ဟိုပင်မြို့

ဟိုပင်မြို့ သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်မိုးညှင်းခရိုင်မိုးညှင်းမြို့နယ်တွင် ပါဝင်သည့် မြို့အဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ မန္တလေး - မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိကာ ရန်ကုန်မြို့မှ ၇၄၅ မိုင် ကွာဝေးသည်။ အင်းတော်ကြီးကန်မှ ၂၇ မိုင် ကွာဝေးသည်။[2]

ဟိုပင်မြို့
မြို့
ဟိုပင်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 24°59′0″N 96°31′0″E
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်မိုးညှင်း
မြို့နယ်မိုးညှင်း
လူဦးရေ (၂၀၁၄)၄၈,၆၉၄[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

သမိုင်းကြောင်း

သီပေါမင်းလက်ထက်တွင် မိုးညှင်းမြို့၌အုပ်စိုးသော မိိုးညှင်း‌စော်ဘွားအားမကျေနပ်ကြသဖြင့်အိမ်ထောင်စု ၆၀ ခန့်သည် မိုးညှင်းမှထွက်ခွာလာပြီး ရွာသစ်တည်ခဲ့ဟု အဆိုရှိသည်။

စီးပွားရေးလုပ်ငန်းများ

အများစုမှာလယ်ယာစိုက်ပျိုးရေးဖြစ်သည်။ ရွှေတူးဖော်ခြင်း၊ သစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်း၊ ဖားကန့်သွားပြီး ကျောက်တူးဖော်ခြင်းလုပ်ငန်းများလည်းလုပ်ကိုင်ကြသည်။ အစိုးရ သစ်ထုတ်လုပ်ငန်းရှိပြီး အင်းတော်ကြီးဒေသ၊ စစ်ကိုင်းတိုင်း နောင်ပိုအောင်ဒေသမှ သစ်များကို မီးရထားဖြင့်တင်ပို့ရာ သစ်ဆိပ်လည်းဖြစ်ခဲ့သည်။

လူဦးရေနှင့်လူမျိုးများ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၈,၆၉၄ ဦးရှိသည်။[1] ဗမာ၊ ရှမ်းနီ၊ ရှမ်းကြီး၊ ကချင်၊ ကဒူး၊ တရုတ်လူမျိုးများ နေထိုင်ကြသည်။

ပထဝီအနေအထား

အရှေ့ဖက် ကံ့ကော်တောင်တန်းနှ င့်အနောက်ဖက် နမ့်မွန်းတောင်တန်းကြားရှိ မြေပြန့်လွင်ပြင်တွင် တည်ရှိသည်။ မြို့၏အရှေ့ဖက်တွင် နမ့်ယင်းချောင်းသည် တောင်မှမြောက်ဖက်သို့ စီးဆင်းလျက်ရှိသည်။

လမ်းပန်းဆက်သွယ်ရေး

မန္တလေး-မြစ်ကြီးနားကားလမ်း၊ ရထားလမ်းပေါ်တွင် တည်ရှိသည်။ အနောက်ဖက်သို့ အင်းတော်ကြီးဒေသ လုံးတုံမှတစ်ဆင့် ဖားကန့်၊ ယင်းမှ တစ်ဆင့် ခန္တီးမြို့အထိ ကားလမ်းပေါက်သည်။ လုံးတုံမှ လမ်းခွဲပြီး ချင်းတွင်းမြစ်ကမ်းရှိ ဟုမ္မလင်းအထိ ကားလမ်းပေါက်သည်။

လည်ပတ်ရန်နေရာများ

မြို့၏အနောက်မြောက်ဖက် ၈ မိုင်ခန့်တွင် ရွာသစ်ကြီးရေပူစမ်းရှိသည်။ မြို့၏မြောက်ဖက် ၈ မိုင်ခန့်အကွာတွင် ဂလိုင်ချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁.၂၅ မဂ္ဂါဝပ်)ရှိသည်။ အင်းတော်ကြီးဘုရားသည် ဟိုပင်မြို့မှ နန့်မွန်း‌တောင် ကို ကျော်ကာသွားရပြီး မိုင် ၃၀ ခန့်ကွာဝေးသည်။

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
  2. Indawgyi Lake Wildlife Sanctuary Ministry of Ecotourism။ 25 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-25 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.