ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ

ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား ကို အင်္ဂလိပ်ဘာသာ အားဖြင့် Bosnia and Herzegovina ဟုခေါ်ဆိုသည်။ [2] [3] ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား နိုင်ငံသည် ဥရောပတောင်ပိုင်း ဘော်လကန် ကျွန်းဆွယ်ပေါ်တွင် တည်ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဘော့စနီးယား-ဟာဇီဂိုးဗီးနား သို့ ဘော့စနီးယားဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။ မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ခရိုအေးရှားနိုင်ငံ၊ အနောက်ဘက်တွင် ဆားဘီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် မွန်တီနီဂရိုးနိုင်ငံ တို့ ရှိသဖြင့် ဘော့စနီးယားသည် ကုန်းတွင်းပိတ် နိုင်ငံ ဖြစ်လုနီးပါးပင် ဖြစ်သည်။ တစ်ခုတည်းသော ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည့် နီယမ်မြို့ (Neum) အနီးအနားဝန်းကျင် ၂၆ကီလိုမီတာ အရှည်ရှိသော အေဒရီယက်တစ်ပင်လယ် ကမ်းရိုးတန်းမှအပ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဟု ဆိုနိုင်သည်။ [4][5] နိုင်ငံ၏ အတွင်းပိုင်းမှာ အလယ်ပိုင်းမှ တောင်ပိုင်းအထိ တောင်ထူထပ်ပြီး အနောက်မြောက်ဘက်တွင် တောင်ကုန်းများရှိကာ အရှေ့မြောက်ဘက်တွင် မြေပြန့်ဒေသဖြစ်သည်။

ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ
Bosna i Hercegovina
Босна и Херцеговина
Bosnia and Herzegovina
အလံတော် အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: 

The National Anthem of Bosnia and Herzegovina
မြို့တော်
နှင့် အကြီးဆုံးမြို့
ဆာရာယေဗိုမြို့
ရုံးသုံး ဘာသာစကားများဘော့စနီးယားခရိုအေးရှားဆားဘီးယား
အမျိုးအစားပါလီမန် သမ္မတနိုင်ငံ
အစိုးရ
 အမြင့်ဆုံး ကိုယ်စားလှယ်
Valentin Inzko
 သမ္မတအဖွဲ့ဝင်များ
Nebojša Radmanovic
Željko Komšic
Bakir Izetbegovid
 ဝန်ကြီးချုပ်
Nikola Špiric
တည်ထောင်
 အမျိုးသားနေ့
နိုဝင်ဘာလ ၂၅ ၊ ၁၉၄၃
 လွတ်လပ်ရေး (ယူဂိုဆလားဗီးယားမှ)
မတ်လ ၁ ၊ ၁၉၉၂
ဧရိယာ
 စုစုပေါင်း
၅၁,၂၀၉ km2² (၁၉,၇၇၂ sq mi) (အဆင့်: ၁၂၇)
လူဦးရေ
 ခန့်မှန်း
၄,၆၁၃,၂၈၉ (၂၀၁၁) (အဆင့် - ၁၂၇)
 သိပ်သည်းမှု
၇၅/km² (၁၉၄/sq mi) (အဆင့် - ၁၂၆)
GDP (PPP)ခန့်မှန်း
 Per capita
US $၈,၀၆၃
HDI၀.၇၁၀[1]
မြင့် · ၆၈
ငွေကြေးမာ့ခ်ငွေ
တယ်လီဖုန်းကုဒ်+၃၈၇
Internet TLD.ba

တိုင်းပြည်၏ အလယ်ပိုင်းတောင်ပိုင်းတို့တွင် တောတောင်ထူထပ်ပြီး၊ အနောက်မြောက်ပိုင်းတွင် ကုန်းမြင့်ဒေသ ဖြစ်သည်။ ကုန်းတွင်းပိုင်းသည် ပထဝီဝင်အနေအထား ကွဲပြားနေမှုကြောင့် သင့်တင့်မျှတသော (continental climate) ရာသီဥတုမျိုးရှိသည်။ နွေအခါ လွန်စွာပူပြင်းပြီး၊ ဆောင်းအခါတွင် ဆီးနှင်းများထူထပ်စွာကျသည်။ တောင်ဘက်စွန်းပိုင်းတွင် မြေထဲပင်လယ်ရာသီဥတု (Mediterranean climate) ရှိပြီး မြေပြင်ညီညာပြန့်ပြူးသည်။

တိုင်းပြည်တွင်းတွင် လူမျိုးစု (၃)စုနေထိုင်ကြသည်။ ဘော့စနီယက် (Bosniaks) လူမျိုးစုမှာ လူဦးရေအများဆုံးဖြစ်သည်။ ဆာ့ဗ် (Serbs) လူမျိုးစုမှာ ဒုတိယအများဆုံးဖြစ်ပြီး ခရုတ် (Croats) လူမျိုးစုမှာ တတိယအများဆုံးဖြစ်သည်။ မည်သို့ပင် လူမျိုးစုကွဲပြားနေစေကာမူ ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား နိုင်ငံသားတို့ကို အင်္ဂလိပ်ဘာသာအားဖြင့် ဘော့စနီးယန်း (Bosnian) လူမျိုး နှင့် ဟာဇီဂိုးဗီးနီးယန်း (Herzegovinian) လူမျိုး ဟုသာ သတ်မှတ်သည်။ သို့ရာတွင် ဘော့စနီးယန်း နှင့် ဟာဇီဂိုးဗီးနီးယန်း ဝေါဟာရတို့သည် လူမျိုးစုအတွက် သုံးနှုန်းသည် မဟုတ်ပဲ ဒေသပေါ်မူတည်၍ သုံးစွဲခြင်းသာအဓိက ဖြစ်သည်။ ဟာဇီဂိုးဗီးနားသည် တိကျသော နယ်နိမိတ်သတ်မှတ်ချက်လည်း မရှိပေ။ ဗဟိုထိန်းချုပ်သော နိုင်ငံအုပ်ချုပ်ရေးမျိုး မဟုတ်ပဲ အုပ်ချုပ်ရေးအစိုးရအဖွဲ့ (၂)ဖွဲ့ ရှိသည်။ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ဖက်ဒရေးရှင်း (Federation of Bosnia and Herzegovina) အစိုးရ နှင့် ဆာ့ပ်စ်ကာသမ္မတနိုင်ငံ (Republika Srpska) အစိုးရတို့ ဖြစ်ကြသည်။ တဖန် ယင်းအစိုးရတို့ နှစ်ဦးနှစ်ဖက် ပူးတွဲအုပ်ချုပ်သော ဘရော့ကိုခရိုင် (Brčko District) ကလည်း တတိယ အုပ်ချုပ်ရေးဒေသတစ်ခုအဖြစ် ရှိနေသေးသည်။

ယခင်က ဖက်ဒရယ်ပြည်နယ် (၆)ခုဖြင့် ဖွဲ့စည်းထားသော ယူဂိုဆလားဗီးယားပြည်ထောင်စု ၏ အဖွဲ့ဝင်ဖြစ်ခဲ့သည့် ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား (Bosnia and Herzegovina) သည် ၁၉၉၀ပြည့်လွန်နှစ်များအတွင်း ယူဂိုဆလပ်ဗ်စစ်ပွဲများအတွင်း လွတ်လပ်ရေးရရှိခဲ့သည်။ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးပြီး ဈေးကွက်စီးပွားရေးစနစ်ကို အသွင်ကူးပြောင်းလျှက် ရှိသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရရှိရန် လျှောက်ထားဆဲ ဖြစ်သည်။ ၂၀၁၀၊ ဧပြီလတွင် နေတိုးအဖွဲ့ လေ့လာသူနိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရသည်။ ၂၀၀၂ခု၊ ဧပြီလ(၂၄)ရက်နေ့မှစ၍ ဥရောပကောင်စီ (Council of Europe) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ၂၀၀၈ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် တည်ထောင်သော မြေထဲပင်လယ်သမဂ္ဂ (Mediterranean Union) ၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

ကိုးကား

  1. Human Development Report 2010 United Nations (2010)။ 5 November 2010 တွင် ပြန်စစ်ပြီး။
  2. တမ်းပလိတ်:USdict
  3. Bosnia and Herzegovina – Definition of Bosnia and Herzegovina at Yourdictionary.com။ 2010-01-25 တွင် ပြန်စစ်ပြီး။
  4. Field Listing – Coastline, The World Factbook, 2006-08-22
  5. Bosnia and Herzegovina: I: Introduction, Encarta, 2006. Archived 2009-10-31.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.