အမျိုးသားပြတိုက် (နေပြည်တော်)

အမျိုးသားပြတိုက် (နေပြည်တော်) သည် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအဝိုင်းအနီး ရာဇသင်္ဂဟလမ်းမကြီးပေါ်တွင် တည်ရှိပြီး ၃၄.၇၉ ဧက ကျယ်ဝန်းသည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၀ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ခဲ့ပြီး[1] ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဖွင့်လှစ်ပေးခဲ့သည်။ အဆောင်ငါးဆောင်ဖြင့် ဖွဲ့စည်းထားကာ လက်ရှိအချိန်ထိ ပြသထားသည့် ပြခန်းများမှာ နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများပြခန်း၊ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ မြန်မာ့အနုသုခုမပြခန်းနှင့် မြန်မာ့ပန်းချီပြခန်းတို့ ဖြစ်သည်။[2]

အခြားကြည့်ရန်

ကိုးကား

  1. အမျိုးသားပြတိုက် (နေပြည်တော်) ယဉ်ကျေးမှု ဝန်ကြီးဌာန။ ၂၂ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမျိုးသားပြတိုက် (နေပြည်တော်) ပထမအဆင့်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ပြန်ကြားရေး ဝန်ကြီးဌာန (ဇူလိုင် ၁၅၊ ၂၀၁၅)။ ဩဂုတ် ၅၊ ၂၀၁၅ တွင် ပြန်စစ်ပြီး။



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.