သိမ်ကြီးဈေး

သိမ်ကြီးဈေး သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ ရှိ ဈေးတစ်ခု ဖြစ်သည်။

သိမ်ကြီးဈေး
သိမ်ကြီးဈေး
တည်နေရာလသာနှင့် ပန်းဘဲတန်းမြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ
ဖွင့်လှစ်ခဲ့သည်ရက်စွဲ၁၈၅၄
ရောင်းချသောကုန်ကုန်စိမ်းနှင့် ကုန်ခြောက်များ
ဆိုင်ခန်းငှားရမ်းသူအရေအတွက်၁၁၅၆
သိမ်ကြီးဈေး စီရုံနှင့်ဒီရုံ

သမိုင်းကြောင်း

မြေနေရာအစ

ကိုလိုနီခေတ်ရန်ကုန်မြို့ ကို သိမ်းယူပြီးစအချိန်တွင် ဗြိတိသျှအစိုးရသည် ဘာသာရေးအဆောက်အအုံများ၊ ဈေးများ နေရာချထားရေးအတွက် စီမံဆောင်ရွက်ရာတွင် ၎င်းနေရာများအတွက် မြေဂရန်များ အခမဲ့ ထုတ်ပေးခဲ့ရာ ယနေ့ သိမ်ကြီးဈေးဟုခေါ်တွင်ကြသော ဈေးမြေနေရာအနီးတွင် ဗုဒ္ဓဘာသာဝင်များအတွက် သိမ်ဆောက်လုပ်ရန် မြေဂရန်တစ်ခုထုတ်ပေးခဲ့သည်။[1]

စူရတီဘားရားဘဇားမှ သိမ်ကြီးဈေးသို့

မော်လမြိုင်တွင် မြို့မဈေးကြီးကို တည်ထောင်ထားသော စူရတီ ဈေးကုမ္ပဏီ (Surati Burra Bazaar Company) က ၁၈၅၄ ခုတွင် အဖျက်ခံရသော ကျိုက်မြတ်သံချို စေတီ (ကျိုက်မဲ သံကရော စေတီ) ၏ ဘုရားဈေးတန်းနှင့် ပတ်ဝန်းကျင် မြေနေရာတွင် စူရတီဘားရားဘဇား (Surati Burra Bazaar) ကို အုတ်အဆောက်အုံအဖြစ် တည်ဆောက်သည်။

လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုအစိုးရက ၁၉၅၁ ခု၊ ဩဂုတ်လ ၁ ရက်နေ့တွင် သိမ်ကြီးဈေးအဆောက်အအုံများကို မူလကုမ္ပဏီထံမှ သိမ်ကြီးဈေးအုပ်ချုပ်ကြီးကြပ်ရေးအဖွဲ့၏ လက်အောက်သို့ လွဲပြောင်းအုပ်ချုပ်စေခဲ့သည်။[2]

မူလဈေးရုံများ

စူရတီဘားရားဘဇား( မြန်မာတို့အခေါ် သိမ်ကြီးဈေး) တွင် မူလဈေးရုံများအဖြစ် အေရုံ၊ ဘီရုံ၊ စီရုံ၊ ဒီရုံနှင့် အီးရုံဟူ၍ ငါးရုံရှိသည်။ မြေကွက်ပေါင်း ၁၂၂ကွက် ပါဝင်သည်။

သိမ်ကြီးဈေး အေရုံ

အေရုံ ဈေးအဆောက်အအုံကို ၁၉၀၅ခုနှစ်တွင် စတင် ဆောက်လုပ်သည်။

သိမ်ကြီးဈေး ဘီရုံ

ဘီရုံကို ၁၉၃၈ ခုနှစ်တွင် စတင်ဆောက်လုပ်သည်။

သိမ်ကြီးဈေး စီရုံ

စီရုံ ဈေးအဆောက်အအုံကို ၁၉၂၈ခုနှစ်တွင် စတင် ဆောက်လုပ်သည်။

သိမ်ကြီးဈေး ဒီရုံ

ဒီရုံ ဈေးအဆောက်အအုံကို ၁၉၀၆ခုနှစ်တွင် စတင် ဆောက်လုပ်သည်။

အကိုးအကားများ

  1. ပါမောက္ခပန်း။ ရန်ကုန်ရာဇဝင်။ p. စာမျက်နှာ ၁၉၅။
  2. ပြည်သူ့ဝန်ထမ်းဝန်ကြီးဌာန၊ ဒေသန္တရအုပ်ချုပ်ရေးဌာနခွဲ၊ အမိန့်ကြေငြာစာ ၂၆၁၊ ဩဂုတ်လ ၁ရက်၊ ၁၉၅၁ခုနှစ်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.