အမျိုးသားဇာတ်ရုံ (မန္တလေး)
အမျိုးသားဇာတ်ရုံ (မန္တလေး) သည် အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့၌ တည်ရှိသည်။ အဆိုပါဇာတ်ရုံတွင် အခြားသောနိုင်ငံများနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲများ၊ အစိုးရဌာနများ၏ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားများ၊ အနုပညာလက်ရာပြပွဲ၊ ပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ ကျင်းပ ပြုလုပ်လေ့ရှိသည်။
အမျိုးသားဇာတ်ရုံ၏ ညမြင်ကွင်း | |
တည်နေရာ | ၆၆ လမ်း၊ လမ်း ၂၀ နှင့် ၂၂ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ |
---|---|
ကိုဩဒိနိတ် | 21.989826°N 96.107742°E |
တည်ဆောက်ခြင်း | |
တည်ဆောက် | ဇန်နဝါရီ ၁၊ ၁၉၉၃ |
ဖွင့်လှစ် | အောက်တိုဘာ ၁၊ ၁၉၉၉ |
ရုပ်တုများ
အမျိုးသားဇာတ်ရုံဝင်းအတွင်း၌ မန္တလေးမြို့၏ ကျော်ကြားသော အနုပညာရှင်အချို့ဖြစ်သည့် ရွှေမန်းတင်မောင်၊ စိန်ဗေဒါ၊ ဒေါ်မြရင်၊ ဒေါ်စောမြအေးကြည်နှင့် နန်းတော်ရှေ့ ဆရာတင်တို့၏ ကြေးရုပ်တုများကို အနုပညာမြို့တော်၏ ဂုဏ်ယူဖွယ်အဖြစ် ထားရှိသည်။
- ဒေါ်စောမြအေးကြည်
- မမြရင်
- ဆရာတင်
- စိန်ဗေဒါ
- ရွှေမန်းတင်မောင်
ပြခန်း
ကိုးကား
- အမျိုးသားဇာတ်ရုံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန Archived 10 August 2017 at the Wayback Machine.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.