2MASS

Two Micron All-Sky Survey သို့မဟုတ် 2MASS သည် အနီအောက်ရောင်ခြည် ရောင်စဉ်ဖြင့် ကောင်းကင်တစ်ခုလုံးအား နက္ခတ္တဆိုင်ရာ လေ့လာရေး စီမံကိန်းတစ်ခုဖြစ်သည်။[1] ယင်းသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အမေရိကန်၌ Fred Lawrence Whipple Observatory တွင်လည်းကောင်း၊ ချီလီနိုင်ငံ Cerro Tololo Inter-American Observatory ၌လည်းကောင်း ၁.၃ မီတာရှိ တယ်လီစကုပ်ကို အသုံးပြုကာ ကမ္ဘာတောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းအသီးသီးတို့တွင် လေ့လာခဲ့သည်။[2]

2MASS
အခြား အမည်များTwo Micron All-Sky Survey
လေ့လာမှု အမျိုးအစားastronomical catalog, astronomical survey 
ပစ်မှတ်ဂယ်လက်ဆီ, ကြယ်ပုညို 
အဖွဲ့အစည်းUniversity of Massachusetts Amherst, Infrared Processing and Analysis Center, နာဆာ 
ထုတ်ဝေ၂၀၀၃ 
လေ့လာမှုများFred Lawrence Whipple Observatory, Cerro Tololo Inter-American Observatory 
လှိုင်းအလျား၁.၂၃၅ micrometre, ၁.၆၆၂ micrometre, ၂.၁၅၉ micrometre 
ဒေတာ ထုတ်ကုန်များပုံရိပ်, astronomical catalog 
ဝဘ်ဆိုဒ်ipac.caltech.edu/2mass/
ဝီကီမီဒီယာ ကွန်မွန်းစ်ရှိ ဆက်စပ်မီဒီယာများ
2MASS J-band image, the brown dwarf 2MASS J17111353+2326333 is highlighted.

2MASS သည် နေအဖွဲ့အစည်းရှိ ဂြိဟ်သိမ်များ၊ ကြယ်ပုညိုများ၊ ထုထည်နည်းကြယ်များ၊ ကြယ်အစုအဝေးများ၊ ဂလက်ဆီများ၊ နက်ဗျူလာများအပါအဝင် နက္ခတ္တဆိုင်ရာ object ပေါင်း ၃၀၀ မီလီယံအား စာရင်းပြုစုမှတ်တမ်းတင်ပေးခဲ့သည်။ ယင်းအပြင် အခြား အရာဝတ္ထုပေါင်း ၁ မီလီယံကျော်အားလည်း 2MASS Extended Source Catalog တွင် မှတ်တမ်းတင်ခဲ့သည်။ မှတ်တမ်းဝင် အရာဝတ္ထုများကို "2MASS" ဟုရှေ့တွင်တပ်၍ စာရင်းပြုစုသည်။

ကိုးကား

  1. About 2MASS (A Brief Explanation of 2MASS) University of Massachusetts, Infrared Processing and Analysis Center (JPL/ Caltech), NASA, NSF (2006-02-01)။ 2008-09-21 တွင် ပြန်စစ်ပြီး။
  2. Two Micron All Sky Survey (2MASS) NASA/IPAC Infrared Science Archive။ 2011-10-22 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.