အယ်လပါကာကောင်


အယ်လပါကာကောင်သည် တောင်အမေရိကတိုက်အန်းဒီးတောင်ကုန်းမြင့်ပေါ်တွင် တွေ့ရှိရသော ဒရယ်အရွယ် သားကောင်တစ်မျိုးဖြစ်သည်။ ပီရူးဗိုလစ်ဗီးယား နှင့် ချီလီနိုင်ငံတို့တွင် ပေပေါင်း ၈ဝဝဝ မှ ၁၂ဝဝဝ အထိမြင့် သော တောင်ကုန်းများပေါ်၌ ကျက်စားနေထိုင်သည်။ တိုင်းရင်း သားတို့သည် အယ်ပါကာကောင်ကို ယင်းကိုယ်မှရရှိသော သိုးမွေးကဲ့သို့သော အမွေးနုအတွက် မွေးမြူလေ့ရှိကြသည်။ အန်းဒီးတောင်တန်းပေါ်တွင် ဂွာနာကိုခေါ် သားရိုင်းကောင်များ ရှိရာ အယ်လပါကာကောင်နှင့် လာမာကုလားအုပ်တို့သည် ထိုဂွာနာကိုမှ ဆင်းသက်လာကြသည်ဟု ယူဆကြရလေသည်။ ထိုတိရစ္ဆာန်မျိုးသည် ကုလားအုပ်မျိုးထဲမှ ဖြစ်သော်လည်း ဘို့ မပါချေ။

Alpaca
Alpaca
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
Domesticated
မျိုးရိုးခွဲခြားခြင်း
Unrecognized taxon (fix): Vicugna
မျိုးစိတ်:
Template:Taxonomy/VicugnaV. pacos
ဒွိနာမ
Vicugna pacos
(Linnaeus, 1758)
Alpaca range

အယ်လပါကာကောင်သည် လာမာကုလားအုပ်နှင့် ပုံသဏ္ဌာန်ခြင်းဆင်တူသည်။ လာမာကုလားအုပ်လောက် အရပ်မမြင့် သော်လည်း ကိုယ်ထည်ပို၍ရှည်သည်။


အယ်လပါကာကောင်၏ လည်တံနှင့်မျက်နှာတို့သည် ကုလားအုပ်နှင့်တူ၍ ကိုယ်ခန္ဓာသည်သိုးနှင့်တူ၏။အလွန်မြင့်မား သော တောင်ကုန်းပေါ်၌ နေနိုင်လောက်အောင် တစ်ကိုယ်လုံး တွင် အမွေးရှည်များ ဖုံးအုပ်လျက်ရှိသည့်အပြင် ခြေအလွန်မြဲ သည်။ အယ်လပါကာကောင်မှရသော အမွေးသည် သိုးမှရသော သိုးမွေးထက်ပို၍နုသည်။ ဖြောင့်လည်းဖြောင့်သည်။ အရောင် အားဖြင့် အနက်၊ အဖြူနှင့် အညိုသွေးရောင် အမျိုးမျိုးရှိ၍ တောက်ပြောင်သည်။ တောင်အမေရိကတိုက်သို့ ဥရောပတိုက် သားများ မရောက်ရှိမီ ရှေးအခါမှစ၍ ပီရူးနိုင်ငံတွင် နေထိုင် ကြသော တိုင်းရင်းသားတို့သည် အယ်လပါကာကောင်မှရသော အမွေးဖြင့် အဝတ်အထည် ရက်လုပ်ခဲ့ကြသည်။ အယ်လပါကာ မွေးကို တစ်နှစ်လျှင် တစ်ကြိမ်ကျ ည|ပ်ယူလေ့ရှိသည်။ ၁၈၃၆ ခုနှစ်တွင် ဆာတိတပ်ဆော့ဆိုသူက အယ်လပါကာမွေးဖြင့် ပေါ့ပါးခိုင်ခန့်သော အဝတ်အထည် ရက်လုပ်ခြင်းကို စတင် တီထွင်ခဲ့သည်မှစ၍ ဗိုလစ်ဗီးယားနှင့် ပီရူးနိုင်ငံတို့တွင် အယ်လ ပါကာကောင် မွေးမြူသည့်လုပ်ငန်းမှာ ကြီးပွားတိုးတက်လာ လေသည်။ သို့ရာတွင် ယခုအခါ အယ်လပါကာထည်ဟု ရောင်းချလျက်ရှိသော အဝတ်အထည်တို့သည် အများအားဖြင့် သိုးမွေးနှင့်ချည် ရောစပ်ရက်လုပ်ထားသော အရောင် တောက် ပြောင်နေသည့် အထည်မျှသာဖြစ်၍ အယ်လပါကာအမွေးစစ်စစ် မပါရှိချေ။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.