အိုလံပတ်တောင်နတ်ဘုရား ၁၂ ပါး
ရှေးခေတ် ဂရိဘာသာတရားနှင့် ဂရိဒဏ္ဍာရီ တွင် အိုလံပတ်တောင် နတ်ဘုရား (၁၂)ပါး ဆိုသည်မှာ ဂရိတို့ ကိုးကွယ်သော အဓိကနတ်ဘုရားအစုတစ်ခုဖြစ်သည်။ ယင်း (၁၂) ပါး၌ ဇုစ်၊ ဟဲရာ၊ ပိုဆိုက်ဒန်၊ ဒစ်မီးတာ၊ အသီးနာ၊ အပေါလို၊ အားတစ်မစ်၊ အဲရီးဇ်၊ ဟစ်ဖီးစတပ်စ်၊ အဲဖရာဒိုက်တီ၊ ဟားမီးဇ် နှင့် ဟက်စ်တီယာ (သို့) ဒိုင်ယာနိုက်ဆပ်စ် တို့ပါဝင်ကြသည်ဟု အများအားဖြင့် သတ်မှတ်ယူဆကြသည်။[2] အင်္ဂလိပ်စကားလုံး Olympians (အလင်းပီယန် - အိုလံပတ်တောင် နတ်ဘုရားများ) ဟုခေါ်ခြင်းမှာ ထိုနတ်များသည် အိုလံပတ်တောင် တွင် နေထိုင်ကြသောကြောင့်ဖြစ်သည်။
ဟေးဒီးစ်သည် ရှေးဂရိတို့၏ အဓိကနတ်ဘုရားနှင့် အိုလံပတ်တောင်၏ ပထမမျိုးဆက် ညီအကိုမောင်နှမ (ဇုစ်၊ ပိုဆိုက်ဒန်၊ ဟဲရာ၊ ဒစ်မီးတာ၊ ဟက်စ်တီယာ) ဖြစ်သော်လည်း ၎င်း၏ အုပ်စိုးသော နယ်မြေမှာ အိုလံပတ်တောင်နှင့် ကွာဝေးသော မြေအောက်ကမ္ဘာဖြစ်သည်။ သို့ဖြစ်၍ ပုံမှန်အားဖြင့် ၎င်းကို အိုလံပတ်တောင် နတ်ဘုရား (၁၂) ပါးတွင် ထည့်သွင်းသတ်မှတ်ခြင်းမရှိပေ။
ဤ (၁၂) ပါးအပြင် အခြားများစွာသော ကိုးကွယ်ယုံကြည်မှုဆိုင်ရာ (၁၂) ပါး နတ်အုပ်စုများရှိခဲ့ကြသေးသည်။
ကိုးကား
- Walters Art Museum, accession number 23.40.
- Hansen, p. 250; Burkert, pp. 125 ff.; Dowden, p. 43; Chadwick, p. 85; Müller, pp. 419 ff.; Pache, pp. 308 ff.; Thomas, p. 12; Shapiro, p. 362; Long, pp. 140–141; Morford, p. 113; Hard p. 80.