အမ်မီတာ

အမ်မီတာ ဆိုသည်မှာ လျှပ်စီးပတ်လမ်း အတွင်းရှိ လျှပ်စီးကြောင်း ကိုတိုင်းတာရန် အသုံးပြုသော တိုင်းတာရေးပစ္စည်း တစ်ခုဖြစ်သည်။ လျှပ်စီးကြောင်းများကို အမ်ပီယာ (A) ဖြင့်တိုင်းတာသည်။ အလွန်နည်းသော လျှပ်စီးကြောင်းများကို မီလီအမ်ပီယာ (milli ampere) သို့မဟုတ် မိုက်ခရိုအမ်ပီယာ (micro ampere) ဖြင့်တိုင်းတာနိုင်သည်။

အမ်မီတာ
တိုင်းတာမည့် လျပ်စီးကြောင်းများ စီးစင်းနေသော ဝါယာကြိုး
လက်တံကို မူလနေရာပြန်ရောက်စေသော စပရင်
အမှတ် ၂၅၀ West Thirty-first Street ရှိ Penn Station မှ ရှေးဟောင်းအမ်မီတာ
သုံည အလယ်တွင်ရှိသော အမ်မီတာ

အစောဆုံး ပုံစံမှာ D'Arsonval galvanometer သို့ ရွေ့လျားနေသောကွိုင်နှင့် လုပ်ထားသော အမ်မီတာ ဖြစ်သည်။ သံလိုက်နည်းဖြင့် ရွှေ့ပစ်ခြင်းကိုအသုံးပြုသည်။ ကွိုင်ကို ဖြတ်စီးသွားသော လျှပ်စီးကြောင်းသည် ထိုကွိုင်ကိုသံလိုက်စက်ကွင်း အတွင်း၌ ရွေ့လျားစေသည်။ အမ်မီတာ အတွင်းရှိ လျှပ်ခံ (resistance) ကို အနည်းဆုံးဖြစ်နေစေရန် ကွိုင်ရှိ ဗို့ drop ကို အနည်းဆုံး အခြေအနေ၌ ရှိစေရန် ထိန်းထားသည်။

Moving iron အမ်မီတာများက သံ စတစ်စကို သုံးသည်။ ထိုသံစက ဝါယာကွိုင်အတွင်းရှိ လျှပ်စစ်သံလိုက်အားကို သုံး၍ရွေ့လျားသည်။ ထို မီတာ မျိုးသည် တိုက်ရိုက်လျှပ်စီး ကိုရော ရွှေ့ပြောင်းလျှပ်စီး ကိုပါ တိုင်းတာနိုင်သည်။ ရွေ့လျားနေကောကွိုင်နှင့် လုပ်ထားသောအမ်မီတာ မျိုးနှင့် မတူသည်မှာ ထိုအမ်မီတာက တိုက်ရိုက်လျှပ်စီး ကိုသာ တိုင်းတာနိုင်သည်။

ကြီးမားသော လျှပ်စီးကြောင်းများကို တိုင်းတာရန် shunt ဟုခေါ်သော လျှပ်ခံ တစ်မျိုးကို မီတာနှင့် ပြိုင်ဆက် အနေအထားဆက်လိုက်သည်။ ထိုအခါ လျှပ်စီးကြောင်း အများစုမှာ shunt ထဲသို့ စီးဝင်သွားပြီး အနည်းငယ်သာ မီတာထဲသို့ စီးဝင်သည်။ ဤနည်းဖြင့် မီတာသည် ကြီးမားသော လျှပ်စီးကြောင်းများကို တိုင်းတာသည်။ ပုံမှန်အားဖြင့် shunt နှင့်တွဲသုံးသော မီတာသည် full-scale deflection 50 mV ရှိသည်။

သုညအလယ်တွင်ရှိသော အမ်မီတာ ကို ဦးတည်ညွှန်ပြချက်(သုည၏ဘယ်ဘက်သည် အနုတ်၊အကျ သဘောဆောင်၍ သုည၏ ညာဘက်သည် အပေါင်း၊အတက် သဘောဆောင်သည်) နှစ်ခုစလုံးတိုင်းတာရန် လိုအပ်သည့်အခါ အသုံးပြုသည်။ များသောအားဖြင့် သိပ္ပံပစ္စည်းများနှင့် စက်မှူလုပ်ငန်းသုံးပစ္စည်းမျာ တွင်သုံးသည်။ ထို အမ်မီတာ ကို ဘက္ထရီ နှင့် တန်းဆက် (series) ဆက်လေ့ရှိသည်။ ထိုသို့သုံးသည့်အခါ ဘက္ထရီ အားသွင်းနေသည့်အချိန်၌ လက်တံသည် တစ်ဘက် (များသောအားဖြင့် ညာဘက်) သို့ပြနေမည်ဖြစ်ပြီး အားပြန်လျော့ချိန်၌ အခြားတစ်ဘက်သို့ ပြနေမည်ဖြစ်သည်။

ဒီဂျစ်တယ် အမ်မီတာ တွင် အန်နာလော့ကို ဒီဂျစ်တယ်သို့ ပြောင်းလဲပေးသော ကိရိယာပါဝင်သည်။ shunt resistor အပေါ်သက်ရောက်နေသော ဗို့အားကို တိုင်းတာပြီး လျှပ်စီးကြောင်းကိုတွက်ချက်ကာ ဒီဂျစ်တယ်ပြခွက် (digital display) ဖြင့် ပြပေးသည်။

Shunt သည် resistance အလွန်နဲသောကြောင့် လျှပ်စစ်ပင်ရင်း (voltage source) နှင့် အမ်မီတာကို ပြိုင်ဆက် ဆက်ပါက တိုတောင်းသောလျှပ်စစ်စီးဆင်းမှု ကိုဖြစ်စေသည်။ ဒါဏ်ခံကြိုးတပ်ဆင်ထားပါက ၎င်းဒါဏ်ခံကြိုး ပျက်မည်။ ထိုမျှမက ဝါယာများနှင့် ပစ္စည်းများကိုပါ ပျက်စီးစေနိုင်သည်။ ရွှေ့ပြောင်းလျှပ်စစ်ဆားကစ် များတွင် [ထရန်စဖော်မား] က လျှပ်ကူးပစ္စည်း ပါတ်လည်ရှိ သံလိုက်စက်ကွင်းကို အားနည်းသော လျှပ်စီးကြောင်း အဖြစ်ပြောင်းလိုက်သည်။ ပုံမှန်အားဖြင့် ၁ မှ ၅ အမ်ပီယာ မျှသာရှိပြီး အမ်မီတာဖြင့် အလွယ်တကူ တိုင်းတာနိုင်သည်။ အလားတူပင် သံလိုက်စက်ကွင်း ကိုအသုံးပြု၍ တိုင်းတာသော အမ်မီတာများကိုလည်း Hall effect သုံး၍ တည်ဆောက်နိုင်သည်။ သယ်ဆောင်ရလွယ်ကူသော လက်ကိုင် clamp-on ammeter များသည် လုပ်ငန်းသုံး လျှပ်စစ်စက်ကြီးများကို ထိန်းသိန်းပြုပြင်ရာတွင် အသုံးများသော ပစ္စည်းတစ်ခုဖြစ်သည်။ ၎င်းကို တိုင်းတာလိုသော လျှပ်စီးကြောင်း စီးဆင်းနေသည့် ဝါယာကြိုးပေါ်တွင် ယာယီအားဖြင့် ညှပ်ထားကာ တိုင်းတာနိုင်သည်။

အမ်မီတာ၏ Schematic Symbol

အမ်မီတာ၏ သင်္ကေတ (A) ကိုပုံတွင် ပြထားသည်။

See also

  • လျှပ်စစ်နှင့်ဆိုင်သောတိုင်းတာမှု
  • သယ်ဆောင်ရလွယ်ကူသော လျှပ်စီးနှင့်ဗို့အားတိုင်းလက်ကိုင် ကိရိယာငယ်
  • အီလက်ထရွန်းနစ်
  • စွယ်စုံတိုင်းကိရိယာငယ်
  • ခုခံမှုတိုင်းကိရိယာ
  • ဗို့အားတိုင်းကိရိယာ
  • စွမ်းအင်တိုင်းကိရိယာ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.