အာဖရို-ယူရေးရှား
ကမ္ဘာဟောင်း ဟုခေါ်ဆိုကြသော အာဖရို-ယူရေးရှား (အေဖရိုယူရေးရှား၊ ယူရာဖရေးရှား[3] သို့ ယူဖရေးရှား[4]) သည် အရှေ့ကမ္ဘာခြမ်းတွင် တည်ရှိသော ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ကုန်းမြေဖြစ်သည်။ ဆူးအက်ကျွန်းဆက်ဖြင့် ဆက်စပ်နေသော အာဖရိက နှင့် ယူရေးရှား (ဥရောပနှင့် အာရှ) နှစ်ခုကို ပေါင်းစပ်၍ ခေါ်ဆိုထားခြင်းဖြစ်သည်။ စူပါတိုက် ဟူ၍လည်း ခေါ်ဆိုကြသေးသည်။ အာဖရို-ယူရေးရှား သည် ဧရိယာစုစုပေါင်း ၈၄၉၈၀၅၃၂ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ လူဦးရေ သန်း ၆ ထောင်ခန့် (ကမ္ဘာ့လူဦးရေ၏ ၈၅% ခန့်) နေထိုင်ကြသည်။[5] အမေရိက၊ အန္တာတိက နှင့် အိုရှန်းနီးယား တို့အား ကမ္ဘာသစ် ဟု ခေါ်ဆိုသကဲ့သို့ အာဖရို-ယူရေးရှား ကို ကမ္ဘာဟောင်း ဟူ၍ ခေါ်ဆိုကြလေသည်။
![]() | |
ဧရိယာ | ၈၄,၉၈၀,၅၃၂ စတုရန်း ကီလိုမီတာ (၃၂,၈၁၁,၁၆၆ စတုရန်းမိုင်) |
---|---|
လူဦးရေ | ၆,၁၅၁,၈၁၀,၀၀၀ (၂၀၁၃) |
Demonym | Afro-Eurasian, Afroeurasian, Eurafrasian |
နိုင်ငံများ | ၁၄၇ |
အမှီအခိုနယ်မြေများ | ၁၇ |
ဘာသာစကားများ | ၄,၇၂၅[1][2] |
အချိန်ဇုန်များ | UTC-1 (Cap-Vert) UTC+12 (ဆိုက်ဘေးရီးယား) |
ဘူမိဗေဒအယူအဆ
အာဖရိကနှင့် အာရှ တို့သည် ကုန်းမြေတံတားဖြင့် ဆက်စပ်လျက်ရှိသည်။ နောင်နှစ်ပေါင်း ၆ သိန်းကျော်ခန့်တွင် အာဖရိက သည် ဥရောပနှင့် အပြင်းအထန် တိုက်မိလိမ့်မည်ဟု ယူဆထားကြသည်။ ထိုသို့ တိုက်မိမှုကြောင့် ဂျီဘရော်လ်တာ ရေလက်ကြား ပိတ်သွားကာ မြေထဲပင်လယ်သည် အတ္တလန္တိတ်သမုဒ္ဒရာ မှ သီးခြားဖြစ်သွားပေလိမ့်မည်။ နောင်နှစ်ပေါင်း ၅ သန်းကျော်တွင်လည်း တောင်တန်းများလှုပ်ရှားခြင်းကြောင့် မြေထဲပင်လယ် ကွယ်ပျောက်သွားလိမ့်မည်ဟု ယူဆထားကြသည်။[6]
နယ်မြေအပိုင်းအခြား
ယူရေးရှား (ဥရောပနှင့် အာရှ) နှင့် အာဖရိက တို့ကို ဆူးအက်တူးမြောင်းဖြင့် ပိုင်းခြားထားသည်။ ယဉ်ကျေးမှုနှင့် သမိုင်းအချက်အလက်များအရ ယူရေးရှား−မြောက်အာဖရိက နှင့် အာဖရိက ဆာဟာရဒေသ ဟူ၍လည်း ခွဲခြားခေါ်ဆိုကြသည်။[7]
ပထဝီဝင်အရ ဒေသများ
|
|
ကိုးကား
- The world’s languages, in 7 maps and charts။ WorldViews: The Washington Post (2015-04-23)။ 2015-04-24 တွင် ပြန်စစ်ပြီး။
- အာဖရိကရှိ ဘာသာစကား ၂,၁၃၈ ခု၊ အာရှ ၂,၃၀၁ နှင့် ဥရောပ ၂၈၆ ခုပေါင်း ဖြစ်သည်။
- For example, Henry Field uses both terms in The University of California African Expedition: I, Egypt. American Anthropologist, New Series, Vol. 50, No. 3, Part 1 (Jul. - Sep., 1948), pp. 479-493.
- Vincent Capdepuy, 2011, Un espace : l'Eufrasie, M@ppemonde, N°104
- ကုလသမဂ္ဂ၏ ၂၀၀၇ ခုနှစ် ခန့်မှန်းလူဦးရေစာရင်း ကို အခြေခံထားသည်World Population Prospects: The 2006 Revision (Highlights).
- Africa will collide with Europe and Asia, 50 Million years from now
- Diamond၊ Jared (1997)။ Guns, Germs, and Steel: The Fates of Human Societies။ Norton & Company။ ISBN 0-393-03891-2။