ဧကရာဇ်
ဧကရာဇ် (အင်္ဂလိပ်: emperor) သည် အင်ပါရာအနေအထားရှိသော တိုင်းပြည်ကို အစိုးရအုပ်ချုပ်သူဖြစ်သည်။ ယေဘုယျအားဖြင့် ဘုရင် (king) ဟုခေါ်ဆိုသော အုပ်ချုပ်သူမင်းများထက် သာလွန်သည်။ "Emperor" စကားလုံးသည် လက်တင်ဘာသာစကား imperator (စစ်ရေး အမိန့်ပေးသူ) ၊ ပြင်သစ်စကားလုံး emperere မှ ဆင်းသက်လာသည်။[2] "Empress" ကို မြန်မာဘာသာဖြင့် "ဧကရီ" ဟု၍ ဘာသာပြန်ပြီး အနက်မှာ ဘုရင်မဟူ၍ ဖြစ်သည်။[3] "Empress" ကို သုံးရာတွင် အနက်သုံးခုဖြစ်နိုင်သည်။ ပထမမှာ ဧကရာဇ်ဘုရင်၏ မိဖုရား (empress consort)၊ ဒုတိယအနက်မှာ ကွယ်လွန်သူဧကရာဇ်ဘုရင်၏ မိဖုရားကြီး (empress dowager, မယ်တော်မိဖုရားကြီး)၊ တတိယအဓိပ္ပာယ်မှာ ကိုယ်တိုင်အုပ်ချုပ်သော ဧကရီဘုရင်မ (empress regnant) ဖြစ်သည်။
သရုပ်ဖော်ပုံပြခန်း
- အာဏာရှင် ဂျူးလိယက်စ်ဆီဇာ၏ရုပ်ထု။
- ရောမအင်ပါယာ၏ ပထမဆုံးဧကရာဇ် သြဂတ်စတက် ။
- ဂျူစတန်းနီးယန်း ၁လက်ထက်အေဒီ၆ရာစု၊ ဆယ်စုနှစ်အနည်းငယ်စိုးစံခဲ့သူ။
- အော်ဂိုစတီနို ဗင်နီဇီယာနိုအော်တိုမန်ဧကရာဇ်
- အကျော်ကြားဆုံးအခမ်းအနားတစ်ခုဖြစ်သည့် ပဲရစ်ရှိနောဒီနာမီ ဘုရားရှိခိုးကျောင်းတွင် နပိုလီယန်၏နန်းတက်ပွဲ။ ပုပ်ရဟန်းမင်း Pius VII လက်ထက်
- John VI, ပေါ်တူဂီဘုရင်နှင့် Algarves, ဘရာဇီး ဧကရာဇ် ။
- ဂျော့ခ်ျ V၊ ယူနိုက်တက်ကင်းဒမ်းဘုရင် နှင့် ဗြိတိသျှဒိုမီနီယံ ၊ အိန္ဒိယ Emကရာဇ် ။
- Wilhelm II ၊ ဂျာမန်ဧကရာဇ် နှင့် ပရက်ရှားဘုရင် ။
- ရုရှားဘုရင်မ ကက်သရင်း
- ဧကရာဇ် ဟီရိုဟီတို
ကိုးကား
- Weatherford၊ Jack (2016-10-25)။ Genghis Khan and the Quest for God: How the World's Greatest Conqueror Gave Us Religious Freedom (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Penguin။ ISBN 978-0-7352-2116-1။
- Oxford English Dictionary
- Myanmar–English Dictionary (Myanmar Language Commission 1993)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.