zagreb)သည် နိုင်ငံ၏ အဓိကဒေသခွဲများထဲတွင် အခြားကောင်တီ ၁၂ ခုနှင့်အတူ ပါဝင်ပေသည်။ ခရိုအေးရှားနိုင်ငံ၏ အကျယ်အဝန်းမှာ ၅၆,၅၉၄ စတုရန်း ကီလိုမီတာ (၂၁,၈၅၁ စတုရန်းမိုင်) ရှိပြီး လူဦးရေမှာ၄.၇ မီလီယံရှိသည့်အပြင် အများစုမှာ ကက်သလစ်ဘာသာကို ကိုးကွယ်ကြသည်။

ခရိုအေးရှား သမ္မတနိုင်ငံ
Republika Hrvatskaဟာဗက်ဆကာ
Republic of Croatia
အလံတော် အမှတ်တံဆိပ်
မြို့တော်
နှင့် အကြီးဆုံးမြို့
ဇာဂရက်မြို့
ရုံးသုံး ဘာသာစကားများခရိုအေးရှား
လူမျိုးစု(၁၉၉၀) ခရိုအက်၇၅%၊ ဆာ့ဘ် ၁၂%၊ ဆလိုဗင်း၁%
ကိုးကွယ်မှုရိုမန်ကက်သလစ်။ အရှေ့ပိုင်းအယူမှန်၊
အမျိုးအစားပါလီမန် သမ္မတနိုင်ငံ
အစိုးရ
 သမ္မတ
ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်
 ဝန်ကြီးချုပ်
အင်ဒရေ ပလန်ကိုဗစ်ချ်
တည်ထောင်
 လွတ်လပ်ရေး ( ဩစတီးယား-ဟန်ဂေရီမှ)
အောက်တိုဘာ ၂၉၊ ၁၉၁၈
 လွတ်လပ်ရေး ကြေငြာခြင်း
အောက်တိုဘာ ၈ ၊၁၉၉၁
ဧရိယာ
 စုစုပေါင်း
၅၆,၅၉၄ km² (၂၁,၈၅၁ sq mi) (အဆင့်: ၁၂၆)
လူဦးရေ
 ခန့်မှန်း
၄,၄၈၆,၈၈၁ (၂၀၁၀)
 သိပ်သည်းမှု
၈၁/km² (၂၀၈/sq mi) (အဆင့် - ၁၁၅)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
US$၇၈.၀၉၀ ဘီလီယံ
 Per capita
US$၁၇,၆၈၃
HDI၀.၇၆၇[1]
မြင့် · ၅၁
ငွေကြေး၁ဒီနာ = ၁၀၀ ပါရာ
တယ်လီဖုန်းကုဒ်+၃၈၅
Internet TLD.hr


ခရိုအေးရှားတွင် ကျောက်ခေတ်‌ဟောင်းကာလကတည်းကပင် လူများ အခြေချနေထိုင်ခဲ့ကြသည်။ ခရော့(croats) လူမျိုးများသည် ဤဒေသသို့ ၆ ရာစုနှစ်လောက်တွင် ရောက်ရှိလာခဲ့ပြီး နယ်စားအုပ်ချုပ်သောတိုင်းပြည်(dukedom) အဖြစ် စတင်ခဲ့သည်။ ခရိုအေးရှားအား လွတ်လပ်သော နိုင်ငံအဖြစ် ပထမဆုံး အသိအမှတ်ပြုခဲ့သည်မှာ ဘရာနီမီယာ(Branimir)နယ်စား လက်ထက် ၈၇၉ ခုနှစ် ဇွန်လ ၇ ရက်တွင်ဖြစ်သည်။ အေဒီ ၉၂၅ တွင် ပထမဆုံးဘုရင် တိုမီဆလပ်ဗ် နန်းတက်ခဲ့ပြီး ခရိုအေးရှားသည် ဘုရင့်နိုင်ငံဖြစ်လာခဲ့ပြီး ရာစုနှစ် နှစ်ခုနီးပါး အချုပ်အခြာပိုင်နိုင်ငံအဖြစ် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ခရိုအေးရှားဘုရင့်နိုင်ငံ၏ ဩဇာအာဏာသည် ၁၁၀၂ခုနှစ် Peter Krešimir IV လက်ထက်တွင် အထွတ်အထိပ်ရောက်ခဲ့သည်။ နန်းမွေဆက်ခံမှုပြဿနာကာလအတွင်း Trpimirović dynasty အုပ်စိုးမှု ကုန်ဆုံးသွားခဲ့ပြီး ၁၁၀၂ ခုနှစ်တွင်ဟန်ဂေရီနိုင်ငံနှင့် ပုဂ္ဂလပူးပေါင်းမှု(personal union၊ နိုင်ငံတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော နိုင်ငံများသည် ၎င်းတို့၏ ဥပဒေ၊ နယ်နိမိတ်တို့သည် သီးခြားစီဖြစ်သော်လည်း ဘုရင့်တစ်ယောက်တည်းအောက်တွင် ပေါင်စည်းခြင်း) အဖြစ် ဝင်ရောက်ခဲ့သည်။ ၁၅၂၇ ခုနှစ်တွင် အော်တိုမန်တို့၏ အောင်နိုင်မှုတို့နှင့် ကြုံတွေ့ခဲ့ရပြီး ဩစတြီးယားဘုရင် ပထမမြောက် ဖာဒီနန်(Ferdinand) အား ခရိုအေးရှားပါလီမန်မှ ခရိုအေးရှားထီးနန်း၏ မင်းအဖြစ်တင်မြှောက်ခဲ့သည်။ ၁၉၁၉ အောက်တိုဘာလ၊ ပထမ ကမ္ဘာစစ်၏ နောက်ဆုံးနေ့ရက်များတွင် ဇာဂရက်မြို့၌ State of Slovenes, Croats and Serbs တို့သည် ဩစတီးယား-ဟန်ဂေရီ အင်ပါယာလက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့ပြီး ၁၉၁၈ ခုနှစ် ဒီဇင်ဘာလတွင် Kingdom of Serbs, Croats and Slovenes အဖြစ် ပေါင်းစည်းခဲ့ပြီး ၁၉၂၉ ခုနှစ်မှစ၍ ယူဂိူစလားဗီးယားဘုရင့်နိုင်ငံ[2]အဖြစ် အမည်ပြောင်းလဲခဲ့သည်။


၁၉၄၁ ခုနှစ် ဧပြီလတွင် ဝန်ရိုးတန်းနိုင်ငံများမှ ယူဂိုစလားဗီးယားအား ကျုးကျော်ခဲ့ပြီးခရိုအေးရှားနယ်မြေအများစုကို နာဇီကျောထောက်နောက်ခံပြု နိုင်ငံဖြစ်သော လွတ်လပ်သော ခရိုအေးရှားနိုင်ငံ(Independent State of Croatia) အဖြစ် ပေါင်းစည်းခဲ့သည်။ ထိုအတွက်ကြောင့် တော်လှန်‌ေရးလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး ထိုသည်တို့မှ ခရိုအေးရှား ဖက်ဒရယ်နိုင်ငံ(Federal State of Croatia) ကိုဖြစ်ပေါ်လာခဲ့ကာ နောင်တွင် ယူဂိုစလားဗီးယား ဆိုရှယ်လစ်ဖက်ဒရယ်သမ္မတနိုင်ငံ(Socialist Federal Republic of Yugoslavia)၏ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၉၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ခရိုအေးရှားနိုင်ငံသည် လွတ်လပ်ရေးကြေညာခဲ့ပြီး အပြည့်အဝအကျိုးသက်ရောက်မှုရှိသည်မှာ ထိုနှစ် အောက်တိုဘာ ၈ ရက်တွင်မှ ဖြစ်သည်။ လွတ်လပ်ရေးကြေငြာခဲ့ပြီးနောက် လေးနှစ်လောက်ကြာသည်ထိအောင် ခရိုအေးရှားလွတ်လပ်ရေးစစ်ပွဲများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။


အချုပ်ခြာအာဏာပိုင်နိုင်ငံဖြစ်သော ခရိုအေးရှားနိုင်ငံသည် ပါလီမန်စနစ်အောက်တွင် အုပ်ချုပ်သော သမ္မတနိုင်ငံဖြစ်သည်။ ခရိုအေးရှားနိုင်ငံသည် ဥရောပ သမဂ္ဂ (EU)၊ ကုလသမဂ္ဂ(UN)၊ ဥရောပကောင်စီ(Council of Europe)၊ နေတိုး(NATO)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)နှင့် မြေထဲပင်လယ်သမဂ္ဂ(Union for the Mediterranean)၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံဖြစ်သည်။


ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့၏ တက်ကြွသော အဖွဲ့ဝင်အဖြစ် ခရိုအေးရှားနိုင်ငံသည် နေတိုးဦးဆောင်သော အာဖဂန်နစ္စတန်စစ်ဆင်ရေးများတွင် တပ်ဖွဲ့များအား ထောက်ပံ့ကူညီခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်အဖြစ် ၂၀၀၈–၂၀၀၉ ခုနှစ်ကာလအတွက် တာဝန်ယူခဲ့သည်။ ၂၀၀၀ ခုနှစ်မှစ၍ ခရိုအေးရှားအစိုးရသည် အခြေခံအဆောက်အဦဘက်တွင် တသမတ်တည်း ရင်းနှီးမြုပ်နှံခဲ့ပြီး အထူးသဖြင့် Pan-European corridors တစ်လျှောက် လမ်းများနှင့် ဝန်ဆောင်များတွင် ရင်းနှီးမြုပ်နှံခဲ့သည်။


ခရိုအေးရှားနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ အဆင့်သတ်မှတ်ချက်တွင် ဝင်ငွေမြင့်မားသောနိုင်ငံဖြစ်ပြီး လူထုဖွံ့ဖြိုး‌ရေးညွှန်းကိန်းတွင် အဆင့် ၄၆ တွင်ရှိသော နိုင်ငံဖြစ်သည်။[3] ခရိုအေးရှားနိုင်ငံ၏ စီးပွားရေးတွင် ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတို့မှ လွှမ်းမိုးကြီးစိုးထားသည်။ ခရီးသွားလုပ်ငန်းသည်လည်း နိုင်ငံ၏ဘဏ္ဍာကို သိသာစွာ ဖြည့်ဆည်းပေးနိုင်သော ရင်းမြစ်ဖြစ်ပြီး ခရိုအေးရှားနိုင်ငံသည် ကမ္ဘာတွင် ခရီးသွားလည်ပတ်လိုသည့် ရေပန်းစားသော ထိပ်ဆုံးနေရာ ၂၀ တွင် ပါဝင်သော နိုင်ငံဖြစ်သည်။ နိုင်ငံတော်မှ တောင့်တင်းခိုင်မာသော အစိုးရအသုံးစရိတ်ဖြင့် စီးပွားရေးတစိတ်တပိုင်းအား ထိန်းချုပ်ထားသည်။ ဥရောပသမဂ္ဂသည် ခရိုအေးရှားနိုင်ငံ၏ အရေးကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည်။ ခရိုအေးရှားနိုင်ငံသည် လူမှုလုံခြုံရေး၊ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ မူလတန်းနှင့် အလယ်တန်း အခမဲ့ပညာရေးတို့ကို ထောက်ပံ့ပေးပြီး အများပြည်သူအဖွဲ့အစည်းများအကြား ယဉ်ကျေးမှုဆိုင်ရာ ထောက်ပံ့ပေးခြင်းနှင့် မီဒီယာနှင့် ထုတ်လုပ်ရေးတို့တွင် ပူးပေါင်းရင်းနှီးမြုပ်နှံခြင်းတို့ကို ဆောင်ရွက်သည်။


ရုရှားတွင် ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ ကျင်းပခဲ့သော ၂၁ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌ ခရိုအေးရှားအသင်းသည် အသင်းငယ်လေးပင် ဖြစ်လင့်ကစား အသင်းကြီးများကို ကျော်ဖြတ်ကာ ဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ၌ ပြင်သစ်အသင်းကို ၄ ဂိုး-၂ ဂိုး ဖြင့် အရေးနိမ့်ကာ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ပထဝီဝင်

ခရိုအေးရှားနိုင်ငံ၏ ဂြိုဟ်တုရုပ်ပုံ

ခရိုအေးရှားနိုင်ငံသည် ဗဟိုဥရောပနှင့် ဥရောပ အရှေ့တောင်ဒေသတွင်တည်ရှိပြီး အေဒြီယက်တစ်ပင်လယ်ကမ်း‌ခြေတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ဟန်ဂေရီနိုင်ငံ၊ အ‌ရှေ့ဘက်တွင် ဆားဘီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံနှင့် မွန်တီနီဂရိုးနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ဆလိုဗေးနီးယားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ခရိုအေးရှားနိုင်ငံသည် မြောက်လတ္တီတွဒ် ၄၂° နှင့် ၄၇° ကြားနှင့် အရှေ့လောင်ဂျီတွဒ် ၁၃° နှင့် ၂၀° ကြားတွင် တည်ရှိသည်။ ဒူဗရော့ဗ်နစ်ခ်မြို့ဝန်းကျင်ရှိ တောင်ပိုင်းအစွန်း နယ်မြေဒေသများသည် အခြားနိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိ၍နေပြီး ဘောစနီးယားနှင့် ဟာဇီဂိုဗေးနားနိုင်ငံ၏ နင့်မ်မြို့(Neum)ကျွန်းဆွယ်ဒေသမှ ပိုင်းခြားထားကာ ပင်မကုန်းမြေနှင့် ရေကြောင်းနယ်နိမိတ်ဖြင့် ဆက်သွယ်ထားသည်။[4]


ခရိုအေးရှားနိုင်ငံ၏ ပိုင်နက်နယ်မြေသည် ၅၆,၅၉၄ စတုရန်း ကီလိုမီတာ (၂၁,၈၅၁ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကုန်းမြေ ၅၆,၄၁၄ စတုရန်း ကီလိုမီတာ (၂၁,၇၈၂ စတုရန်းမိုင်) နှင့် ရေပြင် ၁၂၈ စတုရန်း ကီလိုမီတာ (၄၉ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် ၁၂၇ နိုင်ငံမြောက် အကြီးမားဆုံးသော နိုင်ငံဖြစ်သည်။<[5] နိုင်ငံတွင်း အမြင့်ဆုံးနေရာမှာ ဒီနဲရစ် အဲ့ပ်တောင်တန်း(Dinaric Alps)မှ ဒီနာရာ(Dinara)တောင်ထွဋ်ဖြစ်ပြီး ၁,၈၃၁ မီတာ (၆,၀၀၇ ပေ) မြင့်ကာ ဘော့စနီးယားနှင့် ဟာစီဂိုးဗီးနားနိုင်ငံနယ်စပ်မှာ တောင်ဘက် အေဒြီယက်တစ်ပင်လယ်ထိ ရှည်လျားပြီး နယ်ခြားမျဉ်းသဖွယ်ဖြစ်နေသည်။[5] ခရိုအေးရှားနိုင်ငံ၏ ကျွန်းများသည် ကျွန်းကြီးကျွန်းငယ် တစ်ထောင်ကျော်ပါဝင်ကြပြီး ၎င်းတို့ထဲမှ ၄၈ ခုသာ အမြဲတမ်းနေထိုင်သူများ ရှိကြသည်။ အကြီးဆုံးကျွန်းများမှာ ခရက်ကျွန်း(Cres)နှင့် ကာ့ခ်(Krk)ကျွန်းတို့ဖြစ်ပြီး ၄၀၅ စတုရန်း ကီလိုမီတာ (၁၅၆ စတုရန်းမိုင်) လောက်နီးပါးစီ ကြီးမားကြသည်။[5]


တောင်များထူထပ်သော မြောက်ပိုင်းဒေသ Hrvatsko Zagorje နှင့် ပန်နိုနီးယန်းမြစ်ဝှမ်း(Annonian Basin)၏ အစိတ်အပိုင်းများဖြစ်သည့် အရှေ့ဘက် ဆလိုဗေးနီးယားလွင်ပြင်တွင် ဒန်ညုမြစ်၊ ဒရာဗာမြစ်(Drava)၊ ကူပါမြစ်(Kupa)နှင့် ဆာဗာမြစ်(Sava)တို့ ဖြတ်သန်းစီးဆင်းနေသည်။ ဒန်ညုမြစ်သည် ဥရောပ၏ ဒုတိယအရှည်ဆုံးမြစ်ဖြစ်ပြီး ဗူကိုဗာမြို့(Vukovar)၏ အရှေ့ဖျားသို့ ဖြတ်သန်းစီးဆင်းပြီး ဆားဘီးယားနိုင်ငံ ဗာ့ဗိုဒီးနားဒေသ(Vojvodina)နှင့် နယ်ခြားမျဉ်းသဖွယ်ဖြစ်၍ နေသည်။ အေဒြီယက်တစ်ပင်လယ်ပင်လယ်ကမ်းရိုးတန်းအနီး အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၊ ကျွန်းများတွင် သိပ်မမြင့်မားသော တောင်များနှင့် သစ်တောများ ဖုံးလွှမ်းထားသော ကုန်းမြင့်များ တည်ရှိသည်။ နိုင်ငံတွင်း တွေ့ရသော သဘာဝရင်းမြစ်များသည် ထုတ်လုပ်မှုပြုလုပ်နိုင်သည့် လုံလောက်သော ပမာဏရှိပြီး ထိုသဘာဝရင်းမြစ်များတွင် ဆီ၊ ကျောက်မီးသွေး၊ ဘော်ဆိုက်သတ္တု(Bauxite)၊ အဆင့်နိမ့် သံရိုင်း၊ ထုံး၊ ဂျစ်ပဆမ်(Gypsum)၊ သဘာဝ ကတ္တရာ(Natural Asphalt)၊ ဆီလီကာ၊ ကြွေ၊ ရွံ့၊ ဆားနှင့် ရေအားလျှပ်စစ်တို့ ပါဝင်သည်။[5] ခရိုအေးရှားနိုင်ငံ၏ မြေတဝက်လောက်သည် ကရက်စ်မြေမျက်နှာသွင်ပြင်အနေအထားဖြစ်ပြီး သိသာထင်ရှားသော အရာမှာ ဒနဲရစ် အဲ့ပ်တောင်တန်းဖြစ်သည်။[6] ထို့ပြင် ခရိုအေးရှားနိုင်ငံ၌ နက်ရှိုင်းသော ဂူများရှိပြီး ဂူ ၄၉ ခုမှာ ၂၅၀ m (၈၂၀.၂၁ ft) ထက် နက်ရှိုင်းပြီး ၁၄ ခုမှာ ၅၀၀ m (၁,၆၄၀.၄၂ ft) ထက် နက်ရှိုင်းကာ ဂူ ၃ ခုမှာ ၁,၀၀၀ m (၃,၂၈၀.၈၄ ft) ထက် ပို၍နက်ရှိုင်းသည်။ ခရိုအေးရှားနိုင်ငံ၏ အကျော်ကြားဆုံးသော ရေကန်မှာ ပလစ်ဗစ်ရေကန်ဖြစ်ပြီး ရေကန် ၁၆ ခုပါဝင်ကာ dolomite နှင့် ထုံးကျောက်ဆောင်များကို ဖြတ်သန်းသွားသော ရေတံခွန်များဖြင့် တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားကြသည်။ ရေကန်များသည် သူတို့၏ စိမ်းပြာရောင်မှ mint green ရောင်ထိရှိသော အရောင်များ၊ အညို သို့မဟုတ် အပြာရောင်စသော မတူကွဲပြားသော အရောင်များကို ပိုင်ဆိုင်ကြသောကြောင့် ကျော်ကြားကြပါသည်။[7]

စီးပွားရေး

လူမှုအခြေပြ

၂၀၁၉ ခုနှစ်တွင် ခန့်မှန်းလူဦးရေ ၄.၂၄ မီလီယံ ရောက်ရှိလာသော ခရိုအေးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ၁၂၇ နိုင်ငံမြောက် လူဦးရေ အထူထပ်ဆုံးသော နိုင်ငံ ဖြစ်သည်။[8]  ၂၀၁၈ ခုနှစ်တွင် လူဦးရေ သိပ်သည်းမှုသည် ၁ စတုရန်းကီလိုမီတာတွင် နေထိုင်သူ ၇၂.၉ ဦး ရှိပြီး ဥရောပတွင် လူဦးရေ သိပ်သည်းမှု ပို၍ကျဲပါးသော နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။[9] ခရိုအေးရှားနိုင်ငံ၏ မျှော်မှန်း သက်တမ်းမှာ ၂၀၁၈ ခုနှစ်တွင် ၇၆.၃ နှစ်ဖြစ်သည်။[10]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၈၉၀ ၂၈၅၄၅၅၈    
၁၉၀၀ ၃၁၆၁၄၅၆+10.8%
၁၉၁၀ ၃၄၆၀၅၈၄+9.5%
၁၉၂၁ ၃၄၄၃၃၇၅−0.5%
၁၉၃၁ ၃၇၈၅၄၅၅+9.9%
၁၉၄၈ ၃၇၇၉၉၅၈−0.1%
၁၉၅၃ ၃၉၃၆၀၂၂+4.1%
၁၉၆၁ ၄၁၅၆၉၆−89.4%
၁၉၇၁ ၄၄၂၆၂၂၁+964.8%
၁၉၈၁ ၄၆၀၁၄၆၉+4.0%
၁၉၉၁ ၄၇၈၄၂၆၅+4.0%
၂၀၀၁ ၄၄၉၂၀၄၉−6.1%
၂၀၁၁ ၄၄၅၆၀၉၆−0.8%
၂၀၂၀ ၄၁၀၅၂၆၇−7.9%
As of 29 June 2011
ကောင်တီအလိုက် ခရိုအေးရှားနိုင်ငံ၏ လူဦးရေ ထူထပ်မှုပြ မြေပုံ

Total fertility rate(TFR) သည် မိခင်တစ်ဦးလျှင် ကလေး ၁.၄၂ ဦးရှိပြီး ကမ္ဘာပေါ်တွင် အနိမ့်ဆုံးနိုင်ငံများထဲမှ တစ်ခုလည်း ဖြစ်ပြီး ၁၈၈၅ ခုနှစ်တွင် အမျိုးသမီးတစ်ဦးလျှင် ၆.၁၈ ရှိခဲ့ရာမှ အတော်လေး နိမ့်ကျလာသည်ကို တွေ့ရသည်။[11][10] ၁၉၉၁ ခုနှစ်မှစ၍ ခရိုအေးရှားနိုင်ငံ၏ သေဆုံးနှုန်းမှာ မွေဖွားနှုန်းထက် ဆက်တိုက်မြင့်တက်လာခဲ့သည်။[4] ခရိုအေးရှားနိုင်ငံသည် နောက်ပိုင်းတွင် ကမ္ဘာပေါ်တွင် သက်ကြီးဦးရေများသော နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး ပျမ်းမျှသက်တမ်းမှာ ၄၃.၃ နှစ်ဖြစ်သည်။ [12] ၁၉၉၀ ခုနှစ်များနှောင်းပိုင်းမှစ၍ ခရိုအေးရှားနိုင်ငံသို့ ရွေ့ပြောင်းအခြေနေထိုင်မှုများ တိုးလာပြီး ၂၀၁၈ ခုနှစ်တွင် အသားတင် ရွေ့ပြောင်းအခြေချနေထိုင်မှု ၂၆,၀၀၀ ကျော် အဆင့်သို့ ရောက်ရှိလာခဲ့သည်။[13][14] မွေးနှုန်းမှန်နှင့် အသားတင်ရွေ့ပြောင်းမှု အဆင့်များပေါ်မူတည်၍ ခရိုအေးရှား စာရင်းအင်းဗြူရိုသည် ၂၀၆၁ တွင် လူဦးရေသည် ၃.၈၅ သို့ လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းခဲ့သည်။[15] ၁၈၅၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်ထိ ကမ္ဘာစစ်နှစ်ခုဖြစ်ခဲ့‌သော ၁၉၂၁ နှင့် ၁၉၄၈ ခုနှစ်မပါ ခရိုအေးရှားနိုင်ငံ၏ လူဦးရေသည် ၂.၁ မီလီယံမှ တသမတ်တည်း မြင့်တက်ခဲ့ရာ အမြင့်ဆုံးအချိန်တွင် ၄.၇ မီလီယံရှိခဲ့သည်။[4] လူဦးရေတိုးပွားမှုနှုန်းသည် demographic transition ပြီးဆုံးသည့် ၁၉၇၀ ခုနှစ်များကာလနှင့်စာလျှင် အနှုတ်ဘက်သို့ ပြ၍နေသည်။[5][16] မကြာသေးမီနှစ်များက ခရိုအေးရှားအစိုးရကို နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားသားလုပ်သား ခွင့်ပြုမှုပမာဏတိုးမြှင့်ရန် ဖိအားပေးခြင်းခံ၍နေရသည်။[17] ရွေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒအရ ခရိုအေးရှားနိုင်ငံသည် နိုင်ငံမှာ ထွက်ခွာသွားသူတို့ကို ပြန်လာရန် သိမ်းသွင်းမှု ပြုလုပ်နေကြသည်။[18]


ခရိုးအေးရှား လွတ်လပ်ရေးတိုက်ပွဲ၏ ရလာဒ်ကြောင့် လူဦးရေသည် လျော့ကျသွားခြင်းလည်း ဖြစ်ပါသည်။ စစ်အတွင်း လူဦးရေ၏ အဓိကအစိတ်အပိုင်းများအား ရွေ့ပြောင်းခြင်းနှင့် နိုင်ငံပြောင်းရွေ့ခြင်းတို့ ဖြစ်စေခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အဓိက သိမ်းပိုက်ခံရသော ဒေသများတွင် ခရိုအေးရှားလူမျိုး(Croats)များ ၄၀၀,၀၀၀ ကျော်သည် သူတို့အိမ်များအား ဆာ့ဘ်သူပုန်တပ်ဖွဲ့များ၏ ရွေ့ပြောင်းမှုခံရခြင်း သို့မဟုတ် အကြမ်းဖက်ခံရမှုကြောင့် ထွက်ပြေးရခြင်းတို့နှင့် ကြုံတွေခဲ့ရသည်။[19] ၁၉၉၅ ခုနှစ် စစ်ပွဲ၏ နောက်ဆုံးနေ့ရက်များတွင် မုန်တိုင်းစစ်ဆင်ရေး(Operation Storm)ကာလအတွင်း ခရိုအေးရှားတပ်ဖွဲ့များ မရောက်လာမီ ဆာ့ဘ် ၁၅၀–၂၀၀,၀၀၀ ခန့်သည် ထွက်ပြေးသွားခဲ့သည်။[20][21] စစ်ပွဲပြီးဆုံးသည့်နောက် ရွေ့ပြောင်းနေထိုင်ရသူ အရေအတွက်သည် ၂၅၀,၀၀၀ ခန့်ထိ ကျဆင်းသွားခဲ့သည်။ ခရိုအေးရှားအစိုးရသည် ရွေ့ပြောင်းနေထိုင်ခဲ့ရသူတို့အား ၁၉၉၁ ခုနှစ် ဒီဇင်ဘာမှစတင်၍ ရွေ့ပြောင်းနေထိုင်ခဲ့ရသူနှင့် ဒုက္ခသည်များဆိုင်ရာ ရုံး(Office of Displaced Persons and Refugees)မှတဆင့် လူမှုလုံခြုံရေးစနစ်ဖြင့် စောင့်ရှောက်မှု ပေးခဲ့သည်။[22] အချို့သော ရွေ့ပြောင်းသူများသည် ၎င်းတို့၏ နေအိမ်သို့ ပြန်ချိန်၌ ခရို‌အေးရှား လွတ်လပ်ရေးတိုက်ပွဲများအတွင်း စွန့်ပစ်ခဲ့ရသော နေရာဒေသအများစုကို ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားမှ ခရော့ထ်ဒုက္ခသည်များမှ အခြေချနေထိုင်ခဲ့ပြီး ထိုဒေသများသည် ဘော့စနီးယားကနေဆိုလျှင် အနောက်မြောက်ဘက်ရှိ ဒေသများဖြစ်သည်။[23][24]


၂၀၁၃ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာအရ ခရိုအေးရှားလူဦးရေ၏ ၁၇.၆% သည် နိုင်ငံခြားဖွား ရွေ့ပြောင်းနေထိုင်သူများ ဖြစ်ကြသည်။[25] ခရိုအေးရှားနိုင်ငံ၌ အဓိကနေထိုင်သူများမှာ ခရော့ထ်(Croats)(၉၀.၄%)၊ ၎င်းနောက်တွင် ဆာ့ဘ်(၄.၄%)၊ ဘော့စနီးခ် (၀.၇၃%), အီတလီ (၀.၄၂%), အာဗေးနီးယား (၀.၄၁%, ရိုးမား (၀.၄၀%), ဟန်ဂေရီ (၀.၃၃%), ဆလိုဗန်နီး (၀.၂၅%), ချက် (၀.၂၂%), မွန်တီနီဂရင်း (၀.၁၁%), ဆလိုဗက် (၀.၁၁%), မက်ဆီဒိုးနီးယား (၀.၁၀%)နှင့် အခြားလူမျိုး (၂.၁၂%) ရှိသည်။[26] ခရော့ထ် ၄ မီလီယံနီးပါးသည် တိုင်းတစ်ပါးတွင် နေထိုင်ကြသည်။ [27]


ဘာသာရေး

ခရိုအေးရှားနိုင်ငံတွင် တရားဝင်နိုင်ငံတော်ဘာသာ သတ်မှတ်ထားခြင်း မရှိပေ။ ဘာသာရေးလွပ်လပ်ခွင့်ကို အခြေခံဥပဒေ၌ ဖော်ပြထားပြီး ဥပဒေ၏ ရှေ့မှောက်တွင် ဘာသာရေးအဖွဲ့အစည်းအားလုံးသည် တူညီမှုရှိပြီး နိုင်ငံတော်နှင့် သီးခြားစီ တည်ရှိသည်။[28]


၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ခရိုအေးရှားနိုင်ငံသား ၉၁.၃၆%သည် ခရစ်ယာန်ဘာသာဝင်များဖြစ်သည်ဟု ဖော်ပြကြပြီး ထိုအထဲမှ ကက်သလစ်ဘာသာသည် အကြီးမားဆုံးဖြစ်ပြီး လူဦးရေ၏ ၈၆.၂၈% ရှိပြီး ၎င်းနောက်တွင် အရှေ့ပိုင်း အော်သိုဒေါ့(၄.၄၄%)၊ ပရိုတက်စတင့်(၀.၃၄%)နှင့် အခြားသော ခရစ်ယာန်ဂိုဏ်းခွဲ(၀.၃၀%)တို့ အသီးသီး ရှိကြသည်။ ခရစ်ယာန်ဘာသာပြီးလျှင် ကိုးကွယ်မှုအများဆုံးမှာ အစ္စလာမ်ဘာသာ(၁.၄၇%) ဖြစ်သည်။ လူဦးရေ၏ ၄.၅၇%သည် ဘာသာရေးယုံကြည်မှု မရှိသူများအဖြစ် ဖော်ပြကြသည်။[29]


၂၀၁၀ ခုနှစ်တွင် Eurostat Eurobarometer Poll တွင် ခရိုအေးရှား လူဦးရေ၏ ၆၉% သည် "ဘုရားသခင်ရှိသည်ကို ယုံကြည်သည်" ဟူဖြေဆိုထားကြသည်။[30] ၂၀၀၉ ခုနှစ် Gallup poll တွင် "သင်၏နေ့စဉ်ဘဝတွင် ဘာသာရေးသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သလား" မေးခွန်းကို ၇၀% သည် မှန်ပါသည်ဟု ဖြေဆိုထားကြသည်။[31] သို့ပေမယ့်လည်း လူဦးရေ၏ ၂၄%သာ ဘုရားကျောင်းတက်ခြင်း ပုံမှန်ပြုလုပ်ကြသည်။[32]

ယဉ်ကျေးမှု

အစားအစာ

Teran wine from Istria County

ခရိုအေးရှား ရိုးရာအစားအစာများသည် ဒေသတစ်ခုမှတစ်ခု ကွဲပြားကြသည်။ Dalmatia နှင့် Istria တို့တွင် ဟင်းချက်နည်းများသည် အမယ်ကြီးများဖြစ်သော ပင်လယ်စာများ၊ ဟင်းသီးဟင်းရွက်ချက်များနှင့် ပါစတာ တို့အပြင် ဟင်းခတ်သော သံလွင်ဆီနှင့် ကြက်သွန်ဖြူတို့အပါအဝင် အီတလီနှင့် အခြား မြေထဲပင်လယ်ဟင်းလျာများပေါ်တွင် အရင်းခံသည်။ ဥရောပဟင်းလျာများသည် ဩစတီးယား၊ ဟန်ဂေရီနှင့် တူရကီ ဟင်းချက်နည်းပုံစံများ များစွာလွှမ်းမိုးမှုရှိသည်။ ထိုဒေသတွင် အသား၊ ရေချိုငါးနှင့် ဟင်းသီးဟင်းရွက်ဟင်းလျာများကို အဓိကစားသုံးကြသည်။[33]


ခရိုအေးရှားနိုင်ငံ၌ ဝိုင်ထုတ်လုပ်သည့် ဒေသ နှစ်ခုရှိသည်။ နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ကုန်းမကြီးဒေသ၊ အထူးသဖြင့် စလိုဗေးနီးယားတွင် အကောင်းစားဝိုင်များ (အထူးသဖြင့် ဝိုင်ဖြူ)ကို ထုတ်လုပ်သည်။ မြောက်ပိုင်းကမ်းရိုးတန်းတစ်လျှောက် Istrian နှင့် Krk ဝိုင်များသည် အိမ်နီးချင်းဖြစ်သော အီတလီဝိုင်များနှင့် တူပြီး တောင်ပိုင်းရှိ Dalmatia တွင် မြေထဲပင်လယ်ပုံစံ ဝိုင်နီများသည်စံတစ်ခုအနေဖြင့် ထုတ်လုပ်ကြသည်။[33] နှစ်စဉ် ဝိုင်ထုတ်လုပ်မှုသည် ၁၄၀ မီလီယံလီတာ နီးပါး ပိုလျှံသည်။[4] ခရိုအေးရှားနိုင်ငံသည် ဝိုင်တစ်မျိုးတည်းနီးပါး သောက်သုံးသော နိုင်ငံဖြစ်သည်မှာ ဘီယာသောက်သုံးခြင်းနှင့် အများအပြားထုတ်လုပ်ခြင်း စတင်ခဲ့သော ၁၈ ရာစု မတိုင်မီအထိဖြစ်သည်။[34]  နှစ်စဉ် ဘီယာသောက်သုံးမှုသည် ၂၀၀၈ ခုနှစ်တွင် နိုင်ငံသားတစ်ဦးလျှင် ၈၃.၃ လီတာရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံအများအပြားတွင် ခရိုအေးရှားနိုင်ငံ၏ ဘီယာသောက်သုံးမှုသည် အမှတ်စဉ် ၁၅ နေရာကို ရောက်ရှိစေခဲ့သည်။[35]

အားကစား

ခရိုအေးရှားနိုင်ငံတွင် အားကစားတက်ကြွလှုပ်ရှားသူ ၄၀၀,၀၀၀ ကျော်ရှိသည်။[36] ထိုကိန်းဂဏန်းများအပြင် ၂၇၇,၀၀၀ ဦးသည် အားကစားအဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြစ်ကြပြီး ၄,၀၀၀ နီးပါးသည် စစ်တုရင်နှင့် Contract bridge association တို့၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။[4] ဘောလုံးအားကစားသည် နာမည်အကြီးဆုံးအားကစားဖြစ်ပြီး ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ် (ခရိုအေးရှား: Hrvatski nogometni savez)တွင် မှတ်ပုံတင်ထားသော အားကစားသမားပေါင်း ၁၁၈,၀၀၀ ဦးရှိရာ နိုင်ငံတွင် အကြီးဆုံး အားကစားအဖွဲ့အစည်း ဖြစ်သည်။[37] ခရိုအေးရှား ပထမတန်း ဘောလုံးလိဂ်(Prva HNL)သည် နိုင်ငံတွင်း အခြားသော အားကစားလိဂ်များထက် ပျမ်းမျှအားဖြင့် ပရိသတ်စိတ်ဝင်စားမှု အများဆုံးသော လိဂ်ဖြစ်သည်။ ၂၀၁၀-၁၁ ဘောလုံးရာသီတွင် ပွဲကြည့်ပရိသတ် ၄၅၈,၇၄၆ ဦး ကြည့်ရှုခဲ့ကြသည်။.[38]

ခရိုအေးရှား အမျိုးသား ဘောလုံးအသင်းသည် ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားတွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။


၁၉၉၁ ခုနှစ်တွင် ခရိုအေးရှားနိုင်ငံ လွတ်လပ်ရေးရရှိကတည်းက ခရိုအေးရှားအားကစားသမားများသည် နိုင်ငံတကာအားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အိုလံပစ်ဆုတံဆိပ် ၄၄ ခုရရှိခဲ့ပြီး ထိုအထဲတွင် ရွှေတံဆိပ် ၁၅ ခုပါဝင်ခဲ့ကာ ၁၉၉၆ နှင့် ၂၀၀၄ နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် handball အားကစားမှ၊ ၂၀၀၀ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ဝိတ်မ အားကစားမှ၊ ၂၀၀၂ နှင့် ၂၀၀၆ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် alpine skiing အားကစားမှ၊ ၂၀၁၂ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် discus throw၊ trap shooting နှင့် water polo အားကစားပြိုင်ပွဲမှ၊ ၂၀၁၆ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင်  shooting၊ rowing၊ discus throw၊ sailing နှင့် javelin throw အားကစားများမှ ရရှိခဲ့ခြင်း ဖြစ်သည်။[39] ထို့ပြင် ခရိုအေးရှားအားကစားသမားများသည် ကမ္ဘာ့ချန်ပီယံရှစ် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၆ ခု ရရှိခဲ့ပြီး ထိုသည်တို့မှာ ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သော World Championship in Athletics တွင် ၄ ခု၊ 2003 World Men's Handball Championship တွင် handball အားကစားမှ ၁ ခု၊ 2007 World Aquatics Championships နှင့် 2017 World Aquatics Championships တွင် ဝါးတားပိုလိုအားကစားတွင် ၂ ခု၊ 2010 World Rowing Championships တွင် ၁ ခု၊ ၂၀၀၃ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တွင် ကျင်းပခဲ့သော FIS Alpine World Ski Championships တွင် Alpine skiing အားကစားမှ ၆ ခု၊ ၂၀၁၁ ခုနှင့် ၂၀၀၇ ခုနှစ်တွင် ကျင်းပခဲ့သော ကမ္ဘာ့တိုက်ကွမ်ဒို ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၂ ခု ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ခရိုအေးရှားကစားသမားများသည် ၂၀၀၅ နှင့် ၂၀၁၈ ခုနှစ်တွင် Davis Cup ကိုလည်း အနိုင်ရရှိခဲ့သည်။ ခရိုအေးရှား အမျိုးသား ဘောလုံးအသင်းသည် ၁၉၉၈ ဖီဖာ ကမ္ဘာ့ဖလားတွင် တတိယနှင့် ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားတွင် ဒုတိယ ရရှိခဲ့သည်။ ထို့ပြင် ခရိုအေးရှားနိုင်ငံသည် များစွာသော အားကစားပြိုင်ပွဲကြီးများကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည်။ ထို့အထဲတွင် 2009 World Men's Handball Championship၊ 2007 World Table Tennis Championships၊ 2000 World Rowing Championships၊ 1987 Summer Universiade၊ 1979 Mediterranean Games နှင့် များစွာသော ဥရောပချန်ပီယံရှစ်ပြိုင်ပွဲများတို့ ပါဝင်သည်။


နိုင်ငံ၏ အားကစားနှင့်သက်ဆိုင်သော အစိုးရအာဏာပိုင်အဖွဲ့အစည်းမှာ ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် တည်ထောင်ခဲ့သော ခရိုအေးရှား အိုလံပစ်ကော်မတီ(ခရိုအေးရှား: Hrvatski olimpijski odbor)ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ အသိအမှတ်ပြုခြင်းကို ၁၉၉၂ နှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရရှိခဲ့ကာ ထို့သို့ ခွင့်ပြုခဲ့သည်နောက်တွင် အယ်ဘတ်ဗယ်လီ(Albertville)တွင် ကျင်းပခဲ့သော ၁၉၉၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြင်သစ်နိုင်ငံသည် လွတ်လပ်ရေးရရှိလာသော နိုင်ငံသစ်ကို အိုလံပစ် အားကစားပွဲတော်တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည်။[40]

Notes

  1. IPA transcription of "Republika Hrvatska": (Croatian pronunciation: [ˈrepǔblika ˈxř̩ʋaːtskaː])

ကိုးကား

  1. Human Development Report 2010 United Nations (2010)။ 5 November 2010 တွင် ပြန်စစ်ပြီး။
  2. Stuart Foster and Keith Crawford, 'Introduction: The Critical Importance of History Textbook Research', in: What Shall We Tell the Children? : International Perspectives on School History Textbooks, eds. Stuart Foster and Keith Crawford Greenwich: Information Age။ ၉ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. Human Development Report 2019 UNDP။ ၉ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. 2010 – Statistical Yearbook of the Republic of Croatia Croatian Bureau of Statistics (December 2010)။ ၁၀ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  5. World Factbook Central Intelligence Agency။ ၁၁ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  6. Mate Matas (18 December 2006)။ Raširenost krša u Hrvatskoj (in Croatian)။ geografija.hr Croatian Geographic Society။ 9 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  7. The best national parks of Europe BBC (28 June 2011)။ 1 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  8. World Population Prospects 2019, United Nations Department of Economic and Social Affairs
  9. Croatia in Figures Croatian Bureau of Statistics (2018)။ ၂၀ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  10. Max Roser (2014)၊ "Total Fertility Rate around the world over the last two centuries"Our World In Data, Gapminder Foundation၊ 7 August 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး၊ ၂၀ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး
  11. "The World FactBook - Croatia"The World Factbook၊ July 12, 2018 ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။
  12. U Hrvatskoj dvostruko više doseljenika Limun.hr (21 July 2007)။ ၂၀ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  13. MIGRACIJA STANOVNIŠTVA REPUBLIKE HRVATSKE U 2018./MIGRATION OF POPULATION OF REPUBLIC OF CROATIA, 2018
  14. Projekcija stanovništva Republike Hrvatske 2010. – 2061. (in Croatian)။ Croatian Bureau of Statistics (2011)။ ၂၀ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  15. "The demographic situation in Croatia" (June 1998). Geoadria 3 (1): 29–56. Hrvatsko geografsko društvo – Zadar. doi:10.15291/geoadria.45. ISSN 1331-2294. Retrieved on ၂၀ စက်တင်ဘာ ၂၀၂၀.
  16. Vlada uslišila molbe: Povećane kvote dozvola za strane radnike
  17. Nick Vidak (2008). "The Policy of Immigration in Croatia". Politička Misao: Croatian Political Science Review 35 (5): 57–75. University of Zagreb, Faculty of Political Science. ISSN 0032-3241. Retrieved on ၂၀ စက်တင်ဘာ ၂၀၂၀.
  18. Summary of judgement for Milan Martić United Nations (12 June 2007)။ 15 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  19. Prodger၊ Matt "Evicted Serbs remember Storm"၊ BBC News၊ 5 August 2005။ Archived from the original on 23 October 2012။
  20. Report of the Secretary-General Submitted Pursuant to Security Council Resolution 1009 (1995) (PDF)။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (23 August 1995)။
  21. Domovinski rat - Hrvatska enciklopedija ၂၀ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  22. Savez udruga Hrvata iz BiH izabrao novo čelništvo (in Croatian)။ Index.hr (28 June 2003)။ ၂၀ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  23. 29 06 2010 – Benkovac (in Croatian)။ Office of the President of Croatia (29 June 2010)။ 27 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  24. International Migration and Development
  25. U Hrvatskoj je loše i preporučam svakom mladom čovjeku da ode u Njemačku
  26. Croatian Constitution, Article 41
  27. Croatian Census 2011|
  28. Special Eurobarometer 341, "Biotechnology"
  29. Gallup Global Reports Gallup (company)။ 14 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  30. Final Topline Pew။ ၂၁ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  31. Gastronomy and enology Croatian National Tourist Board။ ၁၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  32. Skenderović၊ Robert။ "Kako je pivo došlo u Hrvatsku" (in Croatian)၊ Hrvatska revija ၁၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး
  33. 2008 Per-Capita Beer Consumption by Country Kirin Institute of Food and Lifestyle Report Vol. 22 Kirin Brewery Company (21 December 2009)။ ၁၃ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  34. Biserka Perman (May 2011). "Is sports system fair?". JAHR 2 (3): 159–171. University of Rijeka. ISSN 1847-6376. Retrieved on ၁၂ စက်တင်ဘာ ၂၀၂၀.
  35. About Croatian Football Federation Croatian Football Federation။ ၁၂ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  36. Evo vam Lige 16: Na utakmicama HNL-a prosječno 1911 (in Croatian)။ Index.hr (24 May 2011)။ ၁၂ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  37. Olympic medalists Croatian Olympic Committee။ 21 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၂ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  38. Croatian Olympic Committee hoo.hr Croatian Olympic Committee။ 4 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၂ စက်တင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.