သာဓု (ဒါရိုက်တာ)

သာဓု
မွေးသက္ကရာဇ် ၁၉၁၈ စက်တင်ဘာလ
အမည်ရင်း ဦးဖေသန်း
နိုင်ငံ မြန်မာ
မိဘအမည် ဦးမြမောင် + ဒေါ်ဖွားမျှင်
ကလောင် အမည်ခွဲများ စိန်ချယ်၊ ဥဩ၊ ပေါ်လွင်၊ ဘာဘူ၊ မောင်ဒါန၊ မောင်ဖေသန်း၊ မောင်သောကြာ၊ မြတ်သူ၊ ဖေသန်း၊ သခင်ဖေသန်း
အလုပ်အကိုင် စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ
မွေးဖွားရာဒေသ ပဲခူးမြို့
ထင်ရှားကျော်ကြားမှု စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အဖြစ်

ကိုယ်ရေးဖြစ်စဉ်

ရုပ်ရှင် ဒါရိုက်တာ၊ စာရေးဆရာ သာဓု ခေါ် သခင်ဖေသန်းကို အဖ ဦးမြမောင်၊ အမိ ဒေါ်ဖွားမျှင် တို့က ၁၉၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့သည်။ သာဓုသည် ရန်ကုန်ဟိုက်စကူးကျောင်းတွင် ကိုးတန်းအထိ ပညာသင်ကြား ခဲ့သည်။ တို့ဗမာအစည်းအရုံးသို့ ဝင်၍ ၁၃ဝဝ ပြည့် ရေနံမြေသပိတ်တွင် အသေခံဗိုလ်အဖြစ် ပါဝင်ချီတက်ခဲ့သည်။


၁၉၄၇ - ၄၈ ခုနှစ်တွင် ပူတူတူးလေး ဆေးပေါင်ဒါလုပ်ငန်း လုပ်ကိုင်ရင်း သွေးသောက် ဦးပြည့်စုံနှင့် တွေ့ရာမှ ဝတ္ထု၊ ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဝန်ကြီးတမတ်ဝတ္ထုတိုကို စတင်ရေးသားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဒါတွေပြင် ပြုပြင်ရေးစာအုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ပဒေသာမဂ္ဂဇင်း ထုတ်ဝေရာ၌ ပါဝင်ခဲ့သည်။


သာဓုသည် ချစ်စံနမူနာ၊ တပ်ထဲက မြတ်ကိုကို၊ အသက်၊ အတာ၊ တဇောက်ကန်း အစရှိသော လုံးချင်း ဝတ္ထု ၂ဝ ကျော်နှင့် သာဓု လူပါးဝတယ် (ကိုယ်တိုင်ရေး ဝတ္ထုဟန် ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်) နှင့် ဝတ္ထုရှည်ပေါင်း ၅ဝဝ ခန့် ရေးသား ခဲ့သည်။


`တပ်ထဲကမြတ်ကိုကို´ ဝတ္ထုဖြင့် ၁၉၅၄ ခုနှစ်တွင် စာပေဗိမာန်ဆုကို ရရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ထိုဝတ္ထုကို တက္ကသိုလ်ဝင် စာမေးပွဲအတွက် ပြဋ္ဌာန်း စာအုပ်အဖြစ် သတ်မှတ်ခဲ့သည်။


သာဓုသည် ၁၉၅၉ ခုနှစ်တွင် ကကြီးရေက ရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီ ဆုကို ရရှိခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် "အငိုလွယ်သည်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာအကယ်ဒမီဆုကို ဆက်လက် ဆွတ်ခူးခဲ့သည်။


ထို့ပြင် သာဓုသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် သခင်ဖေသန်း အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်က နိုင်ငံ့ဂုဏ်ရည် (ဒုတိယဆင့်) ချီးမြှင့် အပ်နှင်းခြင်း ခံရသည်။


ဧည့်သည်၊ အကယ်၍သာ၊ ဗိုလ်ကာတွန်း၊ အဖြေ၊ ဖက်ဆစ်ကလပ်၊ အကြင်တို့လင်မယား စသော ရုပ်ရှင်ကား ၁ဝ ကားခန့် ရိုက်ကူးခဲ့သည်။

မိသားစု ဘဝ

ဆရာမဖြစ်သူ (နောင်တွင် မူလတန်း ကျောင်းအုပ်) ဒေါ်ခင်ညို နှင့် လက်ထပ်သည်။ သားသမီးများမှာ အောက်ပါအတိုင်း ဖြစ်သည် −

ရုပ်ရှင်သရုပ်ဆောင် မြတ်မွန်နဲ့ နောက်အိမ်ထောင်ပြုခဲ့သေးတယ်။ နောက်အိမ်ထောင်နဲ့ သားသမီး ရ/မရ သိပ်မထင်ရှား။

ဘဝနိဂုံး

ဒါရိုက်တာ၊ စာရေးဆရာ သာဓု အဖြစ် လူသိများခဲ့သော သခင်ဖေသန်းသည် `ကြိုး´ဇာတ်ကား ရိုက်ကူးဆဲ `ဒို့ကိုယ်ကျိုး လုံးလုံးမပါ´ လုံးချင်း စာအုပ် ရေးသားဆဲ စာပေ တာဝန်၊ အနုပညာ တာဝန် ထမ်းဆောင်ဆဲ ၁၉၉၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။


ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ [1]

စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်
ချစ်စံနမူ ၁၉၄၉
ချစ်ဇနီး ချစ်လင် ၁၉၅၅
ချစ်တက္ကသိုလ် ၁၉၅၂
ငိုမလို ရည်ယောင်ကာမဲ့မိ လှောင်ပါနဲ့ တိမ်မင်းဝဠာ ၁၉၈၁
စစ်ယားအိပ်ဆောင် ၁၉၅၄
ဇာတ်လမ်းပမာ ၁၉၅၄
တဇောက်ကန်း
တပ်ထဲက မြတ်ကိုကို ၁၉၅၁စာပေဗိမာန် ဆု
ဒါတွေပြင် ၁၉၄၆
၁၀ဒီမျက်နှာလေးကို ချစ်တာ ၁၉၈၅
၁၁နောက်မယား ၁၉၅၄
၁၂နောက်လင် ၁၉၅၃
၁၃လင်မယားဘဝ ၁၉၅၄
၁၄လိင် ၁၉ရဝ
၁၅လိင်နှင့် မေမေလတ် ၁၉၅၆
၁၆သာဓု ရေးနည်း ဝတ္ထုတိုများ ၁၉၅၆
၁၇သာဓု လူဝါးဝတယ် ၁၉၇၆
၁၈သာဓု အင်ဆန်းစ် ၁၉၇၈
၁၉အတာ ၁၉၅၅
၂၀အနှစ် ၁၉၅၂
၂၁အနှစ်၏ အနှစ် ၁၉၅၂
၂၂အရသာ ၁၉၅ဝ
၂၃အသက် ၁၉၅၁
၂၄အာယုနှင့် မေမေလတ် ၁၉၇၁
၂၅အာယုနှင့် အမွေခံ ၁၉၅၆
၂၆ဩော်…. ချစ်တာ ချစ်တာ ဝတ္ထုတိုပေါင်းချုပ်

ကိုးကား

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့မှ စုဆောင်း ပြုစုသော ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ် ၊ ပညာရွှေတောင် စာအုပ်တိုက် (၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမအကြိမ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.