Coma Supercluster
Coma Supercluster (SCl 117) သည် Coma Cluster နှင့် Leo Cluster တို့ပါဝင်ထားသည့် အနီးအနားမှ ဂယ်လက်ဆီတို့၏ မဟာအုပ်စု ဖြစ်သည်။ ကမ္ဘာမြေမှ အလင်းနှစ် ၃၀၀ မီလီယံ ဝေးကွာပြီး[1] ယင်းသည် Great Wall ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ Coma Supercluster သည် မိမိတို့၏ မိခင် Virgo Supercluster နှင့် အနီးဆုံးလည်း ဖြစ်သည်။[2] ယင်းသည် အချင်းအားဖြင့် အလင်းနှစ် ၂၀ မီလီယံခန့် ရှည်လျားပြီး ဂယ်လက်ဆီပေါင်း ၃၀၀၀ နှင့်အထက် ပါဝင်ထားသည်။ Coma Supercluster အား ရှာဖွေတွေ့ရှိရခြင်းသည် နက္ခတ္တပညာရှင်များအား မဟာစကြာဝဠာ၏ ဖွဲ့စည်းပုံကို နားလည်ရန် အကူညီပေးစွမ်းခဲ့သည်။
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
ကိုမာ မဟာဂယ်လက်ဆီအုပ်စု | |
---|---|
Coma Supercluster မြေပုံ | |
လေ့လာရေး ဒေတာ (Epoch ) | |
ကြယ်စုတန်း | Coma Berenices |
ပင်မ ဝင်ရိုး | ၆ Mpc (၂၀ Mly) |
မိုင်နာ ဝင်ရိုး | ၆ Mpc (၂၀ Mly) |
အကွာအဝေး (ပူးပေါင်းရွေ့လျားအကွာအဝေး) | ၉၂ Mpc (၃၀၀ Mly) |
အခြားကြည့်ရန်: ဂယ်လက်ဆီ အဖွဲ့၊ ဂယ်လက်ဆီ cluster၊ Supercluster စာရင်း | |
ကျမ်းကိုး
- Superclusters - A Review of the Universe။ 1 January 2016 တွင် ပြန်စစ်ပြီး။
- The Cosmic Distance Scale။ 1 January 2016 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.